NEWS

အချိန်ပိုအိုတီ အလွန်အကျွံခေါ်ယူမှုကို ဝန်ကြီးဌာနကကြပ်မတ်ပေးရန်လိုနေ

CoverLogo
546 Views

ညရေးညတာသွားလာရေးအခက်အခဲကြောင့်စက်ရုံတွေမှာအချိန်ပိုအိုတီတွေအလွန်အကျွံခေါ်ယူနေတာကိုအလုပ်သမားဝန်ကြီးဌာနကကြပ်မတ်ပေးဖို့အလုပ်သမားတွေကလိုလားနေကြပါတယ်။

လက်ရှိမှာစက်ရုံ အလုပ်ရုံအများစုဟာအချိန်ပိုနာရီတွေကိုနေ့စဉ်ဆိုသလိုခေါ်ယူနေပြီး တနင်္ဂ‌နွေ ပိတ်ရက်နဲ့အများပြည်သူရုံးပိတ်ရက်တွေကိုပါနားခွင့်မပေးဘူးလို့သိရပါတယ်။

"အချိန်ပိုတွေကနေ့တိုင်းရှိပါတယ်။ဖြစ်နေတာကစားဝတ်နေရေးအတွက်အချိန်ပိုက မဆင်းလို့မရပါဘူး။ဒါ‌ပေမယ့်ပေါ်တာဆွဲတဲ့သတင်းတွေက ဆက်တိုက်ထွက်နေတော့အိမ်ပြန်ချိန်‌နောက်ကျရင်စိုးရိမ်သောကတွေရှိပါတယ်။ဖြစ်နိုင်ရင်တော့ဒီကာလလေးတော့ဝန်ကြီးဌာနကလည်း အချိန်ပိုတွေခွင့်ပြုပေးနေတာကိုနည်းနည်းလေးထိန်းပေးတာမျိုးလုပ်စေချင်တယ်"လို့ ရွှေပြည်သာစက်မှုဇုန်က စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံတွေမှာအချိန်ပိုနာရီတွေခေါ်ယူတာနဲ့ပတ်သက်ပြီအလုပ်သမားဝန်ကြီးဌာနကြပ်မတ်မှုမရှိသလိုဥပဒေပါသတ်မှတ်ချက်ထက်ကျော်လွန်ပြီးအချိန်ပိုခေါ်ယူတာကိုလည်းခွင့်ပြုပေးနေပါတယ်။ 

သွားလာရေး အခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီး FZ GARMENT CO ,ltd မှာ အချိန်ပိုအလွန်အကျွံခိုင်းစေပေမယ့် ဝန်ထမ်းကတ်လုပ်မပေးလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်တဲ့အလုပ်သမားတွေဟာ လှည့်ကင်းကားနဲ့ တိုးချိန်မှာ သက်သေပြစရာ မရှိတာကြောင့် အခက်တွေ့နေတယ်လို့လည်း အလုပ်သမားတွေက ပြော‌ဆိုထားပါတယ်။

လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းတွေဟာဆက်တိုက်ဆိုသလိုထွက်ပေါ်နေပြီး ပြည်သူတွေဟာစိုးရိမ်သောကတွေဖြစ်ပေါ်နေပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026