NEWS

အချိန်ပိုအိုတီ အလွန်အကျွံခေါ်ယူမှုကို ဝန်ကြီးဌာနကကြပ်မတ်ပေးရန်လိုနေ

CoverLogo
417 Views

ညရေးညတာသွားလာရေးအခက်အခဲကြောင့်စက်ရုံတွေမှာအချိန်ပိုအိုတီတွေအလွန်အကျွံခေါ်ယူနေတာကိုအလုပ်သမားဝန်ကြီးဌာနကကြပ်မတ်ပေးဖို့အလုပ်သမားတွေကလိုလားနေကြပါတယ်။

လက်ရှိမှာစက်ရုံ အလုပ်ရုံအများစုဟာအချိန်ပိုနာရီတွေကိုနေ့စဉ်ဆိုသလိုခေါ်ယူနေပြီး တနင်္ဂ‌နွေ ပိတ်ရက်နဲ့အများပြည်သူရုံးပိတ်ရက်တွေကိုပါနားခွင့်မပေးဘူးလို့သိရပါတယ်။

"အချိန်ပိုတွေကနေ့တိုင်းရှိပါတယ်။ဖြစ်နေတာကစားဝတ်နေရေးအတွက်အချိန်ပိုက မဆင်းလို့မရပါဘူး။ဒါ‌ပေမယ့်ပေါ်တာဆွဲတဲ့သတင်းတွေက ဆက်တိုက်ထွက်နေတော့အိမ်ပြန်ချိန်‌နောက်ကျရင်စိုးရိမ်သောကတွေရှိပါတယ်။ဖြစ်နိုင်ရင်တော့ဒီကာလလေးတော့ဝန်ကြီးဌာနကလည်း အချိန်ပိုတွေခွင့်ပြုပေးနေတာကိုနည်းနည်းလေးထိန်းပေးတာမျိုးလုပ်စေချင်တယ်"လို့ ရွှေပြည်သာစက်မှုဇုန်က စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံတွေမှာအချိန်ပိုနာရီတွေခေါ်ယူတာနဲ့ပတ်သက်ပြီအလုပ်သမားဝန်ကြီးဌာနကြပ်မတ်မှုမရှိသလိုဥပဒေပါသတ်မှတ်ချက်ထက်ကျော်လွန်ပြီးအချိန်ပိုခေါ်ယူတာကိုလည်းခွင့်ပြုပေးနေပါတယ်။ 

သွားလာရေး အခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီး FZ GARMENT CO ,ltd မှာ အချိန်ပိုအလွန်အကျွံခိုင်းစေပေမယ့် ဝန်ထမ်းကတ်လုပ်မပေးလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်တဲ့အလုပ်သမားတွေဟာ လှည့်ကင်းကားနဲ့ တိုးချိန်မှာ သက်သေပြစရာ မရှိတာကြောင့် အခက်တွေ့နေတယ်လို့လည်း အလုပ်သမားတွေက ပြော‌ဆိုထားပါတယ်။

လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းတွေဟာဆက်တိုက်ဆိုသလိုထွက်ပေါ်နေပြီး ပြည်သူတွေဟာစိုးရိမ်သောကတွေဖြစ်ပေါ်နေပါတယ်။

#MyanmarLabourNews


Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025