NEWS

လှိုင်သာယာ အလုပ်သမားရုံးများ တိုင်ကြားမှုအား ဖြေရှင်းမပေးမှု များလာ

CoverLogo
838 Views

လှိုင်သာယာမြို့နယ်ထဲက အလုပ်သမားရုံး တာဝန်ရှိသူတွေက တိုင်ကြားမှုတွေကို ဖြေရှင်းမပေးတာတွေ များလာ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ကျွန်တော်က အနောက်ပိုင်းရုံးမှာ တိုင်စာတင်ပါတယ် ။ ဒါပေမယ့် ရုံးတွေက တိုင်စာကို လက်မခံပါဘူး။ စက်ရုံကို ဖုန်းဆက် ပြောလိုက်မယ်လို့ပဲ ပြောပါတယ်” လို့ အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမားတစ်ဦး က ပြောပါတယ်။

အလုပ်သမားအများစု လုပ်အားနဲ့  ရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတာ၊ ဥပဒေ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး အချိန်ပို အလွန် အကျွံ ဆင်းနေရတာ၊  လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေနဲ့ အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေ ဖောက်ဖျက်ကျူးလွန်တာတွေ ဖြစ်ပွားနေတယ်လို့ အလုပ်သမာတွေက  ပြောပါတယ်။ 

“ကျွန်မတိုတစ်တွေ အနောက်ပိုင်းရုံးမှာ သွားတိုင်ဖူးတယ်။ အလုပ်ရှင်ဘက်က ကျူးလွန်တာ သိသိကြီးတောင် ဦးစီးမှူးတွေက ကျွန်မတိုကိုပဲ  ဆူတယ်၊ ပြောတယ်” ဆိုပြီး အလုပ်သမားတဦးက ပြောပါတယ်။  

အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး အကြောင်းကြောင်းကြောင့်  အလုပ်သမား အများစု တိုင်ကြားမှုတွေ မလုပ်နိုင်ဘူးလိုလည်း အလုပ်သမားတွေက ပြောပါတယ်။ 

အဲဒီလို တိုင်ကြားမှုတွေ မလုပ်နိုင်တာက  အလုပ်သမားရုံးတွေအပေါ် ယုံကြည်အားကိုးမရလို့ ဖြစ်တယ်ဆိုပြီး အလုပ်သမားတဦးက ပြောပါတယ်။  

“စက်ရုံမှာ တစ်ပတ်ကို အိုတီပေါင်း ၄၀ နာရီအကျော်မှာ ဆင်းနေရတယ်။ မဆင်းရင် မကြားဝံ့မနာသာ အပြော ခံရတယ်၊ ပြီးတော့ အလုပ်ကနေ ထုတ်တယ်။ ရုံးတွေကို တိုင်ရင် ကိုယ်က ပြန်မရောက်သေးဘူး စက်ရုံကို သတင်း ပို့ပြီးနေပြီ။ စက်ရုံမှာလည်း ပိုက်ဆံထုပ်နဲ့ အလုပ်ထုတ်ဖို ပြင်ထားပြီးပြီ။ အလုပ်သမားရုံးတွေက အဲ့လောက်ကို မယုံကြည်ရတော့တာပါ။” လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။  

အလုပ်သမားရုံးတွေက တိုင်စာတွေရောက်လာရင် ချက်ချင်း လက်မခံတာ၊ အချိန်ဆွဲတာ၊ စက်ရုံဘက်ကို အကြောင်းကြားတာတွေကို ဆောင်ရွက်နေတာလို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။ 

“စက်ရုံဘက်က ချိုးဖောက်တာကို တိုင်လိုက်ရင် WCC နဲ့ ရှင်းခိုင်းတယ်။ WCC ကလည်း ဘာမှလုပ်မပေးဘူး၊ ဒါနဲ့ အလုပ်သမားက  လိုင်းထဲပြန်ရောက်သွားတယ်။ ဖြစ်တဲ့ ပြဿနာကို စက်ရုံဘက်က တာဝန်ခံပြီး မရှင်းပေးဘူး။ နောက် အလုပ်သမားကို နေရာ ပြောင်းပြန်တယ်၊ အဲလိုတွေ ဆက်တိုက်ဖြစ်လို့ တိုင်ပြန်တော့ တပတ်ချိန်း ပြန်တယ်။ အချိန်တွေဆွဲတာပေါ့။ အဲဒီကာလထဲမှာပဲ တိုင်တဲ့ အလုပ်သမားက ဘယ်လိုမှ လုပ်ငန်းခွင်ထဲမှာ နေမရ တော့ဘူး၊ မနေနိုင်တော့ဘူး။ “ လို ပြောပါတယ်။ 

စက်ရုံအတွင်း အလုပ်သမားပြဿနာတွေက အလုပ်သမားရုံးတွေရဲ့ အချိန်ဆွဲ ဖြေရှင်းတာတွေကြောင့်လည်း အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာ  ထိခိုက်တာတွေ ဖြစ်ရတယ်လို့လည်း ဆက်ပြောပါတယ်။

လှိုင်သာမြိုနယ် အရှေ့ပိုင်း အလုပ်သမားရုံးတွေမှာလည်း အလားတူ ကိစ္စရပ်တွေရှိနေပြီး သူဌေးတွေကို ကြောက်ရကြောင်းနဲ့ အဲ့ဒီ သူဌေးဆိုသူတွေဟာ အလုပ်သမားအရာရှိတွေရဲ့ အထက်က လူတွေလိုလည်း ထုတ်ဖော်ပြောကြားတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews

#MyanmarLabourNews


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026