NEWS

အချိန်ပိုကြေး မပေးဘဲခိုင်းစေ၊ တိုင်ကြားပါက အလုပ်မရအောင်လုပ်မယ်လို့ ခြိမ်းခြောက်ခံနေရ

CoverLogo
593 Views
 
ယူနန်ကျင်းယောက် အထည်ချုပ်ကုမ္ပဏီလီမီတက်မှာ အလုပ်သမားတွေကို အချိန်ပိုကြေးမပေးဘဲ အဓမ္မခိုင်းစေ နေသလို ချိုးဖောက်မှုတွေကို တိုင်ကြားရင်လည်း တစ်ခြားစက်ရုံတွေမှာပါ အလုပ်မရအောင် အလုပ်သမားအမည် တွေကို လုပ်ငန်းရှင်တွေဆီ ပေးပို့မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒီစက်ရုံက တရုတ်နိုင်ငံ ရွှေလီရဲ့ မန်စီမြို့ ဖာထေးစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၃၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ Banana အမှတ်တံဆိပ် အင်္ကျီအထည်တွေကို ချုပ် တာဖြစ်ပြီး အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ချိန်က မနက် (၈) နာရီကနေ ညနေ (၆) ၄၅ မိနစ်အထိ ဆင်းရပါတယ်။ တွက်မယ်ဆိုရင် အချိန်ပိုမပါရင် တောင် အလုပ်ချိန်က (၁၀) နာရီ ရှိပါတယ်။ လုပ်ခလစာကို (၁၈၀၀) ဝမ် သတ်မှတ်ပါတယ်။ အချိန်ပိုကြေးကတော့ တစ်နာရီကို (၃) ဝမ်ပါ။ ရက်မှန်ကြေး (၂၀၀) ဝမ်ပေးပါတယ်။ ကျွမ်းကျင်ကြေးပေးတာတော့ မရှိပါဘူး။ အထည်ရာ ခိုင်နှုန်းကြေးနဲ့ လုပ်ရပါတယ်။ အချိန်ပိုက (၇) နာရီကနေ (၉) နာရီခွဲအထိ ဆင်းပေးရပါတယ်။ အဲဒါကိုမှ အလုပ်အရေးကြီးရင် (၉) နာရီခွဲကနေ (၁၁) ခွဲအထိ ဆင်းခိုင်းပါတယ်။ အဲဒီလိုတွေ နေ့တိုင်းဆင်းခိုင်းလို့ မဆင်းနိုင် တဲ့သူတွေကို အလုပ်သမားနေရတဲ့ အဆောင်ထဲထိ လိုက်ခေါ်ပြီး ဆင်းခိုင်းပါတယ်။ အချိန်ပိုမဆင်းရင် ရက်မှန်ကြေး ဖြတ်ပါတယ်။ တနင်္ဂနွေနေ့ မဆင်းရင်လည်း ရက်မှန်ကြေး ဖြတ်ပါတယ်။ အဲဒီလို ဆင်းပေးလို့လည်း အချိန်ပိုကြေး မပေးပါဘူး”လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေကို အခကြေးငွေမပေးဘဲ အဓမ္မခိုင်းစေတာတွေ လုပ်ဆောင်နေပေမယ့် တိုင်ကြားသူတွေကို ရွှေလီမှာရှိတဲ့ စက်မှုဇုန်ထဲက စက်ရုံတွေမှာ အလုပ်မရအောင်လည်း လုပ်ဆောင်နေပါတယ်။
“အထည်ကို ရာခိုင်နှုန်းနဲ့ ချုပ်ခိုင်းပါတယ်။ နောက်ပြီး အလုပ်သမားတွေ မချုပ်နိုင်တဲ့ စံချိန်အာဝါဒီတွေ တောင်းပါ တယ်။ တကယ်ကျတော့ အထည်ရာခိုင်နှုန်းကြေးတွေလည်း တစ်ခါမှ မရပါဘူး။ ပြောမယ်ဆို ခြိမ်းခြောက်မှုတွေ လည်း လုပ်ဆောင်နေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်းက ချိုးဖောက်ခံရမှုတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။
စစ်အာဏာ သိမ်းပြီးနောက်မှာ တရုတ်နိုင်ငံကို အထည်ချုပ် အလုပ်အကိုင်နဲ့ သွား ရောက်လုပ်ကိုင်သူ များပြားလာပြီး အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း ရှိနေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026