NEWS

လှိုင်သာယာအထည်ချုပ် စက်ရုံမှ အလုပ်သမားအမျိုးသမီးများအား တောင်ဒဂုံစက်ရုံဆီ  ညအိပ်လုပ်ကိုင်ခိုင်း

CoverLogo
929 Views

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က  MAIYIBEI အထည်ချုပ် စက်ရုံတာဝန်ရှိသူတွေက စက်ရုံ  အလုပ်သမား အမျိုးသမီးတွေကို ဒဂုံမြို့သစ် အရှေ့ပိုင်းက စက်ရုံတွေဆီ သွားရောက်လုပ်ကိုင် ခိုင်းနေတယ်လို့ သွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမားအမျိုးသမီးငယ်တဦးရဲ့ မိသားစုဝင်က Myanmar Labour News ကို လာရောက်ပြောဆိုထားပါတယ်။

“မနေ့က (အောက်တိုဘာ) ၉ ရက် နေ့လယ်ပိုင်းလောက်မှာ ဖုန်းပြောတော့ ဒဂုံမြို့သစ် အရှေပိုင်းက စက်ရုံမှာ အလုပ်သွားလုပ်ရမယ်လို့ပြောတယ်။ ညကြပိုင်းကြ  အဆက်အသွယ်မရဘူး။ ဒီကနေ့(အောက်တိုဘာ) ၁၀ ရက်မှာ မနက်အစော အဆက်သွယ်ရတယ်။ မုန့်ထွက်စားကြတာလို့ ပြောတယ်။ ညပိုင်း အော်လင်း အလုပ်ဆင်း ရတယ်လို့ ပြောတယ်” လို့ မိသားစုဝင်က ပြောပါတယ်။ 

ဒဂုံမြို့သစ် အရှေ့ပိုင်း စက်ရုံဆီသွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမား အမျိုးသမီး ၉ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ MAIYIBEI အထည်ချုပ်စက်ရုံကနေ သွားရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ်တွေဟာ အသက် ၂၀ ဝန်းကျင်သာရှိကြပြီး အလွယ်တကူဆက်သွယ်မရ ဖြစ်နေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေတာလို့ ပြောပါတယ်။

“လှိုင်သာယာစက်ရုံ (MAIYIBEI) က တာဝန်ရှိသူတဦးက ပြောတာတော့၊ အလုပ်က မပြတ်သေးတော့ တည လောက် ထပ်အိပ်ရမယ်ဆိုတာ သိရတယ် ။ ဒါဆို ကောင်မလေးတွေ ဘယ်လိုနေမလဲ၊ ရေမချိုးရ နဲ့ ပိုက်ဆံတွေပါ သွားရဲ့လား၊ စက်ရုံထဲ အမျိုးသမီးငယ်တွေ အိပ်ရတာ လုံခြုံရဲ့လား စိတ်ပူနေကြတာပေါ့။ စက်ရုံဘက်ကလည်း သွားမခေါ် နိုင်ဘူးလည်း ပြောတယ်။ ဒါဆို အုပ်ထိန်းသူတွေကို ဘာလို့ အကြောင်းမကြားတာလဲ ။ “ လို့ အမျိုးသမီးငယ်တဦး ရဲ့ မိသားစုဝင်က ပြောပါတယ်။ 

MAIYIBEI (Yangon) Garment Manufacturing Co;LTD အထည်ချုပ် စက်ရုံဟာ ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန် ၊ ပိထောက်လမ်းမှာ ရှိတယ်လို့ သိရပါတယ်။ စက်ရုံအလုပ်သမားတွေဟာ သွားရောက်လုပ်ကိုင်ရတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက အထည်ချုပ် စက်ရုံရဲ့ တည်နေရာ ကို မသိရှိသလို ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိပေမဲ့ စက်ရုံဘက်က မဖြစ်မနေ လုပ်ကိုင်ဖို့ ပြောဆိုတယ်လို့ အလုပ်သမားတဦးက ပြောပြပါတယ်။

“ဟိုဘက် စက်ရုံ ရောက်မှ ည ၁၀ နာရီအထိ အချိန်ပိုရှိတယ်တို့ ။ အောလင်းရှိတယ်လို့ ပြောတာ။ အဲ့စက်ရုံက ဘယ်နားမှန်းလည်း မသိရဘူး။ ဖုန်းလည်း ဆက်မရဘူး ၊  တကယ်ဆို တရက်လောက် ကြိုပြောပြီး ၊ စက်ရုံဘက် က စားရေးသောက်ရေး နေရေး စီစဉ်ပေးသင့်တာ။ “ လို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက စက်ရုံမှာ သွားရောက် လုပ်ကိုင် ဖူးသူ အမျိုးသမီး အလုပ်သမားတဦးက Myanmar Labour News ကို  ပြောပြပါတယ်။ 

MAIYIBEI အထည်ချုပ် စက်ရုံကတော့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ ဖွင့်လှစ်ထားပြီး ဂျာကင် အနွေးထည်တွေကို လုပ်သားအင်အား ၅၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံကို အခုနှစ် ဇွန်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  နေ့စဉ် အချိန်ပို ၄ နာရီ၊ စနေနေ့မှာ မနက် ၈ နာရီကနေ့ ညနေ ၆ နာရီခွဲအထိ နဲ့ တနင်္ဂနွေနေ့မှာ နေ့တဝတ်ကို အခကြေးငွေမရဘဲ လုပ်ကိုင်ခဲ့ ရတယ်လို စက်ရုံအလုပ်သမားတဦးက ပြောဆိုပါတယ်။ 

“အချိန်ပိုကြေး ဘာလို့ မရတာလည်းလို့ စူပါတွေကို မေးပါတယ်။ အထည်တွေ မအပ်နိုင်လို့ မရတာလို့ ပြောတယ်။ အထည်တွေချုပ်ပြီး ပြန်လို့ရမလားဆိုတော့လည်း မရဘူးလို့ ဖြေတယ်။ အချိန်ပိုအတွက် ပိုက်ဆံမရဘဲ လုပ်ခဲ့ရ တာပဲ ၃ လ ကျော်တယ် ” လို့ စက်ရုံက အမျိုးသမီး အလုပ်သမား တဦးက ပြောဆိုပါတယ်။ 

လက်ရှိ MAIYIBEI အထည်ချုပ်မှာ စနေ့နေ့တိုင်း အချိန်ပို အော်လင်း လုပ်ကိုင်နေရဆဲ ဖြစ်တယ်လို့လည်း အဲဒီ အမျိုးသမီးအလုပ်သမားက Myanmar Labour News ကို ပြောပြထားပါတယ်။ 
 #MyanmarLabourNews


Related posts

Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025