NEWS

သာဓုကန်စက်မှုဇုန် လုပ်ငန်းရှင် တစ်ဦးထွက်ပြေး

CoverLogo
1.8K Views

စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ အလုပ်ထုတ် နစ်နာကြေးနဲ့ တခြား ရဖို့ရှိတဲ့ လုပ်ခလစာတွေကို မရှင်းဘဲ အထည်ချုပ် အလုပ်ငန်းရှင်တစ်ဦး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ လုပ်ငန်းရှင်ကတော ဒေါ်သူဇာအေးဆိုသူဖြစ်ပြီး အမှတ် ၅၅ စိန်ခြယ်လမ်းနဲ့ စက်မှု၁ လမ်းထောင့်၊ သာဓုကန်စက်မှုဇုန်မှာ မိဘမေတ္တာအမည်နဲ့ အထည်ချုပ်စက်ရုံ ဖွင့်လှစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ Solidarity of Trade Unions Myanmar ရဲ့ ဖေ့ဘွက် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။

အတည်ချုပ်စက်ရုံအတွင်း လုပ်သား ၁၁၁ ဦး ရှိပြီး၊ နှုတ်ထွက်စာတင်ထားသူ ၃၁ ဦးနဲ့ အမျိုးသား ၁၇ ဦး၊ အမျိုးသား ၆၃ ဦး တို့ လက်ရှိ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ရွှေပေါက်ကံ ဆူဂျင်းစက်ရုံက အထည် တွေနဲ့  အစိုးရ ကျောင်းစိမ်းအတည်တွေ ချုပ်လုပ်ပေးခဲ့ရပြီး စက်ရုံဘက်က HR စာရေးမ နဲ့ အလုပ်သမား ခေါင်းဆောင် (leader) စတဲ့ ဝန်ထမ်း ၇ ဦး ကျန် ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံအတွင်း မီးစက်တစ်လုံးနဲ့ ချုပ်စက် ၅၅ လုံးကျန်ရှိနေပြီး မီးစက်ကတာ့ မူလ စက်ရုံပိုင်ရှင်ဆီက ငှါးထားတာလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက စက်ရုံကိုလာရောက်ပြီး ပစ္စည်းစာရင်းကို ဓါတ်ရိုက်ယူထားတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။

ညဘက်အချိန်မှာ  စက်ရုံကို မူလပိုင်ရှင်ဘက်က စောင့်ကြည့်နေသလို့ စနေ၊တနဂ်နွေ ပိတ်ရက် နှစ်ရက်မှာ စက်ရုံထဲက ပစ္စည်းတွေ ခိုးထုတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MyanmarLabourNews


Related posts

Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026