NEWS

လှိုင်သာယာစက်မှုဇုန်( ၂) Jin Kai Hui အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ တောင်းဆိုမှုပြုလုပ်

CoverLogo
446 Views
 
Jin Kai Hui အထည်ချုပ် စက်ရုံ အလုပ်သမားတွေက ရက်မှန်ကြေးပေးဖို့ တောင်းဆိုမှုပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က လုပ်ငန်းခွင်လိုအပ်ချက်တွေကြောင့် အခုလတွင်း ရက်ပေါင်း ၉ ရက်အထိ အလုပ်ပိတ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ပိတ်ရက်တွေအတွက် ရက်မှန်ကြေး မပေးဘူးဆိုပြီး ငြင်းဆိုနေလို့ ၊ နေ့လည်ထမင်းစားပြီးကတည်း စက်ရုံဝန်းအတွင်းမှာပဲ ထွက်ထိုင်ပြီးတောင်းဆို နေတယ်။ ရက်မှန်ကြေး အပြည့်အဝ ပေးဖို့ပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
လတစ်လအတွင်း ရက်မပျက်ဘဲ အလုပ်ဆင်းပါက ရက်မှန်ကြေး ကျပ် ငါးသောင်း သတ်မှတ် ရရှိပေမဲ့ စက်ရုံဘက်က အခုလို ငြင်းဆန်နေလို့ တောင်းဆိုမှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပိတ်ရက်တွေအတွက် ဒေးကြေးကို စက်ရုံက ၇၀၀၀ ပဲ ပေးမယ်လုပ်တယ်။ အခုရမယ်ဆိုတဲ့ ၇၈၀၀ တောင် အပြည့်မပေးဘူး။ နောက် အလုပ်ပိတ်တယ်ဆိုတာက စက်ရုံဘက်က ပျက်ကွက်မှု၊ ဒါကို ရက်မှန်ကြေး အပြည့်ပေးဖို့ တောင်းဆိုတာ၊ ညီမတို့ အလုပ်ပျက်ကြည့်ပါလား၊ ဒေးကြေးဖြတ်ဦးမယ်၊ အလုပ်ထုတ်ခံရဦးမယ်။” လို့ ပြောပါတယ်။
 
Jin Kai Hui အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဦးအောင်သူလမ်းမှာ ရှိပြီး လုပ်သား ၁၅၀ လောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပိတ်လိပ်မရလို့ အလုပ်ကို ၁ ရက်ဆင်းလိုက်ရ ပိတ်လိုက်၊ နှစ်ရက်ဆင်းလိုက်ရ ပိတ်လိုက်နဲ့ ပိတ်ရက် ၉ ရက်အထိ ဖြစ်လာတယ်။ ပြီးခဲ့ ၃ ရက်လောက်က စက်ရုံပြန်ဖွင့်တော့ ဒေးကြေး ၇၀၀၀ ပဲပေးပြီး ရက်မှန်ကြေးမပေးဘူးဆိုပြီး ငြင်းခဲ့တာပဲ၊ စံချိန်ကို အပြည့်အဝချုပ်ပေးရင် ရက်မှန်ကြေးပေးဆိုပြီး ဈေးဆစ်တယ်။ ဒီအချိန်မှ ချုပ်တော့ ဘယ်လိုပြီးတော့မလဲ။ မနက်ကတည်းက ပေးမယ်ဆိုရင် ပုံမှန်တိုင်း ပြီးစီးသွားမှာ။ အခုတော့ တောင်းဆိုရတဲ့ အဆင့်ရောက်နေပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှုနောက်ဆုံးအခြေအနေက စက်ရုံဘက်က ရက်မှန်ကြေး ၂၅၀၀၀ ပဲ ပေးမှာဖြစ်ပြီး အဲ့ဒီပမာဏကို လက်မခံတဲ့ အလုပ်သမားတွေကို အလုပ်ထွက်စာတင်ဖို့ ပြောဆိုပြီး လာမဲ့ ၅ ရက်နေ့မှာ လစာလာထုတ်ဖို့ ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ၅ ရက်နေ့ လစာလာထုတ်တော့ ရမယ် မရဘူး မပြောနိုင်ဘူး။ အရင်က လစာနောက်ကျတာ ၃ ကြိမ်ရှိခဲ့တယ်။ တကြိမ်ကဆို ၂ ခါခွဲပြီးပေးခဲ့တော့။ အခုရပါ့မလားတောင် စိုးရိမ်နေတယ်” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
Jin Kai Hui အထည်ချုပ် စက်ရုံက လုပ်ငန်းခွင် လုံခြုံရေး ဝတ်စုံတွေ ကို အဓိက ချုပ်လုပ်နေတဲ့ အထည်စက်ရုံ အသေးစားဖြစ်တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026