NEWS

အချိန်ပိုမဆင်းပါက အလုပ်ထွက်ဟုခြိမ်းခြောက်ခိုင်းစေ

CoverLogo
661 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်းအနီးဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Fenghua Clothing Co.,Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုကို ညည့်နက်ထိခေါ်ယူခိုင်းစေတာ အချိန်ပိုမဆင်းပါက အလုပ်ထွက်ဆိုပြီး ခြိမ်းခြောက်ခိုင်းစေတာနဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေမပေးတဲ့အတွက်နစ်နာမှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အဆိုပါစက်ရုံမှာ Plus, Casse, Chip Clip အမှတ်တိဆိပ်တွေကို အလုပ်သမား ၉၀၀ ကျော်နဲ့ ချုပ်လုပ်နေတာဖြစ်ပါတယ်။
 
အလုပ်ချိန်အနေနဲ့ နံနက် ၈ နာရီကနေ ည ၇ နာရီခွဲအထိဖြစ်ပြီး အချိန်ပိုကို ည ၁၁ နာရီအထိ အမြဲတမ်းလိုလိုဆင်းရပြီး အိုတီမဆင်းပါက နောက်ရက်မလာနဲ့တော့လို့ ပြောဆိုတာကြောင့် မဖြစ်မနေ အချိန်ပိုဆင်းပေးနေပြီး နားချိန်အပြည့်အဝမရဘဲ ကျန်းမာရေးထိခိုက်တာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
" ညဘက်အချိန်ပိုအိုတီကို မဆင်းလျင် နောက်နေ့အလုပ်မလာနဲ့တော့ဆိုပြီး တရုတ်အမျိုးသမီးကပြောတာ finishion ဌာနမှာဆို ကိုယ်ဝန်ဆောင်အမျိုး သမီးတွေကို အလုပ်တွေ နင်းကန်ခိုင်းတဲ့အပြင် အလေးအပင်တွေပါ "မ"ခိုင်းတယ်။ အဲ့ဒီဌာနမှာဆိုရင် အပြင်အော်ဒါတွေပါ ရှိတဲ့အတွက်ကြောင့် အချိန်ပိုတွေ ပိုပြီးဆင်းရတယ် ။ ခွင့်ခံစားခွင့်မပေးတဲ့အတွက် ညတိုင်းနီးပါး ၁၁ နာရီအထိဆင်းရတော့ နေမကောင်းဖြစ်ကြတယ် တရက်ပျက်ရင် ဒေးကြေး+ထောက်ပံ့ကြေး
 
၈၅၀၀ကျပ်၊ ရက်မှန်ကြေး ၃၀၀၀၀ကျပ်၊ ဂရိတ် ကြေးပါ အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထိ အထည်စံချိန်များမတရား တောင်းခံနေခြင်း၊ စက်လိုင်းတစ်လိုင်းကို လူဦးရေ ၄၀ ကျော်ရှိပြီး တနာရီကို ဘောင်းဘီအထည် ၅၀အထိ တောင်းခံနေတယ်လို့ ပြောပါတယ်။
 
"ညဘက်အချိန်ပိုဆင်းရရင် စက်ရုံထဲမှာပဲ အဆင်ပြေသလိုအိပ်ရတယ် မနက်အစောကြီးထပြီး အိမ်ပြန် ပြီးရင် အလုပ်အချိန်မီပြန်လာအလုပ်ဆက်လုပ်တယ် ညဘက်အချိန်ပိုဆင်းရလို့ အနားမပေးဘဲ အလုပ်ဆက်လုပ်ခိုင်းတယ် အလုပ်သမားတွေကြုံနေရတဲ့အခက်အခဲကို ဖြေရှင်းပေးမယ့်လူလည်းမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်ခံရမှုတွေ၊ ငွေကြေးဖြတ်တောက်ခံရမှုနဲ့ ကျန်းမာရေးထိခိုက်နေမှုတွေ ကြုံတွေ့ခံစားနေရတာနဲ့ပတ်သက်ပြီး အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အကူအညီတောင်းခံထားပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို အလုပ်သမားများကို ခံစားခွင့်ပြုရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ညဘက်အချိန်ပိုအိုတီများကို ဖိအားပေးဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၃။ အလုပ်သမားများ မချုပ်လုပ်နိုင်သည့်အထိ အထည်စံချိန်များကို အလုပ်ရှင်ဘက်က မတရားတောင်းခံ ခြင်းမပြုလုပ်ရန်။
၄။ လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများ ရွေးချယ်တင်မြှောက်သော အလုပ်သမား ကိုယ်စာလှယ်ရွေးချယ် ခွင့်ပေးရန်။
၅။ finishion ဌာနမှ တရုတ်အမျိုးသမီးမှ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်နေခြင်းမပြုလုပ်ရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026