NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့်လုပ်သားကို ပြန်လည်ခန့်အပ်ရန်ငြင်းဆိုသည့်အတွက် ခုံသမာဓိကောင်စီသို့ဆက်လက်တိုင်ကြားမည်ဟုဆို

CoverLogo
995 Views

လှိုင်သာယာမြို့နယ်  စက်မှုဇုန်-၃ န၀ဒေးမင်းကြီးလမ်းရှိ တရုတ်နိုင်ငံသားပိုင်  Dangxin Garment ထုန်ချင်းအထည်ချုပ်စက်ရုံမှာ အလုပ်သမားအများစုဟာ အကြောင်းအလုပ်ထုတ်ခံရတာတွေရှိနေပြီး အလုပ်သမား ရုံးကိုတိုင်ကြားတဲ့ အလုပ်ထုတ်ခံရသူတစ်ဦးကို ပြန်လည်ခန့်အပ်ရန် ငြင်းဆိုလိုက်တယ်လို့ သိရပါတယ် ။

"ခုံသမာဓိကနေ ဆုံးဖြတ်ချက်ချလိုက်တာလုံးဝတစ်ဖက်သတ်ကြီးပါ။ ဥပဒေမှာမပါတဲ့ နောက်ကြောင်းပြန်တဲ့ ၂၀၁၁ ကနေ ခု၂၀၂၂ တောင်ဖြစ်လာပြီ။ ၂၀၁၁ကဖြစ်ခဲ့တဲ့ပြသနာတွေကိုပါ ဆွဲထည့်ပီး အမှု၆ ခုလောက်အထိဖြစ်ခဲ့လို့ ပြန်ခန့်ဖို့မသင့်ဘူးဆိုပြီး အမိန့်ချလိုက်တယ်'' လို့ အလုပ်ထုတ်ခံရသူကဆိုပါတယ်။

ယင်းအလုပ်သမားရဲ့ အလုပ်ထုတ်ခံရမှုအပေါ် ပြန်လည်ခန့်အပ်ရေးကိုသာ တောင်းဆိုမှုအပေါ် ခုံသမာဓိအဖွဲ့က အလုပ်ပြန်လည်ခန့်အပ်ရန်မသင့်ဘဲ နို့တစ်ကြေးတစ်လစာသာပေးရန် အောက်တိုဘာ ၂၅ရက်က အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါအမိန့်ချမှတ်မှုကို လက်မခံနိုင်တဲ့အတွက် ယင်းအလုပ်သမားအနေနဲ့ ခုံသမာဓိကောင်စီသို့ယခုရက်ပိုင်းအတွင်း ဆက်လက်တိုင်ကြားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

'' အလုပ်ဖြုတ်ခံရသူတွေက လုပ်သက် တစ်လကျော် ၁၅ရက် တစ်ပတ်တွေကိုဖြုတ်တာပါ။ သူတို့ကနေ့စားတွေကိုဖြုတ်တယ်။ အစမ်းခန့်တွေကိုဖြုတ်တယ် နေ့စားဆိုလစားပြောင်းပေးရမှာကိုမပြောင်းပေးဘဲ အမျိုးစုံဖြုတ်တယ်။ ကျွန်မကိုဖြုတ်တုန်းကလည်း ကြိုက်တဲ့နေရာသွားတိုင် ဆိုပြီးဖြုတ်တယ်။ လုပ်သက်တစ်လခွဲကျော်မှာဖြုတ်လိုက်တယ်။ ကျွန်မကအလုပ်ရှာရတာကခက်တဲ့အတွက် နစ်နာကြေးမလိုချင်ပါဘူး လုပ်ငန်းခွင်ပြန်၀င်ရတာမျိုးပဲဖြစ်ချင်တာပါ"လို့  အလုပ်ထုတ်ခြင်းခံထားရသူအလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါ စက်ရုံမှာ အလုပ်သမားလေးရာကျော်ရှိပြီး စက်လိုင်းတစ်လိုင်းမှာ ၃၅ယောက်နှုန်းဖြင့် လုပ်ငန်းလည်ပတ်ကာ  လုပ်ငန်းရှင်ကိုယ်စားလှယ် HR မန်နေဂျာက ယင်းနဲ့ အဆင်မပြေတဲ့အလုပ်သမားကို  အကြောင်းမရှိဘဲ ဖြုတ်ချင်သလိုဖြုတ်နေတာတွေကြောင့်  အလုပ်ဖြုတ်လိုက်တဲ့အလုပ်သမားတွေဟာ ခန့်မှန်းအလုပ်သမားနှစ်ရာကျော်အထိ ရှိနေပြီး  အီးစီစာချုပ်ချုပ်ပေးခြင်းမရှိပါဘဲ   အကြောင်းမဲ့အလုပ်ထုတ်ခြင်း၊ အလုပ်ခန့်ထားတဲ့အလုပ်မဟုတ်ဘဲ လုပ်ငန်းမျိုးစုံခိုင်းသလိုလုပ်ပေးနေရခြင်း နေ့စားအဖြစ်သာခိုင်းစေပြီး  လစားအဖြစ်ပြောင်းလဲမပေးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ယင်းအလုပ်သမားအနေဖြင့် လက်ရှိ လုပ်ငန်းခွင်မပြေလည်မှုကို  ညှိဖျန်သို့တိုင်ကြားရာမှ အလုပ် ထုတ်ခံရကာ အဆင်မပြေမှုကြောင့်  ခုံသမာဓိသို့  ဆက်လက်တိုင်ကြားထားတာကြောင့်  စစ်ဆေးပြီးတစ်လအကြာမှာ ယခုကဲ့သို့အမိန့်ချလိုက်တာလို့ သိရပါတယ်။

၎င်းအနေဖြင့်  အလုပ်ထုတ်နစ်နာကြေးရလိုခြင်းမဟုတ်ဘဲ အလုပ်အကိုင်ပြန်လည်ရှာဖွေရန်ခက်ခဲတာကြောင့် ခုံသမာဓိရဲ့ အလုပ်ထုတ်နစ်နာကြေးပေးရန်အမိန့်ချမှတ်မှုကိုလက်မခံဘဲ 
လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရေးကိုသာ   ခုံသမာဓိကောင်စီအထိ ဆက်လက်တိုင်ကြားသွားမှာလို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ TERRANOVA, WASHABLE DOWN, Be`s Carol စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026