NEWS

အချိန်ပိုကြေးမပေးဘဲ ခိုင်းစေ တိုင်ကြားပါက အလုပ်မရအောင် ခြိမ်းခြောက်နေ

CoverLogo
822 Views

ယူနန်ကျင်းယောက် အထည်ချုပ်ကုမ္ပဏီလီမီတက်မှာ အလုပ်သမားတွေကို အချိန်ပိုကြေးမပေးဘဲ အဓမ္မခိုင်းစေ နေသလို ချိုးဖောက်မှုတွေကို တိုင်ကြားရင်လည်း တစ်ခြားစက်ရုံတွေမှာပါ အလုပ်မရအောင် အလုပ်သမားအမည် တွေကို လုပ်ငန်းရှင်တွေဆီ ပေးပို့မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒီစက်ရုံက  တရုတ်နိုင်ငံ ရွှေလီရဲ့ မန်စီမြို့ ဖာထေးစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၃၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်မှာ Banana အမှတ်တံဆိပ် အင်္ကျီအထည်တွေကို ချုပ် တာဖြစ်ပြီး အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်ချိန်က မနက် (၈) နာရီကနေ ညနေ (၆) ၄၅ မိနစ်အထိ ဆင်းရပါတယ်။ တွက်မယ်ဆိုရင် အချိန်ပိုမပါရင် တောင် အလုပ်ချိန်က (၁၀) နာရီ ရှိပါတယ်။ လုပ်ခလစာကို (၁၈၀၀) ဝမ် သတ်မှတ်ပါတယ်။ အချိန်ပိုကြေးကတော့ တစ်နာရီကို (၃) ဝမ်ပါ။ ရက်မှန်ကြေး (၂၀၀) ဝမ်ပေးပါတယ်။ ကျွမ်းကျင်ကြေးပေးတာတော့ မရှိပါဘူး။ အထည်ရာ ခိုင်နှုန်းကြေးနဲ့ လုပ်ရပါတယ်။ အချိန်ပိုက (၇) နာရီကနေ (၉) နာရီခွဲအထိ ဆင်းပေးရပါတယ်။ အဲဒါကိုမှ အလုပ်အရေးကြီးရင် (၉) နာရီခွဲကနေ (၁၁) ခွဲအထိ ဆင်းခိုင်းပါတယ်။ အဲဒီလိုတွေ နေ့တိုင်းဆင်းခိုင်းလို့ မဆင်းနိုင် တဲ့သူတွေကို အလုပ်သမားနေရတဲ့ အဆောင်ထဲထိ လိုက်ခေါ်ပြီး ဆင်းခိုင်းပါတယ်။ အချိန်ပိုမဆင်းရင် ရက်မှန်ကြေး  ဖြတ်ပါတယ်။ တနင်္ဂနွေနေ့ မဆင်းရင်လည်း ရက်မှန်ကြေး ဖြတ်ပါတယ်။ အဲဒီလို ဆင်းပေးလို့လည်း အချိန်ပိုကြေး မပေးပါဘူး”လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေကို အခကြေးငွေမပေးဘဲ အဓမ္မခိုင်းစေတာတွေ လုပ်ဆောင်နေပေမယ့် တိုင်ကြားသူတွေကို ရွှေလီမှာရှိတဲ့ စက်မှုဇုန်ထဲက စက်ရုံတွေမှာ အလုပ်မရအောင်လည်း လုပ်ဆောင်နေပါတယ်။

“အထည်ကို ရာခိုင်နှုန်းနဲ့ ချုပ်ခိုင်းပါတယ်။ နောက်ပြီး အလုပ်သမားတွေ မချုပ်နိုင်တဲ့ စံချိန်အာဝါဒီတွေ တောင်းပါ တယ်။ တကယ်ကျတော့ အထည်ရာခိုင်နှုန်းကြေးတွေလည်း တစ်ခါမှ မရပါဘူး။ ပြောမယ်ဆို ခြိမ်းခြောက်မှုတွေ လည်း လုပ်ဆောင်နေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်းက ချိုးဖောက်ခံရမှုတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာ သိမ်းပြီးနောက်မှာ တရုတ်နိုင်ငံကို အထည်ချုပ် အလုပ်အကိုင်နဲ့ သွား ရောက်လုပ်ကိုင်သူ များပြားလာပြီး အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း ရှိနေပါတယ်။

#MyanmarLabourNews


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026