NEWS

လှိုင်သာယာနှင့်ရွှေပြည်သာမြို့နယ် တို့တွင် မသင်္ကာဖွယ်ရာ အလုပ်ခေါ်ယူမှု တွေရှိနေ

CoverLogo
736 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ် တို့မှာ မသင်္ကာဖွယ်ရာ  အလုပ်ခေါ်ယူတာတွေ ရှိနေတယ်လို့ ဒေသခံ တွေ ထံက သိရပါတယ်။ 

အလုပ်ခေါ်စာကနေတစ်ဆင့်ခေါ်ယူတာမျိုးတွေနဲ့ လမ်းသွားလမ်းလာ တွေကို လစာငွေကြေး မက်လုံးပေးစည်းရုံးပြီး ခေါ်ယူတာတွေရှိတယ်လို့ ဆိုပါတယ်။ 

"" ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က လှိုင်သာယာက အမျိုးအိမ်ကို လာတာ  တပ်ထိပ်နားက လမ်းမှာ အသက်လတ် ပိုင်းရှိတဲ့ အမျိုးသမီး တစ်ယောက်က လှမ်းခေါ်ပြီး အလုပ်သမား လိုလို့ပါ တစ်လ ကို ငါးသိန်းပေးမယ်  ဘိတ် ဘက် မှာ ပုစွန်ဖမ်းရမှာ အခု လိုက်ခဲ့မယ်ဆိုရင် တစ်လ စာ ကြိုထုတ်ပေးမယ် တစ်ကယ်လို့ လူ ထပ် ရှာပေးမယ်ဆိုရင် တစ်ယောက်ကို ငါးသောင်း ကျပ် ပေးမယ်ဆိုပြီး ပြောတယ် အခု​လေးတင် လှိုင်သာယာ ဘုရားလမ်းဘက်က လိုက်တဲ့သူ ၁၃ ယောက် ရှိတယ် သူတို့တွေကို ကားငှားပြီး အဝေးပြေးကို လွှတ်လိုက်တယ် ဆိုပြီး ပြောတယ် သူပုံစံ က ဝတ်စားထားတာ အတော်သားသားနားနားပဲ စကားပြောပုံက အတော်လည်လည် ပဲ ကျွန်တော်တို့လည်း သူ့အနားလည်းမကပ်ရဲဘူး တစ်ခုခုဆို အမျိုးသမီးနဲ့ အမျိုးသားဆိုတော့ လန့်တယ် သူ့အလုပ်ခေါ်ပုံကြီးကလည်း လူကုန်ကူးတာမဟုတ်ရင် စစ်မှုထမ်းဖို့ လူရှာနေသလို ကြီး ဆိုတော့ ကျွန်တော်တို့လည်း မလုပ်ချင်ဘူး သွားစရာရှိတယ်ပြောပြီး အဲ့နေရာ က ခပ်မြန်မြန် ထွက်လာခဲ့တာ""လို့ ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ရွှေပြည်သာ မြို့နယ် အတွင်း  ကားမှတ်တိုင် မှာ ကပ်ထားတဲ့ အလုပ်ခေါ်စာကို လျှောက်ထားတဲ့ လူငယ် အချို့ လိမ်လည်ခံရမှု ဖြစ်ပွားခဲ့တယ်လို့  Shwe Pyi Thar Information စာမျက်နှာ မှာ လည်း အသိပေးထားပါတယ်။ 

"" အလုပ်ဆိုပြီး စာကပ်ထားလို့ ဖုန်းဆက်ပြီး အင်တာဗျူးသွားဖြေပါတယ်။ ဆင်နှစ်ကောင်က လဘက်ရည်ဆိုင်မှာပဲ ဖြေရတာပါ။ သူက Cv ဖောင်တွေနဲ့ မှတ်ပုံတင်လိုင်စင်မိတ္တူတို့ကို ယူထားပြီး နောက်နေ့ ထန်းခြောက်ပင်က လဘက်ရည်ဆိုင်ကို ချိန်းပါတယ်။တွေ့တော့ ကားသွားယူရမှာ ဆိုပြီး တစ်ယောက်ကို တစ်နေရာစီ လွှတ်ပါတယ်။ ဟိုရောက်ရင် ဖုန်းဆက်လိုက်ဆိုပြီး သူပြောတဲ့ နေရာရောက်တော့ သူက ဖုန်းမကိုင်တော့ပါဘူး။ ဘာကိုလိမ်ချင်လဲတော့ မသိပါဘူး။Cv ဖောင်နဲ့ မှတ်ပုံတင် လိုင်စင် မိတ္တူတွေပါသွားပါတယ်။ မိန်းကလေးတွေပါ ခေါ်နေတာပါ၊ တစ်ခုခုဖြစ်မှာ စိုးလို့ပါ။" ဟု Shwe Pyi Thar Information page ကို ပြည်သူတဦးက ပြောကြားထားပါတယ်။ 

လက်တလော မှာ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ရန်ကုန်တိုင်း အတွင်း မြို့နယ်တွေ မှာ ရပ်ကျေးများ ကို  လူအင်အား အတင်းအကျပ်ရှာခိုင်းနေတဲ့ အတွက် လူငယ်တွေ ကို ခေါ်ယူခြင်းနဲ့ငွေကြေးအတင်းတောင်းခံခြင်း နဲ့  အချို့ မြို့နယ် တွေ မှာ ညဘက်  ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026