NEWS

အချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေမှု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ဖြေရှင်းမပေး

CoverLogo
645 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ GYSEN Myanmar အထည်ချုပ်စက်ရုံရဲ့ အချိန်ပိုအတင်းအဓမ္မခေါ်ယူမှုကို တိုင်ကြားပေမဲ့ သက်ဆိုင်ရာအလရက  ဖြေရှင်ပေးမှူမရှိဘူးလို့  အလုပ်သမားများထံမှ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကစပြီး  တနင်္လာနေ့မှ သောကြာနေ့ အထိ ညစဥ် ၉ နာရီအထိ အချိန်ပို အတင်းအကျပ် ခေါ်ယူနေပြီး  စနေနေ့တွေမှာတော့ ည၁၂နာရီအထိခေါ်ယူကာ   တနင်္ဂနွေနေ့ ပိတ်ရက်များကိုပါ အချိန်ပိုအတင်းအကျပ် ခေါ်ယူနေတာကြောင့် အလုပ်သမားများကနားရက်မရှိဘဲ အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရနေရတာကြောင့်   စက်တင်ဘာ၂ ရက်နေ့က ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးသို့ တိုင်ကြားစာ ပေးပို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

တိုင်ကြားပြီး  နှစ်ပတ်ကျော်ရှိနေပေမဲ့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိလို့  စက်တင်ဘာ ၁၇ ရက်နေ့တွင် မြို့နယ် ဦးစီးအရာရှိထံမေးမြန်းရာ   ညွှန်ကြား၍မရသောကိစ္စဖြစ်လို့ တရားရေးဆိုင်ဖြေရှင်းမှုများပြုလုပ်တဲ့အခါ အလုပ်သမားများဘက်မှမလာနိုင်ပါက အဆင်မပြေမှာစိုးကြောင်းနဲ့  စက်ရုံက နောက်ထပ် အချိန်ပိုအတင်းအကြပ် ခေါ်ယူခြင်းပြုလုပ်ပါက ဦးစီးမှူးထံသို့ အကြောင်းကြားပေးမှသာ ဦးစီးဌာနအနေဖြင့် စစ်ဆေးမှု ပြုလုပ်ပေးနိုင်မယ်လို့ပြောဆိုကာ  တိုင်ကြားစာအား စစ်ဆေး အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူးလို့သိရပါတယ်။ 

အဲ့ဒီလိုဖြေရှငိးပေးမှုမရှိတဲ့အပေါ်  ညွှန်ချုပ်ထံ သို့ ဆက်လက် တိုင်ကြားသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် GYSEN ပိုင်ရှင်အား အဖွဲ့အစည်း ဖြိုခွဲမှုနဲ့ပတ်သက်ပြီး အရေးယူပေးရန်တိုင်ကြားထားတာကိုလည်း
ဝန်ကြီးဌာန အနေဖြင့် ဥပေဒ အရ အရေးယူရမည့် ကိစ္စ အား အရေးမယူဘဲ စေ့စပ်ညှိနှိူင်း မှူ ပြုလုပ်နေခြင်း မှာဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အလုပ်သမားများကူညီဆောင်ရွက်ပေးသူက  ဆိုပါတယ်။

GYSEN အထည်ချုပ်စက်ရုံဟာ ၂၀၁၉ စက်တင်ဘာ တွင် စတင်ဖွင့်လှစ်ခဲ့ပြီးလက်ရှိအလုပ်သမား ၈၀၀ ဝန်းကျင်ခန့်ဖြင့် အလုပ်လုပ်လျှက်ရှိကာ မှတ်တမ်းတွေအရ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှူအများဆုံးစက်ရုံလည်းဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ်၂၅  ရက် တနင်္ဂနွေနေ့က OT ခေါ်ယူ ခြင်း ကိုတိုင်ကြားခံရကာ  သက်ဆိုင်ရာ ဦးစီး မှူးများ ဝင်စစ် ဆေးစဉ်နေ့လည် အလုပ်သမား ၅၀၀ ကျော်ကို Gysen ရုံ(3) ဂိုထောင် အတွင်းသို့ထွက်ပြေးခိုင်းခဲ့သလို HR ရုံးခန်းမှ အလုပ်သမားများနှင့် Super များကလည်း ပုန်းခိုင်းခဲ့တာဖြစ်လို့ ထွက်ပြေးခဲ့ရတာတွေရှိတယ်လို့လည်း အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026