NEWS

လူအသွားအလာနည်းပါးလာပြီး‌ ဈေးဆိုင်များအရောင်းအဝယ်ကျဆင်းလာ

CoverLogo
614 Views

ပေါ်တာဆွဲတဲ့ သတင်းတွေဆက်တိုက်ဆိုသလိုထွက်ပေါ်ပြီးနောက်မှာ ရန်ကုန်မြို့ရဲ့ လူထူထပ်တဲ့ နေရာတွေမှာ လူအသွားအလာနည်းပါးလာပြီးအရောင်းအဝယ်ကျဆင်းလာတယ်လို့‌‌ ဈေးရောင်းချသူတွေကပြောပါတယ်။

လက်ရှိမှာ စစ်တပ်က စစ်ကားနဲ့လမ်းကြောင်းပတ်တာတွေဟာ လူနေအတွင်းရပ်ကွက်တွေထဲကိုပါရောက်လာပြီးပြည်သူတွေထိတ်လန့်နေတာပဲဖြစ်ပါတယ်။

"ည(၈)နာရီမထိုးပါဘူး။(၇)နာရီကျော်တာနဲ့လူစပါးလာတယ်။တကယ်ဆိုည(၈)နာရီကျော်ဆိုတာအရောင်းအဝယ်ကောင်းတုန်းဖြစ်ရမှာ။အခုကျဘယ်သူကိုရောင်းရမလဲမသိတော့ဘူး။ဖြစ်နိုင်တာက ပေါ်တာဆွဲတဲ့သတင်းတွေကော၊မီးပျက်တာကောပေါင်းပြီးလူတွေလမ်းမထွက်တော့ဘူး"လို့ရွှေပြည်သာမြို့နယ်တွင်းကစားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောပါတယ်။

ဒီလိုအခြေအနေကြောင့်ဈေးရောင်းချသူတွေဟာအခက်အခဲတွေဖြစ်ပေါ်နေပြီးရှေ့ဆက်ရပ်တည်ရေးအတွက်ခက်ခဲလာတယ်လို့ဆိုကြပါတယ်။

"အခုကဆိုင်ငှားခတွေကလည်းတက်တယ်။မီတာခတွေကလည်းတက်တယ်။အခွန်အခစရိတ်တွေကလည်းလိုက်လာတော့တစ်ရက်လောက်မရောင်းရရင်လည်းသိသာတယ်။ဖြစ်နေတာကလူတွေကလည်း ကြပ်တည်းတော့ဝယ်လိုအားကျတဲ့အပြင်ရုတ်ရုတ်သဲသဲသတင်းတွေနဲ့ဆိုတော့အကုန်လုံးကစိုးရိမ်နေကြပြီရှေ့ဆက်မလွယ်တော့ဘူး"လို့အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာပေါ်တာဆွဲတဲ့သတင်းကြောင့်တစ်နိုင်တပိုင်ဆိုင်လေးတွေမှာအလုပ်လုပ်ကိုင်သူတွေဟာလည်းသွားလာရေးအတွက်စိတ်ပူပန်နေရပြီး‌ဆိုင်ရှင်တွေလည်းငွေကြေးလည်ပတ်ဖို့ခက်ခဲလာပါတယ်။

#MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026