ARTICLE

"သတိ လူဖမ်းပွဲရှိသည်"

CoverLogo
1.4K Views

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်သားတွေနဲ့ ပူးပေါင်း အဖွဲ့တွေက  ရန်ကုန်မြို့က မြို့နယ်အချို့ရဲ့ ရပ်ကွက်တွေမှာ ညပိုင်းအချိန် လူငယ်ဖမ်းဆီးမှုတွေကို ယခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြုလုပ်လာတာတွေ မြင်တွေ့လာရပါတယ်။

ခပ်စိပ်စိပ် ဖြစ်လာတဲ့ အဖမ်းအဆီးတွေကြောင့် ညပိုင်းတွေမှာ အိမ်ပြန်ရတဲ့ အလုပ်သမားတွေအခက်အခဲဖြစ်လာတယ်လို့  ပြောပါတယ်။ 

ဒီဇင်ဘာ ၁၂ ရက်နေ့ လောက်ကစလို့ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊မြောက်ဒဂုံ၊  မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ ရွှေပြည်သာ  စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာ  လူငယ်တွေအလုပ်ပြန်ချိန် ညပိုင်းအချိန်တွေမှာ ပေါ်တင်ဖမ်းဆီးခံနေရတယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီက သိရပါတယ်။ 

"လူငယ်ပျောက်တာတွေကိုခပ်စိပ်စိပ်တွေ့လာရတယ်။  ပေါ်တာဆွဲတာတွေကိုလည်း မျက်မြင်တွေ့သူတွေကတွေ့လာကြပြီဆိုတော့ ကျွန်တော်တို့လည်း ညဘက်အလုပ်ဆင်းချိန်တွေမှာ ၆ နာရီကတည်းကဆင်းပေးဖို့ သူဌေးကိုပြောထားရတယ်။ သူဌေးကလည်း သူလည်းသတင်းတွေကြားနေရလို့ ပြန်ဆင်းပေးမယ်ပြောတယ်။  ပြောမရတဲ့အလုပ်သမားတွေအတွက် စိတ်ပူရတယ်။ ည ၈ နာရီဆို စစ်ဆေးတာတွေဖမ်းဆီးတာတွေစနေပြီ အိမ်ထဲအောင်းနေမှရမယ်ထင်တယ်"လို့ လှိုင်သာယာမှာနေထိုင်တဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ဒါ့အပြင် နေ့လည်နေ့ခင်းဘက်တွေမှာလည်း အလုပ်ရှာပေးမယ်ဆိုကာ အလုပ်လျှောက်တဲ့ လူငယ်တွေကို လိုက်လံခေါ်ယူတဲ့ ဖြစ်စဉ်လဲ ကြုံတွေ့နေရတယ်လို့ စက်မှုဇုန်လုပ်သားတွေကပြောပါတယ်။ တချို့ကတော့ တက္ကစီတွေ ၊ အိမ်စီးကားတွေနဲ့ပါ အသွင်ယူပြီး ပေါ်တာဆွဲတဲ့ ဖြစ်စဉ်တွေလဲ ကြုံရသူတွေရှိနေပါတယ်။

ယခုရက်ပိုင်းတွေမှာ တော့ ည ၉ နာရီဝန်းကျင်အချိန်လောက်ကစပြီး စစ်ဝတ်နဲ့အရပ်ဝတ် ဝတ်ဆင်ထားသူတွေဟာ စစ်ကားနဲ့လူငယ်တွေကို ခေါ်ဆောင်သွားကြတာတွေ ဆက်တိုက်ပြုလုပ်လာတာဖြစ်သလို ၈ နာရီကနေ ၉ နာရီခွဲအချိန်တွေအတွင်းမှာဖြစ်ပွားနေတာကြောင့် ညပိုင်းအိမ်ပြန်နောက်ကျရတဲ့ အလုပ်သမားတွေနဲ့  စက်ရုံအလုပ်ရုံကအလုပ်သမားတွေအတွက် စိုးရိမ်စရာတွေပါဖြစ်လာကာ ညဘက်အချိန်ပို မဆင်းရဲလို့ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေပါကြုံလာရတယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့ကတော့ သူဌေးကိုပြောရလို့အိမ်ပြန်ချိန်ဖယ်ရီစီစဉ်ပေးလို့ ကိစ္စမရှိဘူး။ ဖယ်ရီလည်းမရှိဘူး။ အချိန်ပိုလည်းမဆင်းမနေရဆင်းရမဲ့ အလုပ်သမားတွေကျ ပေါ်တာဆွဲခံရမှာကြောက်လို့ အလုပ်ကနေပဲထွက်ရ မလားဘဲလို့တောင်ပြောနေပြီ" လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်တိုင်းအတွင်းမှာ  စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေတာမျိုးတွေကို ပထမအကြိမ်က စာပို့ခေါ်ဆောင်ပြီးမှ  စစ်မှုမထမ်းရဖို့ ရပ်ကွက်ရုံးတွေကို  ငွေပေးရတာမျိုးတွေရှိခဲ့ပြီး ယခုတစ်ကြိမ်မှာလည်း စစ်မှုမထမ်းမနေရ တပ်သားသစ်စုဆောင်းနေတာမျိုးတွေရှိနေပြီဖြစ်သလို  ယခုတစ်ကြိမ် အပတ်စဉ် ၈ မှာတော့  ငွေပေးလို့မရတော့ဘဲ ခေါ်ရင် မဖြစ်မနေ  လိုက်ရမှာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်နေပါတယ်။

အဆိုပါသတင်းတွေအပြင် မျက်မြင်ကြုံတွေ့မှုတွေပါရှိ လာလို့  အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းအရွယ်ရှိတဲ့ အမျိုးသားတွေဟာစိုးရိမ်နေကြရပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်က ဒေါပုံမြို့နယ်၊ ဒေါပုံတံတားဟောင်း ဂျပန်တံတားဘေး ပန်းခြံလုပ်ထားတံတားဟောင်းအနီးမှာ အမျိုးသား ၃ဦး ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတဲ့ သတင်းထွက်ပေါ်သလို မြောက်ဒဂုံအတွင်းမှာလည်း ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၃ ရက် နှစ်ရက်အတွင်း ၁၀ ဦးခန့်အထိ ဖမ်းခံခဲ့ရပြီး ဒီကနေ့သိရှိရချက်အရ  ပြန်လည်လွတ်မြောက်လာသူဟာ ၂ဦးသာရှိတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ 

"မနေ့ကဆို မြောက်ဒဂုံထဲက ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့ အေးဂျင့်ဆိုင်နားမှာ စစ်သားတွေကားရပ်ထားပြီး ကားပေါ်ကဆင်းလာပြီး အေးဂျင့်ဆိုင်ထဲကလူငယ်တွေကို ခေါ်သွားတယ်။ အချိန်ကလည်းအရမ်းနောက်မကျဘူး။ ၈နာရီပတ်ချာလည်လောက်ပဲရှိသေးတယ်။ ၃ ယောက်လောက်ပါသွားတယ်။  သူကဘီယာကိုသောက်ချင်သောက် အိတ်အမဲနဲ့မယူရဘူးတဲ့။ လမ်းပေါ် ပေါ်တင်ကိုင်ပြီးသောက်သွား အိတ်အမဲနဲ့မဆွဲရဘူးပြောတယ်။ နောက်ပြီး လမ်းဘေးထိုင်သောက်ရင်ဖမ်းမယ် ပြီးရင်တော့ ငြင်းလို့မရဘူး စစ်မှုထမ်းရမယ်ဒါက တရားဝင်ပဲ ငွေပေးလည်း မရဘူးလို့ ပြောလိုက်တယ်"လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ဒါဟာ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင်စည်းကမ်းနဲ့အညီ ခေါ်ယူခြင်းဖြစ်တယ်လို့  ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အသိပေးအကြောင်းကြားတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။ 

ဒါ့အပြင်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများအနေနဲ့ MoU စာချုပ်သက်တမ်းပြည့်ချိန်မှာ စစ်မှု ထမ်းဖို့ဆင့်ခေါ်ခြင်းခံရပါက  မဖြေမနေစစ်မှုထမ်းဖို့ပြန်လာဖို့ကိုလည်း စာချုပ်တွေမှာ ထည့်သွင်းချုပ်နေရ ပြီလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေတာ  အပတ်စဉ် ၇ အထိရောက်နေပြီး စစ်မှုထမ်းအမှတ်စဉ်တစ်ခုကို လူ ၅ထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အား ၅ သောင်း ခေါ်မယ်လို့ စစ်ကောင်စီက  နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါသေးတယ်။  

အဲ့ဒီလို သတင်းတွေအပြင်  လူငယ်ပျောက်ဆုံးမှုတွေနဲ့ ဖမ်းဆီးခံရမှုတွေပါ ဆက်တိုက်ဖြစ်လာလို့ ရန်ကုန်မြို့က လူငယ်အလုပ်သမားတွေအနေနဲ့ အလုပ်ဆင်းအိမ်ပြန်ချိန်တွေမှာ စိုးရိမ်စိတ်များစွာဖြင့် နေထိုင်လာရတာဖြစ် သလို အလုပ်ဆင်းချိန်နောက်ကျပါက  မိသားစုဝင်တွေကပါ လုပ်ငန်းခွင်အရှေ့ထိ လိုက်လံခေါ်ဆောင်ပေးရတာတွေပါရှိလာပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026