NEWS

ဟွမ်မြောင်အထည်ချုပ်စက်ရုံအလုပ်သမားတွေ လုပ်ခလစာရရှိဖို့ စက်ရုံတွင်းညအိပ်စောင့်ဆိုင်းခဲ့ပေမဲ့ အလုပ်ရှင်ကလစ်လျူရှုကာ စက်ပစ္စည်းများသာသယ်ယူနေ

CoverLogo
597 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co;Ltd) စက်ရုံပိတ်လိုက်တာကြောင့် လုပ်ခလစာရရှိဖို့စက်ရုံအတွင်း အလုပ်သမား ၃၀၀ ဝန်းကျင် ညအိပ်စောင့်ဆိုင်းခဲ့ပေမဲ့ အလုပ်ရှင်ဘက်က လစ်လျူရှုကာ စက်ပစ္စည်းတွေသယ်ယူနေတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် ပြီးခဲ့တဲ့ ညက စက်ရုံမှာ ညအိပ်စောင့်စိုင်းခဲ့တဲ့အလုပ်သမားတွေထဲက ၂ ဦးကို ပိတ်စခိုးမှုနဲ့ HR ကလှော်ကားရဲစခန်းမှာအမှု့ဖွင့်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ အလုပ်သမားတွေက စက်တင်ဘာ လုပ်ခလစာရဖို့နဲ့ စက်ရုံပိတ်သိမ်းနစ်နာကြေး ရရှိဖို့ ညှိနှိုင်းပေမဲ့ ပြေလည်မှုမရသေးဘဲ စက်ရုံဘက်ကနေ စက်ပစ္စည်းတွေ သယ်ထုတ်နေတာတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

“ကျွန်တော်တို့အလုပ်သမားနှစ်ဦးကိုပိတ်စခိုး တယ်ဆိုပြီး ခိုးမှုနဲ့အမှုဖွင့်ထားတယ်။ ဒါကလည်းသတ်သတ်မဲ့လုပ်ကြံပြီးစွဲထားတာ။ တစ်ညလုံးစောင့်နေခဲ့ပေမဲ့ အလုပ်ရှင်လည်းမမေးဘူး။ အလုပ်သမားရုံးကတိုင်းမှုးတွေ ဦးစီးတွေလည်း ဘယ်သူမှလာမမေးဘူး။ အလုပ်ရှင်ကဘာတစ်ခုမှတိကျတာလည်းမပြောဘူး။ စက်ရုံတွင်းကစက်ပစ္စည်းတွေကိုတော့သယ်နေပြီ။ သူတို့ခေါ်ထားတဲ့လူတွေလည်းတစ်ညလုံးရှိတယ်။ လာလာမေးတယ်။ သူတို့ကသောက်စားပြီးမူးနေကြတော့ ကျွန်တော်တို့ကရှေ့တန်းကနေတယ်။ မိန်းကလေးတွေကိုတော့ နောက်မှာထားထားတယ်။ သူတို့ကအဆင်ပြေလားလို့လာလာမေးတယ်။ ပုံတွေလာလာရိုက်တယ်”လို့ အလုပ်သမားတစ်ဦးဆိုပါတယ်။ 

 

အဆိုပါစက်ရုံက စက်တင်ဘာလရဲ့လုပ်ခလစာကို အောက်တိုဘာ ၅ ရက်နေ့မှာပေးမယ်ဆိုကာ စက်ရုံပိတ်လိုက်တာကြောင့် အလုပ်သမားတွေဟာ စက်တင်ဘာလရဲ့လုပ်ခလစာကိုတောစက်ရုံပိတ်တာနဲ့ထုတ်ပေး စေလိုတာ နဲ့ ပိတ်ရက်နှစ်ရက်ကိုစောင့်ဆိုင်းကာ အောက်တိုဘာ ၂ ရက်နေ့မှာပဲ လုပ်ခလစာရလိုတာကြောင့် စက်ရုံတွင်းသို့ရောက်ရှိနေခဲ့ကြတာဖြစ်ပြီး ဖြေရှင်းမှုမရှိဘဲ အောက်တိုဘာ ၃ ရက်မနက်မှာတော့ စက်ရုံတွင်းပစ္စည်းတွေကို သယ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။  

 

စက်ရုံတွင်းမှာညအိပ်စောင့်ဆိုင်းလိုက်ရပေမဲ့ အလုပ်ရှင်နဲ့အလုပ်သမားရုံးဖြေရှင်းမှုတွေမရှိဘဲ အလုပ်သမားနှစ်ဦးကို ခိုးမှုနဲ့အမှုဖွင့်လိုက်သလို အလုပ်ရှင်ခေါ်ယူထားတဲ့ အုပ်ချုပ်ရေးမှူး၊ရဲတပ်ဖွဲ့တာ၀န်ရှိသူတွေ အယောက်၂၀ခန့်က စက်ရုံတွင်းအလုပ်သမားတွေရှေ့မီတာ၂၀၀အကွာမှာ စောင့်ဆိုင်းကာမေးမြန်းမှုလေးကြိမ်တိတိလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

 

အဲ့ဒီလိုရောက်ရှိနေပေမဲ့ အလုပ်ရှင်က အလုပ်သမားတွေကိုဖြေရှင်းတာမျိုး ညှိနှိုင်းတာမျိုးမရှိသလို အလုပ်သမား၀န်ကြီးဌာနတာ၀န်ရှိသူများကလည်း မေးမြန်းတာတွေလာရောက်တာတွေမရှိတာကြောင့် အလုပ်သမားတွေဟာ စက်ရုံတွင်းညအိပ်စောင့်ဆိုင်းနေရတာဖြစ်သလို အလုပ်ရှင်ဘက်ကလည်း ရဲတပ်ဖွဲ့ကိုခေါ်ယူထားတယ်လို့သိရပါတယ်။ 

 

“ စက်ရုံကိုပိတ်ထားပြီ။ ၅ရက်နေ့မှလစာလာထုတ်တဲ့။ နစ်နာကြေးရတဲ့သူက ၂၆ရက်နေ့မှလာထုတ်တဲ့ နစ်နာကြေးရတဲ့သူတွေက တစ်နှစ်ကျော်သမားတွေကတစ်လစာပေးမယ်။ ၆လသမားတွေက လ၀က်စာပေးမယ်။ ကျန်တဲ့အလုပ်သမားတွေကဘာမှမရဘူးပြောတယ်။ အလုပ်သမားတွေကလစာကိုတော့ ပိတ်တာနဲ့ရချင်တယ်။ စက်ရုံကပိတ်ထားတော့ မသေချာဘူး။ ကျွန်တော်တို့ကိုဘယ်နေရာမှာထုတ်ရမယ်ဘယ်အချိန်ဆိုတာအတိအလင်းမပြောဘူး” လို့ နောက်ထပ်အလုပ်သမားကပြော ဆိုပါတယ်။ 

 

အဆိုပါအလုပ်သမားတွေဟာ စက်ရုံပိတ်လိုက်တဲ့အတွက် လုပ်သက် ၆လမပြည့်တဲ့သူတွေကိုလည်း နစ်နာကြေး တစ်စုံတရာ ပေးဖို့။ ကိုယ်၀န်ဆောင်သမားတွေလည်း ဖူလုံရေးကြေးမရှိတဲ့အတွက် နစ်နာကြေးပေးဖို့နဲ့ ပုတ်ပြတ် အလုပ်သမားတွေအတွက်ပေးချေဖို့နဲ့ လုပ်ခလစာအတွက် အခုလို တောင်းဆိုနေတာလို့လည်း ပြောပါတယ်။

 

အဲ့ဒီစက်ရုံမပိတ်ခင်မှာ FieldCore အမှတ်တံဆိပ်အထည်တွေနဲ့ အခြားအပ်ထည်တွေချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေကို စုပေါင်းဖြေရှင်းဖို့ အလုပ်သမား ၅၀ ကျော်က အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ကြိုးပမ်းခဲ့ပြီး သမဂ္ဂအဖွဲ့ဝင်နဲ့ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရသလို သမဂ္ဂကို အသိအမှတ်ပြုမခံရဘဲ အခုလို စက်ရုံပိတ်သိမ်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရအချက်အလက်တွေအနေနဲ့အလုပ်သမား ၃၈၀ ကျော်ကို စက်တင်ဘာလုပ်ခလစာ ပေးချေမှုမရှိသေးလို စက်တင်ဘာ ၂၆ က စက်ရုံပိတ်သိမ်းမယ်လို့ ကြေညာခဲ့ပေမဲ့ စက်တင်ဘာ ၂၉ မှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး နစ်နာကြေးပေးချေရန် ကိစ္စမှာလည်း ရှင်းလင်းစွာ ပြောဆိုဖြေရှင်းပေးတာမရှိသေးဘူးလို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026