NEWS

အချိန်ပိုအလွန်အကျွံခေါ်ယူတာနဲ့ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်ပြုလုပ်မှုများအား အရေးယူပေးစေလို ပေးစာ

CoverLogo
536 Views
 
 
ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Mai Yi Bei (Yangon)Garment Manufacturing Co,Ltd (ခေါ်) ခေါင်သုံးလုံး အထည်ချုပ်စက်ရုံ မှာ အချိန်ပိုတွေ မရားခေါ်ယူနေပါတယ်။ ငြငန်းဆန်ခွင့်မရှိဘဲ လုပ်ကိုင်နေရတာပါ။
 
ချုပ်လုပ်ရတဲ့ အမှတ်တံဆိပ်တွေကတော့ mister lady , clevercare. Info , ALCOTT , ORIGINAL MARINES တွေဖြစ်ပါတယ်။
 
ဖြစ်စဥ်အကျဥ်းအနေနဲ့
 
ခေါင်သုံးလုံး အထည်ချုပ်စက်ရုံ (ခေါ်) Mai Yi Bei (Yangon)Garment Manufacturing Co,Ltd သည် အလုပ်သမား (၁၀၀၀) ကျော်ဖြင့် လည်ပတ်လုပ်ကိုင် နေသော အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ သမဂ္ဂအဖွဲ့အစည်းမရှိပါ၊ (WCC) မရှိ ပါ။
 
ခေါင်းသုံးလုံးစက်ရုံလို့ ပြောရင်လူသိများပါတယ်။ Mai Yi Bei (Yangon)Garment Manufacturing Co,Ltd စက်ရုံအမည်နဲ့ ဖွင့်တာတော့ (၂) နှစ်ကျော်ရှိပြီးဖြစ်ပါတယ်။
 
စက်ရုံအလုပ်ချိန်မှာ မနက် (၈) နာရီမှ ညနေ ၆-၃၀ နာရီထိ ပုံမှန်အလုပ်ချိန်ဖြစ်ပါတယ်။ ပုံမှန်အချိန်ပိုမှာ (၂) နာရီဖြစ်ပါတယ်။
 
စက်ရုံတွင် တစ်ရုံလုံးသော်လည်းကောင်း၊ လူ‌ရွေးပြီးတော့သောလည်းကောင်း အချိန်ပိုများကို (၂) နာရီအပြင် ည ၆-၃၀ မှ ၈ နာရီထိ၊ ည ၈ နာရီမှ ၁၂ နာရီ၊ ၁၂ နာရီမှ မိုးလင်းထိ ဆင်းကြရပြီး လိုင်းအလိုက်၊ စက်ရှင်းအလိုက် ဆင်းရတာခြင်းမတူပဲ ဆင်းကြရပါတယ်။ အဓိကပြောချင်တာက အချိန်ပိုတွေကို ခေါ်တဲ့အခါ အလုပ်သမားတွေ ခေါ်ပြောတာထက် ဆင်းကိုဆင်းရခြင်းဖြစ်နေပါတယ်။
 
အချိန်ပိုတွေဆင်းရသည်အပြင် အခုဆိုလျှင် စက်လိုင်းထဲမှာ အချိန်ပိုမဆင်းနိုင်ကြောင်းနှင့် အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရလို့ တင်ပြသည့် အလုပ်သမားတွေဆိုလျှင် အကြောင်းအမျိုးမျိုး ပြပြီး အလုပ်ကထုတ်ပြစ်တာတွေလုပ်သည်အပြင် အလုပ်သမားများကို အော်စူပါ၊ စူပါတွေက ကိုယ်ထိ လက်ရောက် ရိုက်နက်ဖို့လုပ်တာရှိသလို အမွေးညှပ်ကပ်ကြေးများနှင့် ထိုးမည်အထိ လုပ်ဆောင်တာတွေ လုပ်ပါတယ်။
 
နေ့တိုင်းလိုလို စက်လိုင်းထဲမှ ဆဲဆို အော်ဟစ် ပြောဆိုနေပါသည်။ အလုပ်သမားများမှ စက်ရုံမန်နေဂျာကို တိုင်ကြားမှုတွေရှိလျှင်လည်း အရေးယူ ဆောင်ရွက်မှု တွေ လုပ်မပေးပါဘူး။ မခံနိုင်လို့ အလုပ်ထွက်သွားလို့ ရပေမဲ့ လက်ရှိမှာ အလုပ်သမားတွေကို မတရားလုပ်တာကို မခံနိုင်လို့ တိုင်ကြားခြင်းဖြစ်ပါသည်။
 
အလုပ်သမားတောင်းဆိုသည်မှာ-
၁။ အချိန်ပိုတွေကို တိုင်ကြားမှုတွေရှိတယ်၊ စစ်ဆေးမှုတွေရှိတယ် ထိရောက်စွာ အရေးယူမှုမရှိသဖြင့် အလုပ်ရှင်မှ အကြိမ်ကြိမ်ချိုးဖောက်နေတာပါ။ ၎င်းကိစ္စကူညီပေးစေလိုပါတယ်။
၂။ ကိုယ်ထိလက်ရောက် အလုပ်သမားများအပေါ် အော်စူပါ၊ စူပါတွေမှ အနိုင်ကျင့် စော်ကားနေသည်ကို ထိရောက်စွာအရေးယူပေးရန်တောင်းဆိုအပ်ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026