NEWS

လူမှုဖူလုံရေးကြေး ပေးသွင်းသော်လည်း ဆေးခွင့်မရ

CoverLogo
787 Views

တရုတ်နိုင်ငံသားပိုင် He MeT Company Limited က အလုပ်သမားတွေဟာ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်း နေပေမယ့် ဆေးခွင့် ခံစားခွင့်မရတဲ့အပြင် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အလုပ်သမားတွေအတွက် ထောက် ပံ့ကြေးကိုတောင် စက်ရုံဘက်က အပြည့်မပေးတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မီးတာရုံဘေး၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး အလုပ်သမားအင်အား (၁၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး MAKE TODAY AMAZING၊ Pageone၊ JEAN PASCALE စတဲ့တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“စက်ရုံမှာ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်၊ နာရေး၊ သာရေးခွင့်တွေလည်း မပေးပါဘူး။ လူမှုဖူလုံရေးကြေးက လတိုင်းပေးရပေမယ့် ဆေးခွင့်တော့ မရပါဘူး။ ခွင့်ခံစားခွင့်တော့ မရတော့ အ လုပ်သမားတစ်ယောက်က ခွင့်တိုင်လည်း တစ်ရက်နားမယ်ဆိုရင် ဒေးကြေး (၆၈၀၀) ကျပ်၊ ရက်မှန်ကြေး (၂၀၀၀၀) ကျပ်ကို ဖြတ်တောက်ပါတယ်။ အလုပ်သမားတွေကို ထောက်ပံ့ကြေးကိုလည်း (၁၀၀၀) ပဲ ပေးပါတယ်။ ထုတ်ပြန် ထားသလို အပြည့်မပေးပါဘူး။ အဲဒီထောက်ပံ့ကြေးကိုတောင် လကုန်ပြီး (၁၀) ရက်မှာ အလုပ်သမားတွေကို ရှင်း ပေးတာပါ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ အထည်စံချိန်တွေကို မတရားတောင်းခံနေပြီး လူဦးရေ (၅၅) ဦးရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီကို အထည်(၄၀) ကျော် တောင်းခံနေတာပဲ ဖြစ်ပါတယ်။ 

 

အလုပ်ရှင်က တောင်းခံတဲ့ အထည်စံချိန် မရရင် စူပါတွေက ဆဲဆိုအော်ဟစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

စက်ရုံမှာ နေ့စားအလုပ်သမားတွေကို အများအပြား ခိုင်းစေနေပြီး လုပ်သက် (၆)လပြည့်တဲ့ နေ့စားအလုပ်သမားတွေကိုလည်း အတည်ပြုဝန်ထမ်းခန့်အပ် တာ မရှိတဲ့အပြင် အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကိုလည်း လူကြီးအလုပ်သမားတွေတန်းတူ ခိုင်းစေနေ တာပဲ ဖြစ်ပါတယ်။ 

 

“အလုပ်ထဲမှာ ကတ်ကြေးကိုလည်း အလုပ်သမားတွေက ဝယ်သုံးရပါတယ်။ နောက်အလုပ်သမားတွေ သဘောမတူ ဘဲ စူပါတွေက နာရေးပိုက်ဆံကောက်ပါတယ်။ နာရေးကတော့ စေတနာရှိသလောက် ထည့်ရတော့ ပြဿာနာမဟုတ်ပေမယ့် သာရေးအတွက်ဆိုပြီး ပိုက်ဆံကို အတင်းကောက်ပါတယ်။ တစ်ချို့စက်လိုင်းတွေဆိုရင် စေတနာရှိသ လောက် ထည့်ရ ပေမယ့် စက်လိုင်းတစ်လိုင်းကတော့ တစ်ယောက်ကို တစ်သောင်းထည့်ရပါတယ်။ အဲဒီလောက်ကို အလုပ်သမားတွေက မထည့်နိုင်ကြတော့ လစာထဲက ဖြတ်ပါတယ်။ သူတို့ဘာသာ ပိုက်ဆံရှိလို့ လုပ်တဲ့သာရေးကို အလုပ်သမားတွေက မထည့်ချင်တာကို အတင်းကောက်ပါတယ်။ နောက်ပြီး အလုပ်လုပ်ရင်း စနက်ရိုက်မိလို့ လက်ထိသွားတဲ့ အလုပ်သမားကိုလည်း ထိခိုက်တာကို အလုပ်ရှင်ဖက်က တာဝန်လည်း မယူဘဲနဲ့ လက်ထိလို့ အလုပ်နားတာ (၃) ရက်ပြည့်လို့ဆိုပြီး ဥပဒေမဲ့ အလုပ်ထုတ်ပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

ဒီလိုလုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်တာတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံ ထားတာပဲ ဖြစ်ပါတယ်။ 

 

စက်ရုံအလုပ်သမားတွေအနေနဲ့ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကို လူကြီးအလုပ်သမားတွေတန်းတူ မခိုင်းဖို့၊ အလုပ်သမားတွေ သဘောမတူဘဲ စူပါတွေက သာရေးအတွက် ပိုက်ဆံမကောက်ဖို့၊ အလုပ်မှာ ထိခိုက်သွား တဲ့ အလုပ်သမားကို အလုပ်မထုတ်ဖို့၊ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားမတောင်းဖို့နဲ့ အထည်စံချိန်တောင်းရာမှာ စူပါတွေက ဆဲဆို၊အော်ဟစ်တာတွေ မလုပ်ဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026