NEWS

သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားများ အချိန်ပို ဆင်းပေးရ

CoverLogo
568 Views
 
ရန်ကုန်မြို့၊ စက်မှုဇုန်တွေက အထည်ချုပ်အလုပ်သမားတွေဟာ သင်္ကြန်ပိတ် ပိတ်ရက်အတွက် ရက်သတ္တပတ် ပိတ်ရက်နဲ့ တရားဝင် ရုံးပိတ်ရက်တွေမှာ အချိန်ပို လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" ရက်သတ္တပတ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အချိန်ပိုတွေဆင်းပေးကြရတယ်။ တချို့ စက်ရုံတွေက သင်္ကြန်အစားထိုးရက်ကို အလုပ်ချိန်အပြင် နေ့တိုင်းအိုဗာတိုင်ပါ ခေါ်တဲ့အတွက် အလုပ်သမား တွေက မဆင်းချင်ကြဘူး။ အလုပ်သမား ဦးစီးဌာနကို အကူအညီ တောင်းရတာတွေလည်း ရှိနေတယ်"လို့ ပြည်တွင်း အလုပ်သမားရေး ကူညီဆောင်ရွက်သူ တဦးက ပြောပါတယ်။
 
သင်္ကြန် ပိတ်ရက် ၉ ရက် ရှိတဲ့အတွက် အထည်အော်ဒါ အချိန်မီဖို့ ဆိုပြီး အလုပ်သမားတွေကို အတင်းအကျပ် အချိန်ပိုခေါ် ယူ ခိုင်းစေနေတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
သင်္ကြန်ပိတ်ရက်အတွက် ရက်အစား အချိန်ပိုတွေ ခိုင်းနေတာ ဖေဖော်ဝါရီ လကုန်ပိုင်းကတည်းကဖြစ်ပြီး မတ်လထဲက အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တောင်သူလယ်သမားနေ့နဲ့ တပ်မတော် နေ့လို့ ပိတ်ရက်တွေအပြင် ရက်သတ္တပတ်ပိတ်ရက် တနင်္ဂနွေနေ့တွေပါ အလုပ်ဆင်းခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကျွန်မတို့ အထည်ချုပ် စက်ရုံမှာ ဖေဖော်ဝါရီ လကုန် တနင်္ဂနွေနေ့မှာ သင်္ကြန်ရက်စားဆိုပြီး စဆင်းနေရတယ်။ မတ်လထဲက ပိတ်ရက် လေးရက်လည်း ဆင်းခဲ့ရတယ်။ လုပ်ခက အချိန်ပိုရက်တွေပဲ ၊ ရက်စားဆိုပြီး လုပ်ခ နှစ်ဆ ကို စက်ရုံက မပေးဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ရက်သတ္တပတ်ပိတ်ရက်နဲ့ အများပြည်သူပိတ်ရက်တွေကိုပါ ရက်အစားထိုးခေါ်ယူနေတာတွေကြောင့် အလုပ်သမားတွေ ပိတ်ရက်မရှိဘဲ အလုပ်ဆင်းပေးနေရတာတွေရှိသလို တချို့စက်ရုံတွေက ညလုံးပေါက် အချိန်ပို ဆက်တိုက်ခေါ် ယူ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီလိုအချိန်ပို မတရားခိုင်းစေနေတာတွေကို အလုပ်သမားရုံးက ခွင့်ပြုထားတာမရှိပေမဲ့ အထည်ချုပ်စက်ရုံ ၉၀ ရာခိုင်နှုန်းက သင်္ကြန်ပိတ်ရက်အတွက် ရက်အစားဆင်းခိုင်းနေတာကိုလည်း တွေ့ရပါတယ်။ တချို့ အထည်ချုပ် စက်ရုံတွေက ရက်ပေါင်း ၂၀ နားရက်မရှိ လုပ်ကိုင်ခိုင်းတာတွေရှိတာကြောင့်် အလုပ်သမာရုံးကို တိုင်ကြားခဲ့ တာတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောကြားထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026