NEWS

လှိုင်သာယာ မြစိမ်းရောင်စက်မှုဇုန် Glory Home စက်ရုံကအလုပ်သမားများ ပိတ်ရက်မှာအချိန်ပိုမဆင်းလို့အလုပ်ထုတ်ခံနေရ

CoverLogo
1.3K Views

လှိုင်သာယာ မြစိမ်းရောင်စက်မှုဇုံ မြစံပယ်လမ်းနှင့်မြခွာညိုလမ်မှာရှိနေတဲ့ Glory Home မွေ့ယာစက်ရုံမှာအလုပ်သမားများဟာ အများပြည်သူပိတ်ရက်များမှာ အလုပ်မဆင်းလို့ အလုပ်ထုတ်ခံနေရတယ်လို့ သိရပါတယ်။

" မနက် ၇ နာရီလောက်ကဆင်းရတယ်  ညနေ ၇နာရီထိုးအထိ။တနင်္လာကနေစနေ့အထိပေါ့။ နောက်တစ်ခုက တနင်္ဂနွေလိုနေ့မှာ အော်ဒါရှိရင်ည၇နာရီအထိ အချိန်ပိုဆင်းပေးရတဲ့ ရက်တွေအများကြီးပဲ။ နောက်ဆုံးအာဇာနည်နေ့လိုရက်မျိုးမှာဆိုရင်တောင် ကျွန်တော်တို့မှာပိတ်လို့မရဘူး။  အမြဲတမ်းဖြစ်လာတော့လည်း  အလုပ်သမားတွေကမခံနိုင်တော့ဘူး။ ခုနောက်ပိုင်းတနင်္ဂနွေနေ့မှာနားချင်ရင်တောင် ၀မ်တိန်ထိုးရတာတို့ နောက်ဆုံးအလုပ်ထုတ်တဲ့အထိတောင်ဖြစ်လာတယ်။  စက်ရုံမှာ ၅၀၀ ကျော်ကနေတစ်ထောင်ရှိတယ်။ အထဲမှာတင်စက်ရုံခြောက်ရုံရှိတယ်။  စက်ရုံကို၂၄နာရီလည်ပတ်တော့ လူကိုလည်း၂၄နာရီလည်ပတ်နေတာ။ တော်ရုံနေမကောင်းလို့ တနင်္ဂနွေနေ့မှာနားချင်ရင်တောင်  ဆေးစာနဲ့နားရတယ်။ မှန်းခြေ လေးငါးခြောက်လအတွင်း အယောက်၂၀ ထက်မနည်းဘူး။ အလုပ်သမားတွေမှာချိုးဖောက်ခံနေရတယ်လို့ ခံစားရတယ်။ အဓိကတော့အလုပ်သမားတွေကနားရက်ရချင်တယ်" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အဆိုပါစက်ရုံက အကြီးဆုံးစက်ရုံဖြစ်ပြီး စက်ရုံကအလုပ်သမားတွေဟာ တနလာ်နေမှစနေနေ့အထိမနက်၇ခွဲည၇နာရီထီဆင်းရ​ပြီး တနဂ်တွေနေ့နှင်အစိုးရရုံပိတ်ရက်တွေမှာ ညနေ ၄နာခွဲထိဆင်းရကာ အော်ဒါအရေးကြီပါက ည ၇ နာရီအထိအလုပ်ဆင်းရတယ်လို့ သိရပါတယ်။ 

အလုပ်သမားကနေမကောင်းဖြစ်လို့ ပိတ်ရက်နေ့တွေမှာ နားလိုပါကဆေးစာနဲ့သာနားရပြီး တနဂ်နွေတစ်ရက်နားပါက ဝမ်တိန်တစ်ကြိမ်ထိုးရကာ နှစ်ရက်နားပါကအလုပ်ကထုတ်ခံရတယ်လို့ သိရပါတယ်။ 

"တနဂ်နွေနေ့နာချင်တာတောင်ခွင့်မပေးချင်ပါဘူး အလုပ်ပိတ်ရက်ဆိုတာသူတိုအလုပ်ပါးမှရက်စားဆိုပြီးပေးလေ့ရှိပါတယ် ရက်စားကိုလည်းတနဂ်နွေနေ့နှင်ပြန်ချေပပါတယ် တနဂ်နွေတစ်လတွင်၂ရက်ထက်ပိုနားပါကအလုပ်ထုတ်ပါတယ် တနဂ်တွေခွင့်မယူမိရင်လည်းဝမ်တိန်ထိုးရပါတယ် အစိုးရအဖွဲ့များမှလည့်လာစစ်ဆေးပါကရုံးခန်တွင်မုန့်စားပြီပြန်သွားပြီအလုပ်သမားများအားတစ်ချက်တောင်လှည့်မကြည့်ပါဘူး" လို့ ဆိုပါတယ်။ 

တနင်္ဂနွေလိုနေ့တွေမှာ အလုပ်နားလို့ဝမ်တိန်တစ်ကြိမ်ထိုးပြီး နောက်တစ်ကြိမ်မှာအလုပ်ထုတ်ခံရတဲ့အလုပ်သမားဟာ ယခုလတ်တလောကာလ ငါးလခြောက်လအတွင်းမှာ အယောက်၂၀ခန့်အထိရှိနိုင်ပြီး အလုပ်သမားတွေကို နေ့စားလရှင်းခန့်ကာ အီးစီဟန်ပြချုပ်ပေးထားတယ်လို့လည်းသိရပါတယ်။ 

စက်ရုံမှာ WCC ဖွဲ့ထားပေမဲ့ အလုပ်သမားတွေအတွက်မကြည့်ဘဲ အလုပ်ရှင်ဘက်သာ ရပ်တည်တာကြောင့်  အထောက်အကူမဖြစ်ဖူးလို့ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ နားရက်ရချင်တယ်လို့  ဆိုကြပါတယ်။ 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026