NEWS

အချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေမှု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ဖြေရှင်းမပေး

CoverLogo
492 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ GYSEN Myanmar အထည်ချုပ်စက်ရုံရဲ့ အချိန်ပိုအတင်းအဓမ္မခေါ်ယူမှုကို တိုင်ကြားပေမဲ့ သက်ဆိုင်ရာအလရက  ဖြေရှင်ပေးမှူမရှိဘူးလို့  အလုပ်သမားများထံမှ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကစပြီး  တနင်္လာနေ့မှ သောကြာနေ့ အထိ ညစဥ် ၉ နာရီအထိ အချိန်ပို အတင်းအကျပ် ခေါ်ယူနေပြီး  စနေနေ့တွေမှာတော့ ည၁၂နာရီအထိခေါ်ယူကာ   တနင်္ဂနွေနေ့ ပိတ်ရက်များကိုပါ အချိန်ပိုအတင်းအကျပ် ခေါ်ယူနေတာကြောင့် အလုပ်သမားများကနားရက်မရှိဘဲ အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရနေရတာကြောင့်   စက်တင်ဘာ၂ ရက်နေ့က ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးသို့ တိုင်ကြားစာ ပေးပို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

တိုင်ကြားပြီး  နှစ်ပတ်ကျော်ရှိနေပေမဲ့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိလို့  စက်တင်ဘာ ၁၇ ရက်နေ့တွင် မြို့နယ် ဦးစီးအရာရှိထံမေးမြန်းရာ   ညွှန်ကြား၍မရသောကိစ္စဖြစ်လို့ တရားရေးဆိုင်ဖြေရှင်းမှုများပြုလုပ်တဲ့အခါ အလုပ်သမားများဘက်မှမလာနိုင်ပါက အဆင်မပြေမှာစိုးကြောင်းနဲ့  စက်ရုံက နောက်ထပ် အချိန်ပိုအတင်းအကြပ် ခေါ်ယူခြင်းပြုလုပ်ပါက ဦးစီးမှူးထံသို့ အကြောင်းကြားပေးမှသာ ဦးစီးဌာနအနေဖြင့် စစ်ဆေးမှု ပြုလုပ်ပေးနိုင်မယ်လို့ပြောဆိုကာ  တိုင်ကြားစာအား စစ်ဆေး အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူးလို့သိရပါတယ်။ 

အဲ့ဒီလိုဖြေရှငိးပေးမှုမရှိတဲ့အပေါ်  ညွှန်ချုပ်ထံ သို့ ဆက်လက် တိုင်ကြားသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် GYSEN ပိုင်ရှင်အား အဖွဲ့အစည်း ဖြိုခွဲမှုနဲ့ပတ်သက်ပြီး အရေးယူပေးရန်တိုင်ကြားထားတာကိုလည်း
ဝန်ကြီးဌာန အနေဖြင့် ဥပေဒ အရ အရေးယူရမည့် ကိစ္စ အား အရေးမယူဘဲ စေ့စပ်ညှိနှိူင်း မှူ ပြုလုပ်နေခြင်း မှာဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အလုပ်သမားများကူညီဆောင်ရွက်ပေးသူက  ဆိုပါတယ်။

GYSEN အထည်ချုပ်စက်ရုံဟာ ၂၀၁၉ စက်တင်ဘာ တွင် စတင်ဖွင့်လှစ်ခဲ့ပြီးလက်ရှိအလုပ်သမား ၈၀၀ ဝန်းကျင်ခန့်ဖြင့် အလုပ်လုပ်လျှက်ရှိကာ မှတ်တမ်းတွေအရ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှူအများဆုံးစက်ရုံလည်းဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ်၂၅  ရက် တနင်္ဂနွေနေ့က OT ခေါ်ယူ ခြင်း ကိုတိုင်ကြားခံရကာ  သက်ဆိုင်ရာ ဦးစီး မှူးများ ဝင်စစ် ဆေးစဉ်နေ့လည် အလုပ်သမား ၅၀၀ ကျော်ကို Gysen ရုံ(3) ဂိုထောင် အတွင်းသို့ထွက်ပြေးခိုင်းခဲ့သလို HR ရုံးခန်းမှ အလုပ်သမားများနှင့် Super များကလည်း ပုန်းခိုင်းခဲ့တာဖြစ်လို့ ထွက်ပြေးခဲ့ရတာတွေရှိတယ်လို့လည်း အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
အွန်လိုင်းမှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယားသို့ တရားမဝင်သွားမည့် မြန်မာ ၁၆ ဦး ထိုင်းတွင် အဖမ်းခံရ
Jan 12, 2026
Cover
Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ
Jan 12, 2026
Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ
Jan 11, 2026
Cover
Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ
Jan 11, 2026
Cover
ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်
Jan 11, 2026
Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026