NEWS

သမဂ္ဂခေါင်းဆောင်တွေကို အလုပ်မခေါ်ဘဲ ချန်လှပ်ထားခဲ့

CoverLogo
953 Views

ရွှေပြည်သာ GY Sen စက်ရုံ  ပြန်လည်ဖွင့်လှစ်ပါက လူဟောင်း ဦးစားပေးခေါ်ယူမယ်ဆိုတဲ့ကတိနဲ့ စက်ရုံပိတ်သိမ်းပြီး စက်ရုံဖွင့်လှစ်ချိန်တွင် သမဂ္ဂခေါင်းဆောင်များကိုပြန်လည်ခေါ်ယူခြင်းမရှိဘဲချန်လှပ်ထားခဲ့

ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ အလုပ်သမားထောင်ချီရှိတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံ GY Sen စက်ရုံဟာ  ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်မှာ "စက်ရုံပြန်လည်ဖွင့်လှစ်ပါကလူဟောင်းတွေ  ဦးစားပေးခေါ်ယူမယ်"ဆိုတဲ့ ကတိဖြင့် စတင်ပိတ်သိမ်းလိုက်တာဖြစ်ပေမဲ့ ယခုအချိန်မှာတော့ သမဂ္ဂခေါင်းဆောင်တွေကို ပြန်လည်ခေါ်ယူခြင်းမရှိဘဲ လည်ပတ်နေတယ် လို့ အဲ့ဒီစက်ရုံကအလုပ်သမားများထံမှသိရပါတယ်။  

အဲ့ဒီစက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့လက်ရှိကုန်စျေးနှုန်းနှင့်အလုပ်သမားဒေးကြေးလုံလောက်မှုမညီမျှခြင်းကြောင့်အလုပ်သမားတွေလုပ်ခလစာတိုးမြင့်ရရှိရေးအတွက် တောင်းဆိုခဲ့ဖူးတာလဲ ဖြစ်ပါတယ်။
“ပထမက သူတို့ကပြန်ဖွင့်ရင်ဦးစားပေးခေါ်မယ်ဆိုတဲ့ စာချုပ်နဲ့ဆိုတော့ကတိတည်မယ်ထင်တော့ ကျွန်တော်ညှိပေးခဲ့တယ်။ တကယ်က သူတို့ဘက်ကကျွန်တော်တို့ သမဂ္ဂကိုသတ်သတ်မဲ့ဖြိုခွဲလိုက်တယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဲ့တာကြောင့်ပါ သမဂ္ဂ၀င်တွေခေါင်းဆောင်တွေချည်းပဲချန်ခဲ့တာ”လို့ အဲ့ဒီစက်ရုံကအလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဆိုပါစက်ရုံဟာ  ဖေဖော်ဝါရီ (၂၈) ရက် နေ့က ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး လုပ်သက်အလိုက်နစ်နာကြေးများပေးခဲ့ပေမဲ့ အလုပ်သမားများအမှန်တကယ်ရသင့်သည့်ပမာဏထက် လျော့နည်းကာ အဆင်မပြေမှုများရှိခဲ့ပေမဲ့  စက်ရုံပြန်လည်ဖွင့်လှစ်ပါက  ပြန်လည်ခေါ်ယူမည့်စာချုပ်ဖြင့် လက်ခံထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ CMP  စနစ်နဲ့  PRIMARK အမှတ်တံဆိပ်ကို ချုပ်လုပ်ခဲ့တာဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ် ပြည်တွင်းမှ ထွက်ခွာရာတွင် တပါးတည်း စက်ရုံကို ပါ ပိတ်သိမ်းခဲ့တာပါ။

စက်ရုံက ပြန်လည်လုပ်ငန်းလည်ပတ်ပါက ပြန်လည်ခေါ်ယူမည်ဆိုထားပေမဲ့  လက်ရှိမှာတော့စက်ရုံပိတ်ပြီးတစ်လမပြည့်ခင် မတ်လ ၁၄ ရက်နေ့မှာကတည်းက  စက်ရုံမှာတစ်လိုင်းလျှင်အလုပ်သမား ၆၀ ဦးဖြင့် စက်လိုင်း၇လိုင်းစာစတင်ခေါ်ယူလုပ်ကိုင်ခဲ့တာဖြစ်ပြီး  ဧပြီ၂၁ရက်နေ့အထိမှာတော့  အလုပ်သမားများစွာခေါ်ယူလည်ပတ်နေတာဖြစ်ပေမဲ့  သမဂ္ဂခေါင်းဆောင်တွေကိုခေါ်ယူခြင်းမရှိဘဲ  အပြင်ကလူများကိုသာခေါ်ယူထားတာဖြစ်ပြီး  ယခင်အလုပ်သမားဟောင်းများထဲမှ  စူပါများက၎င်းတို့ရဲ့ သိကျွမ်းတဲ့သူတွေကိုသာ ရွေးချယ်ခေါ်ယူနေတာဖြစ်တယ်လို့  သိရပါတယ်။

စက်ရုံပိတ်သည်ဟုဆိုကာ ပြန်လည်ဖွင့်လှစ်ပါကဦးစားပေးခေါ်ယူမယ်ဆိုတဲ့ ကတိစာချုပ်ဖြင့် အလုပ်ရပ်နားလိုက်တဲ့ အလုပ်သမားတွေထဲကခွဲခြားခေါ်ယူမှုတွေပြုလုပ်နေတာဖြစ်တဲ့အပြင်  စက်ရုံပိတ်စဉ်ကပြန်လည်ခေါ်ယူဖို့ညှိနှိုင်းပေးခဲ့တဲ့  အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကိုတော့ ခေါ်ယူခြင်းမရှိတာကြောင့်  စက်ရုံဟာသမဂ္ဂအဖွဲ့ကိုဖြိုခွဲလိုက်ခြင်းသာဖြစ်တယ်လို့  ၎င်းကဆိုပါတယ်။

GY San အထည်ချုပ်စက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်တဲ့ စက်ရုံဖြစ်ပြီး  ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အပြီး ပိတ်သိမ်းမယ်လို့ စက်ရုံတွင်း ကြေညာမှုတွေကိုသာပြုလုပ်ခဲ့ပြီး  ခွင့်ပြုချက်တင်တာမျိုးမရှိခဲ့တဲ့အပြင်   ပိတ်သိမ်းမှုအပေါ် လက်မခံတဲ့ အလုပ်သမားတွေအပေါ်ဖိအားပေးတာတွေနဲ့ သမဂ္ဂတွေက လက်မှတ်မထိုးလို့ ထိုးအောင်ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဝါးတရာ စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံဖြစ်တဲ့ GTIG နဲ့ GYSen တို့ အော်ဒါမရတော့ တဲ့ အကြောင်းပြချက်နဲ့  ပိတ်သိမ်းခဲ့တာဖြစ်ပြီး အလုပ်သမား ၂ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီး လက်ရှိမှာတော့ GTIG စက်ရုံက နေ့စားသမားတွေနဲ့ လည်ပတ်နေပြီး GYSen စက်ရုံကတော့ သမဂ္ဂ ခေါင်းဆောင်တွေကို ချန်လှန်ကာ ပြန်လည် ဖွင့်လှစ်လည်ပတ်နေတာ လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026