NEWS

လှိုင်သာယာက SYNERGY အထည်ချုပ်စက်ရုံ ပိတ်ရက်မပေးဘဲ  အလုပ်ဆင်းခိုင်းနေတယ်လို့အလုပ်သမားတွေပြော

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် အဆင့်မြင့်နဲ့ဗိုလ်ချုပ်ကြား ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်းက SYNER GARMENT စက်ရုံလုပ်ငန်းခွင်ထဲမှာ  အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ဆဲဆိုတာတွေရှိနေတယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံက အထည်ချုပ် အလုပ်သမားတွေကို  ပိတ်ရက်ဖြစ်တဲ့ တနဂ်နွေမှာပင် နားရက်မရဘဲ အချိန်ပိုတွေအတင်းအကြပ်ခေါ်ယူ ခိုင်းစေနေသလို၊ အချိန်ပိုကြေးကိုလည်း အလုပ်သမားအနည်းစုကသာရပြီး အများစုကအချိန်ပိုကြေးမရဘဲ ဆင်းပေးနေရတယ်လို့ သိရပါတယ်။ 

"ဒီတစ်ပတ်ဆိုရင် ည ၈နာရီအထိ ဆက်တိုက်ဆင်းရတယ်။ တနင်္ဂနွေဆိုရင်လည်းဆင်းရတယ်။ လူတွေကအကုန်ပြိုင်းသွားတယ်။ ပင်ပန်းနေတယ်။ အဲ့တာကို စက်ရုံအလုပ်သမားတွေအကုန်လုံးက အလုပ်ရှိတဲ့ရက်မှာ အလုပ်လုပ်ကြရတယ်။ တနင်္ဂနွေနေ့မှာ အနားယူကြ အိမ်လုပ်စရာရှိတာတွေလုပ်ကြတယ်။ ဒါကြောင့်တစ်ချို့တွေကတနင်္ဂနွေဆိုရင် မလာဘူး။ မလာရင်နောက်ရက်အလုပ်မလာနဲ့တော့ပြောတယ်။ ကောင်မလေးတစ်ယောက်ဆိုရင် စက်လိုင်းထဲကနေ ဟက်ပါကို ရာထူးချပစ်လိုက်တယ်။ အလကားဆင်းပေးနေရတာက တော်တော်များများကိုဖြစ်နေတယ်။ ညခြောက်နာရီခွဲ ပြန်လွှတ်ရမှာဆိုရင် ပြန်မလွှတ်ဘူးည၈နာရီအထိအချိန်ပိုခေါ်ထားတယ်။ စက်လိုင်းအများစုက အချိန်ပိုကြေးမရဘူး။ ကတ်တင် တို့အခြားကအချိန်ပိုကြေးရတယ်။ ရတဲ့သူကရကြတယ်။ မရတဲ့သူကများတယ်။ အပြင်မှာစုံစမ်းရင်လည်း အဲ့စက်ရုံကအချိန်ပိုကြေး အလကားဆင်းပေးနေရတာကများတယ်။ မလုပ်ချင်ဘူးပြောကြတယ်"လို့ အလုပ်သမားကပြောပါတယ်။

အဲ့ဒီစက်ရုံကအလုပ်သမားတွေဟာ အချိန်ပိုကြေးမရဘဲအချိန်ပိုဆင်းပေးရတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမဲ့ တနဂ်နွေပိတ်ရက်မှာ အချိန်ပိုမဆင်းလို့အလုပ်ထုတ်တာတွေ၊ ရာထူးချတာတွေနဲ့ ဆဲဆိုတာတွေနားရွက်လိမ်ဆွဲခံရတာတွေကတော့ အောစူပါရောက်လာချိန်မှစတင်ကျူးလွန်ခံရတာ နှစ်လခန့်ရှိပြီလို့ သိရပါတယ်။ 

" အိုတီကြေးမရဘဲဆင်းပေးရတာတွေကအရင်ကတည်းကပါ။ ဆဲဆိုတာတွေ လက်ပါတာတွေကတော့ ဒီအောစူပါရောက်လာမှဖြစ်တာ။ နှစ်လလောက်ရှိပြီ။ ဖြစ်တာတောင်အောစူပါသုံးယောက်မှာ သူကိုင်တဲ့ဘက်ပဲဖြစ်တာ။ ဂိတ်ပတ်တောင်းတာမရဘူး။ တနဂ်နွေအိုတီမဆင်းရင်လည်း လက်မှတ်ထိုးခိုင်းတယ်။  နောက်ရက်မလာနဲ့တော့လို့ပြောတာလည်းရှိတယ်။ ရာထူးချတာတွေလုပ်တယ်။ တနဂ်နွေမဆင်းလို့ နောက်ရက်အလုပ်မလာနဲ့တော့လို့ဆိုပြီးထုတ်တာ ၃ယောက်လောက်ရှိပြီ" လို့ ဆိုပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားက ၈၀၀ ခန့်နဲ့အနွေးထည်တွေချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေ အတင်းအကြပ် ဖိနှိပ်ခိုင်းစေတာတွေကို ဖြေရှင်းပေးတာလည်းမရှိလို့ အလုပ်လုပ်ကိုင်ရတာအခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အောစူပါ မ ------ တဲ့လိုင်းတွေအကုန်လုံးက အလုပ်သမားတွေ ကုန်လုံးက အဆဲခံရတယ်။အပြောခံရတယ်။ အဆဲခံရတာက အလုပ်သမားဥပဒေမှာဆိုရင် စောက်နဲ့တောင်နှိုင်းပိုင်ခွင့်မရှိဘူး။ ခုကစူပါတွေရော လိုင်းသားတွေရောအကုန်လုံးကိုခေါ်ပြီးတော့ -ာသယ်မတွေ နင်တို့လိုင်းက -ာလိုင်းဖြစ်နေ တာ။ တစ်ချို့ကလေးတွေဆိုရင်လည်း တစ်ခုခုမှားသွားရင် စလုပ်ကတည်းကဒီလိုလုပ်ဟိုလိုလုပ်လို့မသင်ပြဘဲ တစ်ခုခုဆိုအော်ဟစ်နေတယ်။ ဆံပင်မွှေးစောင့်ဆွဲတယ်။ ကလေးတွေကကြောက်တော့ ငြိမ်ခံနေရတယ်" လို့ အလုပ်သမားတွေကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲ အခွင့်အရေးချိုးဖောက်ခံရပြီးလုပ်ကိုင်နေရတဲ့အတွက် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားရန်အခက်အခဲဖြစ်ပေါ်နေပြီး ခွင့်ရက် အလုပ်ပိတ်ရက် တွေပေးဖို့ အတင်းမကြပ် မခိုင်းစေဖို့ နဲ့ အချိန်ပို အလကားဆင်းခိုင်းတာတွေ မလုပ်ဘဲ  ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026