NEWS

ဝန်ထမ်း​တွေအတွက် သောက်ရေကန်ကိုအိမ်သာနဲ့တွဲ​ပေးထားတဲ့ လှည်းကူးက ဖိနပ်ချုပ်စက်ရုံ ၊ တိုင်လဲ အ​ရေးမယူဟုဆို

CoverLogo
1.6K Views

"ဝန်ထမ်းတွေသောက်တဲ့ရေကန်ကိုအိမ်သာနဲ့ပေါင်းထည့်လိုက်တယ်၊ အနံ့အသက်ကလည်း အရမ်းဆိုးတယ် အံမထွက်ရုံတမယ်ပဲဘယ်လောက်ယုတ်မာလဲဗျာ ဒီစက်ရုံကဘယ်သူ့တိုင်တိုင် ဂရုမစိုက်ဖူးဖြစ်နေတာပိုင်ရှင်တရုတ်ထက်စီမံခန့်ခွဲတဲ့မြန်မာတွေကပိုဆိုးနေတာ"

ဒါကတော့လှည်းကူးမြို့ပြည်တော်သာရပ်ကွက်မှာအ​ခြေချလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင်မီလာဂါးဒင်းဖိနပ်ချုပ်စက်ရုံရဲ့လက်ရှိအခြေအနေကိုစက်ရုံလုပ်သားတဦးကပြောပြတာပါ။

"အိမ်သာထဲမသွားဘဲ ​​ရေ​သောက်ရင်​တောင် အရမ်းဆိုးတယ်၊ တခါတ​လေ တီ​ကောင်ပါတယ်​ရေက၊ သောက်ရေကိုပေးတဲ့ရေစက်နဲ့အိမ်သာသုံးတာနဲ့တစ်စက်ထဲ ပြီးမှပိုက်တွေဘားတွေနဲ့ပြန်ခွဲတာ" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

ဒါ့အပြင်မီလာဂါးဒင်းဖိနပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု့တွေရှိနေတဲ့အပြင်အလုပ်သမားအခွင့်အရေးအတွက်တိုင်ကြားသူတွေကိုဖမ်းဆီးတာ အလုပ်ဖြုတ်ပစ်တာတွေပါရှိနေတယ်လို့စက်ရုံဝန်ထမ်းတွေက MLN ကိုပြောပါတယ်။

"သူတို့ကတော့ကျတော်တို့ကိုကျွန်လိုဆက်ဆံတာဘယ်တိုင်တိုင်ဂရုလဲမစိုက်ဘူး ရှင်းတယ် ဒီစက်ရံမှာစီမံခန့်ခွဲနေတာကိုယ့်လူမျိုးမြန်မာတွေချည့်ပဲတရုက်ကမသိရင်တောင်ဒီလူတွေသိသင့်တယ်"လို့အမည်မဖော်လိုတဲ့စက်ရုံဝန်ထမ်းကပြောပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီးဝန်ထမ်းတွေကမကျေနပ်ကြပေမယ့်တိုင်ပါက အရေးယူမယ့်သူမရှိတဲ့အခြေအနေဖြစ်နေတဲ့အတွက်စက်ရုံကလုပ်သမျှခံနေရတယ်လို့သတင်းပေးပို့တဲ့စက်ရုံလုပ်သားကဆိုပါတယ်။

အဆိုပါစက်ရုံဟာတရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီး UK အပါအဝင်ဥရောပနိုင်ငံတွေကို 
L.L.beann. GEOX . HUNTER အစရှိတဲ့ဖိနပ်တံဆိပ် Brand တွေပေးပို့နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

"ခုကအလုပ်သမားတွေဆီကနေ တရက်တရက်ကိုပစ္စည်းတွေတိုးတောင်းလာတယ် ဒီနေ့ ၅၀ ဆိုနောက်နေ့ ၇၀ မပြီးရင်ထမင်းစားချိန်လဲမရဘူး ပြန်ချိန်လဲမရဘူးတိုးခိုင်းတာ"လို့စက်ရုံလုပ်သားတဦးကပြောပါတယ်။

ဒီလိုလုပ်အားအဓမ္မတိုးခိုင်းတာတွေရှိနေပေမယ့်အချိန်ပိုကြေးကို ၂ နာရီစာသာပေးတဲ့အပြင်တညလုံးဆင်းမှ၂ နာရီစာသာရနေတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။

"အစိုးရရုံးပိတ်ရက်ဘာညာလဲခေါ်တယ် တောက်လျောက်မဆင်းတဲ့သူဆိုနောက်နေ့ ဖိအားပေးခံဝန်ထိုးခိုင်းတယ်အလုပ်ထုတ်တယ် မြို့နယ်အလုပ်သမားရေးသွားတိုင်တော့လဲတိုင်တဲ့သူကိုမသိမသာစုံစမ်းပြီး စက်ရုံထဲမှာအငြိုးနဲ့အပစ်ရှာပြီးမရမကအလုပ်ထုတ်တယ်ဆိုတော့အကုန်ခံနေရတယ်"လို့လုပ်သားတဦးကဆက်ပြောပါတယ်။

အဆိုပါမီလာဂါးဒင်းစက်ရုံတွင်းအခြေအနေတွေကိုစစ်အာဏာမသိမ်းခင်ကတည်းကတိုင်ကြားထားတာမျ်ုးရှိခဲ့တဲ့အပြင် ယခုလိုအလုပ်သမားရုံးတွေကမဖြေရှင်းပေးနိုင်တဲ့အခြေအနေတွေမှာလဲဆက်လက်တိုင်ကြားခဲ့ပေမယ့်အခြေအနေထူးတာမျိုးမရှိခဲ့ဖူးလို့လဲသိရပါတယ်။

"အချိန်ပိုကိုလိုသလောက်ခေါ်လုပ်ခြင်တိုင်းလုပ်နေတာအာဏာရှင်ဆန်ဆန်ပဲ ဘယ်မှလဲခုဟာကတိုင်လို့မရဘူးဖြစ်တာအလုပ်သမားဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာမြင်နေရဲ့သားနဲ့ဘာမှလုပ်မရဘူး"လို့အဆိုပါစက်ရုံမှဝန်ထမ်းတဦးက MLN ကိုပြောပြပါတယ်။

ထိုကဲ့သို့အလုပ်သမာအးခွင့်အရေးချိုးဖောက်မှု့တွေရှိနေပေမယ့် တိုင်ကြားခွင့်မရတဲ့ အပြင်တိုင်ကြားသူတွေကိုပါစက်ရုံဖက်ကဒုက္ခပေးနေတာတွေကြောင့် စက်ရုံအလုပ်သမားတွေအခက်တွေ့နေရတယ်လို့ဆိုပါတယ်။

မီလာဂါးဒင်းစက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားဦးရေ ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။

(ယခုလက်ရှိအခြေအနေကိုသတင်းပေးပို့လာတဲ့စက်ရုံအလုပ်သမားများရဲ့လုံခြုံရေးအခြေအနေကြောင့်အမည်မဖော်လိုသူတဦးအနေနဲ့သာMLNကဖော်ပြထားပါတယ်)


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026