NEWS

အချိန်ပိုအလွန်အကျွံခေါ်ယူမှုကြောင့် အလုပ်သမားများ ကျန်းမာ ရေး ထိခိုက်လာ

CoverLogo
577 Views

တရုတ်နိုင်ငံသားပိုင် Myanmar Blue Moon အထည်ချုပ်စက်ရုံတွင် အချိန်ပိုတွေကို အောလင်း၊ အောနိုက်တွေ အလွန်အကျွံခေါ်ယူနေတာကြောင့် အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်လာတယ်လို့ စက်ရုံအလုပ်သမားတွေ က ပြောပါတယ်။

ဒီစက်ရုံကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

စက်ရုံမှာ ကျား၊မ ဝတ်ဆင်လို့ရတဲ့ ဆွဲသားထည်‌ တွေ ချုပ်လုပ်ရတာဖြစ်ပြီး သမဂ္ဂအဖွဲ့အစည်းရော wcc ကော်မတီပါ ဖွဲ့ထားတာ မရှိဘူးလို့ သိရပါတယ်။

“စက်ရုံမှာ အချိန်ပိုကို အောလင်း၊ အောနိုက်ခေါ်ပါတယ်။ တနင်္ဂနွေနေ့လည်း  ပိတ်ရက်မရပါဘူး။ အခြားပိတ်ရက် တွေဆိုလည်း ပိတ်ရက်အတွက်ဆိုပြီး ရက်စားဆင်းပေးနေရပါတယ်။ ပြောရမယ်ဆို ပိတ်ရက်မရှိသလောက် ဖြစ်လာတော့ အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်လာပါတယ်။ နောက်ပြီး ခွင့်ယူရင်လည်း ခွင့်မရရှိပါဘူး။ ခွင့်မဲ့ပဲပေးပါတယ်။ တစ်ရက်ပျက်ရင်၂၀၀၀၀ ကျပ် ဖြတ်ပါတယ်။ ပိုက်ဆံဖြတ်ခံရတာကိုတောင် နောက်နေ့ အလုပ်ဆင်းရင် စူပါ၊ လီတာတွေ အပြောအဆိုကိုလည်း ခံရပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါ တယ်။

စက်ရုံမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၆၈၀၀) ကျပ်၊ ရက်မှန်ကြေး (၄၀၀၀၀) ကျပ်၊ ကျွမ်းကျင်ကြေး A အဆင့် (၅၀၀၀၀) ကျပ်၊ B အဆင့် (၄၀၀၀၀) ကျပ်နဲ့  C အဆင့် (၃၀၀၀၀) ကျပ် သတ်မှတ်ပေးချေ နေပါတယ်။ ဒါပေမယ့် ဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့် မပြုတာကြောင့် အလုပ်သမားတွေ တစ်ရက်အလုပ်နားရင် ကျပ် (၂၀၀၀၀) ဖြတ်တောက်ခံနေရပါတယ်။

“အထည်စံချိန်တွေကိုလည်း အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက် ပိုတောင်းခံပါတယ်။ မရလျှင် ဖိအားပေး ပြောဆိုတာတွေလည်း ရှိပါတယ်။ ကြာလာတော့ လူတွေက အလုပ်မှာ အားလျှော့လာတယ်။ လက်ရှိ အနေအထားနဲ့ဆို တခြားအလုပ်ငန်းတွေမှာလည်း ဒီလိုပဲဆိုတော့ တခြားပြောင်းလဲ ဒီလိုမျိုးပဲခံရမှာပဲဆိုပြီး ငြိမ်ခံနေရပါတယ်။ ပြောရမယ်ဆို အလုပ်သမားအခွင့်အရေးတွေရချင်တယ်။  ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်လည်း ရချင်တယ်။ အချိန်ပိုတွေကို တစ်နေ့ ၃ နာရီလောက်ပဲ ဆင်းချင်ပါတယ်”လို့ သူက ပြောပါတယ်။

အလုပ်သမားတွေ အနေနဲ့ အလုပ်သမားတွေ ဆန္ဒပါမှသာ အချိန်ပိုတွေကို ဖိအားနဲ့ မခိုင်းစေရေး၊ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံရေး၊ ဥပ‌ဒေပါ ခွင့်ရက်တွေ ခံစားခွင့်ပြု‌ရေးနဲ့ လုပ်ငန်းခွင်တွင်းမှာ အော်ဟစ်ပြောဆိုတာ၊ ဆဲဆိုတာ မပြုလုပ်ဖို့ စတာတွေ တောင်းဆိုလိုတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026