NEWS

သီလဝါဇုန်ရှိ Daizen Myanmar ကုမ္ပဏီက အလုပ်သမားများ အချိန်ပိုကြေးများအပြည့်မရလို့ တောင်းဆို

CoverLogo
1K Views

သီလဝါစက်မှုဇုန်A ရှိ Daizen Myanmar ကုမ္ပဏီ transport teamမှ အလုပ်သမားတွေဟာ  ည၈နာရီအထိအလုပ်ဆင်းပေးရပေမဲ့ ကျပ်နှစ်ထောင်သာရရှိတာကြောင့် အချိန်ပိုကြေးများအပြည့်ရရှိလိုတယ်လို့ အလုပ်သမားများကထုတ်ဖော်ပြောဆိုလာပါတယ်။

“အလုပ်ချိန်က ၈ နာရီကနေ  ၅ နာရီ ထိ လို့သတ်မှတ်ထားတယ်။ အခုဟာက ၅နာရီကျော်အထိခိုင်းတယ်။ ည၈နာရီအထိခိုင်းတော့ကျွန်တော်တို့က အပိုကြေးတောင်းတော့ နှစ်ထောင်ပဲပေးတယ်။ ကျွန်တော်တို့က ကလေးကစားစရာလိုဖြစ်နေတာ။ အဲ့တော့ အလုပ်သမားတွေစုပြီး မလုပ်နိုင်ဘူးပြောတယ်။ ပြောတော့ကျွန်တော်တို့ကို မလုပ်လို့မရဘူးဆိုပြီး ဖိအားပေးပြီးခိုင်းတယ်။ကျွန်တော်တို့က transport လုပ်ငန်း delivery ပို့ရတာ။ ကားအကြီးကြီးတွေနဲ့ပို့ရတာ။ ဘယ်လိုမှတောင်းဆိုလို့မရဘူး။ ဒီအချိန်ပိုကြေးကသုံးနာရီခိုင်းပြီး နှစ်ထောင်ပဲပေးတာကဘယ်လိုမှမကိုက်ဘူး။ နောက်ပြီးထမင်းဖိုးတောင်းတော့လည်း ည၈နာရီနောက်ပိုင်းထိနေမှပေးတာဆိုတော့ ကျွန်တော်တို့ကည၈နာရီကျော်တဲ့အထိ ဆက်ခိုင်းအုံးမဲ့အနေအထားဖြစ်နေတော့ ကျွန်တော်တို့ကအမျိုးမျိုးတောင်းဆိုတယ်။ ကျွန်တော်တို့လူစုပြီးတောင်းဆိုတော့ HRကမရဘူး။  ဒီအတိုင်းပဲ သတ်မှတ်ထားတာလို့ပြောတော့ ကျွန်တော်တို့လည်းခုလိုအကူညီတောင်းခံရတာ”ဟု အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဆိုပါစက်ရုံဟာ  အရက်ဘီယာနဲ့ခေါက်ဆွဲခြောက်ပစ္စည်းများကို လိုက်လံပို့ဆောင်ပေးရခြင်းကို  လုပ်ကိုင်ရတဲ့ transport team မှအလုပ်သမားယာဉ်မောင်း၃၂ယောက်နဲ့  ယာဥ်နောက် လိုက်၃၆ယောက် စုစုပေါင်းအလုပ်သမား ၆၈ဦးတို့ရဲ့ ညဘက်၈နာရီအထိလုပ်ပေးရတဲ့အချိန်ပိုကြေးကို ကျပ်နှစ်ထောင်စီသာပေးအပ်တာကြောင့်  အလုပ်သမားတွေအဆင်မပြေဖြစ်လို့ တိုးပေးဖို့တောင်းဆိုရာ  အဆိုပါသတ်မှတ်ထားတဲ့အတိုင်းသာ  လုပ်ကိုင်ရမယ်ဆိုတာကြောင့်  အလုပ်သမားအရေးကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းများထံသို့ အကူညီတောင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဖန်ချက်စက်ရုံကအော်ဒါရတော့ ကျွန်တော်တို့ကခေါက်တုံ့ခေါက်ပြန်ဆွဲရတယ်။ အရင်ကတော့ ၅နာရီအထိပဲ ပြီးရင်ရပ်ပြီ။  အခုဟာက ည၈နာရီအထိဆွဲရတယ်။နောက်ပြီးနှစ်ထောင်ပဲပေးမယ်။ ထမင်းဖိုးကညရှစ်နာရီကျော်မှပေးမယ်ဆိုပြီး  စာတွေကပ်တယ်”လို့ဆိုပါတယ်။

အဆိုပါ ကုမ္ပဏီဟာ အလုပ်သမားတစ်ရာခန့်ရှိပြီး  ဂျပန်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမားများက  ၎င်းတို့ရဲ့အခက်အခဲများကြောင့် တောင်းဆိုထားတဲ့တောင်းဆိုချက်များကို Daizen Myanmar Transport Teams နှင့် HR Teams မှတာ၀န်ရှိလူကြီးမင်းများထံဖြေရှင်းညှိနှိုင်းဖို့တောင်းဆိုခဲ့ပေမဲ့ ထူးခြားမှုမရှိခဲ့ဘူးလို့လည်း  သိရပါတယ်။

ဒါ့အပြင်ကိုဗစ်မတိုင်ခင်က အလုပ်သမားတစ်ဦးလျှင် အခြေခံလစာသုံးသိန်းခွဲပေးထားခဲ့ပြီး ကိုဗစ်ဖြစ်ပွားချိန်မှစကာ  လုပ်ငန်းအဆင်မပြေမှုကြောင့် အခြေခံလစာကို ၂၂၀၀၀၀ သာပြောင်းလဲပေးခဲ့ပြီး ပညာရှင်ကြေး၊ စွမ်းဆောင်ရည်ကြေး၊ လမ်းစရိတ်ကြေးစသဖြင့်အပိုင်းခွဲပေးခဲ့တာဖြစ်ပြီး  မောင်းရတဲ့ခေါက်ကြေးကိုတစ်ခေါက်လျှင်  ၇၅၀၀ ကျပ်ပေးပေမဲ့ နှစ်ခေါက်ဖြစ်ပါက ဒုတိယအခေါက်ကြေးကို ၄၅၀၀ကျပ်သာပေးဆောင်ခြင်း၊ အချိန်ပိုဆင်းရပေမဲ့  အချိန်ပိုကြေးကျပ်နှစ်ထောင်သာရရှိခြင်းတွေကြောင့် အလုပ်သမား၆၈ဦးဟာ စုပေါင်းလက်မှတ်ထိုးကာ HRထံသို့တင်ပြတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ 
၁။ ဒုတိယအကြိမ်ခေါက်ကြေးအား ပထမအကြိမ်ခေါက်ကြေး၇၅၀၀အတိုင်း ပေးစေလိုခြင်း။  
၂။ Return Tripကြေအစား  Tripကြေးအဖြစ် ၅၀၀၀ကျပ်ပေးစေလိုခြင်း။ 
၃။ Subdayနှင့် အခါကြီးရက်ကြီးများတွင် Double Charge ပေးစေလိုခြင်းနဲ့ မပေးနိုင်ပါက ရက်စား အနားယူရက် ပြန်လည်ပေးစေလိုခြင်း။
၄။ ပဲခူးနှင့်  မန္တလေးသည် ရန်ကုန်တိုင်းပြင်ပခရီးရှည်ဖြစ်နေပါသောကြောင့်  ပဲခူးနှင့်  မန္တလေးသို့သွားသောခေါက်ကြေးများအား  တစ်သောင်းကျပ်ပေးစေလိုခြင်းနှင့်  ယခုကာလပေါက်စျေးအရ ပေးထားတော့၈၀၀၀ကို လက်ခံနိုင်ခြင်း။

၅။ MGE Shuttle  ဆွဲရသောမောင်းကြေးအား  ဇုံပြင်ပဖြစ်နေ၍ ခေါက်ကြေး၈၀၀၀ကျပ်အဖြစ် သတ်မှတ်ပေးစေလိုခြင်းစတဲ့ တောင်းဆိုချက်များကို  အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။

Photo - Internet 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026