NEWS

ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား

CoverLogo
239 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ True Green City ပလတ်စတစ်စက်ရုံ ကုန်ကြမ်း​ရွေးဌာန မှ အလုပ်သမား ၁၅ဦး ဓာတု အဆိပ်သင့်မှု ဖြစ်ပွားခဲ့တာ​ကြောင့် အ​ရေး​ပေါ်​ဆေးကုသမှု​တွေခံယူခဲ့ရတယ် လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
 
ဖြစ်စဥ်နဲ့ပတ်သက်ပြီး စက်ရုံရှိ အလုပ်သမားသမဂ္ဂက အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန (အလရ)ကို စာတင်ထားပြီး သက်ဆိုင်ရာဌာနမှတာ၀န်ရှိသူ​တွေလာ​ရောက်စစ်​ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ True Green City စက်ရုံ တွင် မတ်လ၁၉ ရက်နေ့မှစပြီး စက်ရုံရှိ အလုပ်သမား(၃)ဦး တွင် အနီကွက်များ စတင်ပေါ်လာပြီး အပိန့်များထွက်လာသဖြင့် မတ်လ၂၀ရက် တွင် ဆေးရုံပြခဲ့ရတယ်လို့ သိရပါတယ်။
 
ထပ်မံပြီး မတ်လ၂၂၊၂၃၊၂၄ရက်တို့ တွင် အလုပ်သမား ၁၂ဦး မှာ လည်း ၎င်းလက္ခဏာ များ ဖြစ်လာတာကြောင့် ဆေးခန်း ပြခဲ့ရကာ စက်ရုံလုပ်သား (၁၈)ဦးထိဟာ ဓာတုဗေဒပစ္စည်းအသုံးပြုရာမှရရှိတဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် ဆေးရုံနှင့်ဆေးခန်း များတွင် ဆေးကုသခဲ့ ရတယ်လို့ သိရပါတယ်။
 
ဆရာဝန်၏ ဆေးစာမှတ်ချက်တွင်လည်း “ဓာတုဗေဒ/ဓာတ်ပစ္စည်းနှင့်ထိတွေ့၍ ဓာတ်မတည့်ခြင်းဖြစ်တယ်လို့မှတ်ချက်ပေးထားပြီး ရေရှည်ထိတွေ့လျှင် အန္တရာယ်ရှိနိုင်ကြောင်းကိုလည်း သတိပေးထားပါတယ်။
 
ဒါ့အပြင် စားမိလျှင်/ရေရှည်ရှုရှိုက်မိပါက ပို၍ အန္တရာယ်ရှိသည်” ဟူ၍ လည်းကောင်း ဆေးမှတ်တမ်းစာအုပ်တွင်မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ကသတင်းထုတ်ပြန်ထားပါတယ်။
 
အဆိုပါ True Green City စက်ရုံတွင် အလုပ်သမား (၂၀၀) ဝန်းကျင်ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊မဟာမြိုင်လမ်းမှာ ဖွင့်လှစ်ထားတာ လို့ သိရပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026