NEWS

သိုးမွှေးစက်ရုံ အလုပ်သမား ၃၀၀ ကျော် အချိန်ပို လုပ်ခ မရဘဲ လုပ်ကိုင်နေရ

CoverLogo
676 Views

CHEUNG HING MYANMAR သိုးမွှေး စက်ရုံအလုပ်သမားတွေဟာ အချိန်ပိုလုပ်ခ မရရှိဘဲ လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 


“ အချိန်ပို OT တွေဆင်းခိုင်းပြီး အချိန်ပို ကြေး လုံးဝမပေးဘူး။  တချို့ရက်တွေဆို ည ၁၀နာရီအထိ ဆင်းခိုင်းတယ်။ ပြောရမယ်ဆို တောင်ထားတဲ့ အထည်စံချိန်ကို အပြီးချုပ်ပေးရတာပဲ” လို့ အလုပ်သမားတွေက ပြောပါတယ်။

 
CHEUNG HING MYANMAR သိုးမွှေးစက်ရုံကတော့ ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊  ငမိုးရိပ်လမ်းမှာ လုပ်ငန်းလည်ပတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံမှာ အော်ဒါ မရှိလို့ ပိတ်ထားတဲ့ရက်တွေမှာလည်းပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ဒေးကြေး၊ ရက်မှန်ကြေး မပေးဘူးလို့ လည်းပြောပါတယ်။ 


“အော်ဒါမရှိဘူးဆိုပြီး ၂၀၂၁ မှာ စက်ရုံပိတ်ပြီး ဒေးကြေကို ၃၅ ရာနှုန်းပဲ ပေးခဲ့တယ်။  ၂၀၂၂ မှာလည်း  အော်ဒါမရှိတဲ့ ရက်တွေမှာ စက်ရုံပိတ်ပြီး ဒေးကြေးကို ၄၀ ရာနှုန်းပဲ ပေးတယ်။  အလုပ်သမားတွေ  စားရေး နေရေး ဒုက္ခရောက်ကြတယ်။ အလုပ်သမားတွေက အဲနှစ်က နစ်နာခဲ့တာတွေကို ပြန်လိုချင်တယ်။ နောက် အချိန်ပိုကြေးကို အပြည့်အဝ ပေးဖို့ လိုပါတယ်” လို့ CHEUNG HING MYANMAR အလုပ်သမားတွေက တညီတညွတ်တည်း ပြောဆိုပါတယ်။ 


CHEUNG HING MYANMAR သိုးမွှေးစက်ရုံဟာ နိုင်ငံရေးမကောင်မှုပေါ် အခွင်းရေးယူပြီး အလုပ်သမားအခွင့်ရေးတွေချိုးဖောက်နေတာလို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။ 


သိုးမွှေး စက်ရုံအတွင်းမှာ အလုပ်သမား ၃၀၀ ကျော်လုပ်ကိုင်နေကြပြီး  နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့  NEXT၊  CARTH တွေကို ထုတ်လုပ်နေတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပြထားပါတယ်။
#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026