NEWS

သမဂ္ဂခေါင်းဆောင်များ မရှိတော့သည့်အတွက် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများဖြေရှင်းရန်အခက်တွေ့နေဟုဆို

CoverLogo
1.2K Views

လုပ်ငန်းခွင်ထဲထိ သမဂ္ဂခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ပြီးနောက်ပိုင်း သမဂ္ဂခေါင်းဆောင်တွေမရှိတော့တာကြောင့် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ဖြေရှင်းရန်ခက်ခဲနေပြီး အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကလုပ်ငန်းခွင်မှာအ‌ဆင်‌ပြေပြီး သမဂ္ဂအဖွဲ့အစည်းရှိတဲ့အတွက်ဥပဒေခံစားခွင့်များလည်းရရှိပြီး၊ ယခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ သမဂ္ဂခေါင်းဆောင်များကိုလုပ်ငန်းခွင်ထဲ စစ်တပ်မှလာရောက်ရှာဖွေခြင်း၊ ဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့်လုပ်ငန်းခွင်ထဲမရှိတော့သည့်အတွက်အလုပ်ရှင်မှအလုပ်သမားများကိုအမျိုးမျိုးဖိအားပေးတာ တွေအပါအဝင်  ဉပဒေပါ ခွင့်ခံစားခွင့်တွေလည်း မရရှိတော့ဘူးလို့ ဆိုပါတယ်။

“ကျွန်မတို့အလုပ်သမားတွေမှာ ခွင့်ယူလို့မရရင် ဒီအတိုင်းရက်ပျက်ရတဲ့အခြေနေမှာတစ်ရက်ပျက်လျှင် ၇၀၀၀ကျော်အဖြတ်ခံရပါတယ်။ လူမူဖူလုံရေးခွင့်ယူမယ်ဆိုလျှင်လည်း[၂]ရက်ကြိုပြီးပြောရတာ ၊ဆေးခွင့်ယူလျှင်လည်းကြိုးမပြောလို့ဆိုပြီး ဆေးခွင့်လုံးဝမပေးတာ တွေရှိတယ်"လို့ လှိုင်သာယာ စက်မှုဇုန် ၃ ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်းမှာ ဖွင့်လှစ်ထားတဲ့ YES1      Garment အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ပြောင်းလဲလိုက်တဲ့ အလုပ်ချိန်အရ မနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိ ဖြစ်ပြီး လုပ်ငန်းခွင်အတွင်းစည်းကမ်းများချိုးဖောက်ပါက သတိပေးဝမ်တိမ်ထိုးခိုင်းတာမရှိဘဲ အလုပ်မှ ထွက်ရမည်ဖြစ်ကြောင်း ပြောဆိုမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင့် စက်ရုံပိတ်မည်ဟု သတင်းများထွက်နေသော်လည်း မေးမြန်းသည့်အခါမှာတိကျတဲ့ အဖြေမရရှိဘဲ ချိုးဖောက်မှုတွေသာ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းအထည်စံချိန်တောင်းခံရာတွင်အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သည့်ထက်ပို၍တောင်းခံပြီး လုပ်ငန်းခွင်အတွင်းအုပ်ချုပ်သူအောစူပါ၊စူပါများမှာစံချိန်များတောင်းခံရာတွင်ဆဲဆိုခြင်း၊ အော်ဟစ်ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စံချိန်ပြည့်မှီအောင်မပေးသောလိုင်းများရှိ အလုပ်သမားများပုံမှန်ဆင်းနေသော အိုတီ နှစ်နာရီမခေါ်တော့ဘဲ စံချိန်ပြည့်မှီအောင်ချုပ်ပေးမှ အိုတီဆက်ခေါ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသော လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေကို အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရှိစဉ်က သမဂ္ဂခေါင်းဆောင်များက ဖြေရှင်းပေးတာတွေရှိပြီး အခုချိန်မှာတော့ ယင်းအခက်အခဲတွေကို မပြေလည်မှုတွေကြားက ဖြေရှင်းနိုင်မှုမရှိဘဲ လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ယခုလို လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ YES1      Garment အထည်ချုပ်စက်ရုံက ကိုရီးယားနိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၅၀၀ ဝန်းကျင်နဲ့ BLACK YAK အမှတ်တံတွေချုပ်လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားများခံစားခွင့်ရှိသော  ခွင့်ရက်များကို ဥပဒေနှင့်အညီခွင့်ပေးရန်  လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်းချက်များထုတ်ရာတွင်အလုပ်ရှင်ဘက်မှတစ်ဖက်သတ်စည်းကမ်းချက်များမထုတ်ရန်၊ အထည် စံချိန်များတောင်ခံရာတွင်အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သောစံချိန်ကိုတောင်းခံရန်နဲ့ အောစူပါ၊စူပါများဆဲဆိုခြင်း၊ရိုင်းစိုင်စွာပြောဆိုခြင်းများမပြုလုပ်ရန်လိုလားနေတယ်လို့ဆိုပါတယ်။

 

 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026