NEWS

လူမှုဖူလုံရေးကြေးထည့်ဝင်သော်လည်းခံစားခွင့်မရ၊ လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံနေဟုဆို

CoverLogo
1.2K Views

လုပ်ငန်းခွင်အတွင်းမှာ လူမှုဖူလုံရေးထည့်ဝင်ငွေများကို လစဉ်ဖြတ်တောက်ပေမဲ့ ဖူလုံရေးဆေးခွင့်ယူပါက မရတာ အခြားခွင့်ခံစားခွင့်များလည်း မရရှိဘဲ အလုပ်သမားတွေချုပ်လုပ်ရတဲ့အထည်စံချိန်တွေလည်း အလွန်အကျွံတောင်းခံကာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ Jiashihao Myanmar Limited အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာ စက်မှုဇုန် ၁ ခရေလမ်းမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ ဖွင့်လှစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ လူမှုဖူလုံရေး ထည့်ဝင်ငွေအဖြစ် အလုပ်သမားတစ်ဦးကို တစ်လလျင် ၂၂၀၀ ကျပ် ထည့်ဝင်ရပြီး ဖျားနာပြီး လူမှုဖူလုံရေးဆေးခန်းတွင် သွားရောက်ပြသကုသမှုခံယူပြီး အဆိုပါဆေးခန်းမှ  နားရန် ဆေးခွင့်ပေးပေမဲ့ စက်ရုံဘက်က မပေးဘဲ လစာဖြတ်တောက်ထားလို့ လူမှုဖူလုံရေးအကျိုးခံစားခွင့်မရတဲ့အပေါ် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"ဆေးခွင့်တင်မဟုတ်သေးဘူး ခွင့်တို့ ရှောင်တခင်ခွင့်တို့လည်း မရပါဘူး အရေးပေါ်အကြောင်းကိစ္စရှိလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခွင့်တိုင်လည်း မပေးလို့ မဖြစ်မနေ ရက်ပျက်လိုက်ရပြီဆိုရင် ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် နဲ့ အဆင့်အလိုက် ကျွမ်းကျင်ကြေးတွေပါ အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ အထည်စံချိန် အလွန်အကျွံတောင်းခံနေပြီး စက်လိုင်းတလိုင်းလျင် ကြီးကြပ်ရေး အပါအဝင် လူ ဦးရေ ၃၀ သာရှိပြီး တနာရီလျင် လိုင်းပေါက်အထည်ဂျာကင် အထည် ၆၀ နှုန်းပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။

အဆိုပါနှုန်းထားဟာ အလုပ်ချိန် ၈ နာရီစာအတွက်ဆိုပါက အထည် ၄၈၀ နှုန်းဖြစ်ပြီး အလုပ်သမားတစ်ဦးလျင် တစ်ရက်ကို ဂျာကင် ၁၆ ထည်နှုန်းကျော် ချုပ်လုပ်နေရတာဖြစ်ပြီး ရရှိတဲ့ အခြေခံအခကြေးငွေနှုန်းထားကတော့ အစိုးရထောက်ပံ့ကြေး ၁၀၀၀ ကျပ်အပါ ၅၈၀၀ ကျပ်သာဖြစ်ပါတယ်။ 

"ဒီလိုနှုန်းနဲ့ချုပ်ရတာ စားဝတ်နေရေး မလောက်ငှလို့ အချိန်ပို ၂ နာရီပါ ထပ်လုပ်ရသေးတယ်။ တစ်ရက် ၁၀ အလုပ်လုပ်ရပါတယ်"လို့ အမည်မဖော်လိုတဲ့ အမျိုးသမီး အထည်ချုပ် အလုပ်သမားကပြောပါတယ်။

အခုလို အထည်စံချိန်သတ်မှတ်တောင်းခံတာကိုတော့ စက်ရုံတာဝန်ရှိသူတွေဘက်က တစ်ဖက်သက် သတ်မှတ်တာဖြစ်ပြီး အထည်စံချိန်တောင်းခံစဉ်မှာလဲ ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ စူပါ အောစူပါတွေက ဆဲဆိုအော်ဟစ်ကာ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုတောင်းခံနေပြီး အထည်ပြည့်မီစေရန် အသဲအသန် ချုပ်လုပ်နေရပြီး ပဲကျ( အထည်ပျက်) ပါက ဝမ်တိမ်လက်မှတ်ရေးထိုးရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။၏

"အလုပ်သမာတွေကို ကျွမ်းကျင်ကြေး အေ အဆင့် ၅၀၀၀၀ ဘီအဆင့် ၄၀၀၀၀ စီအဆင့် ၂၀၀၀၀ ကျပ်သတ်မှတ်ပေးထားတယ် တကယ်လဲ ပေးရော ကျွမ်းကျင်တဲ့လူက မရဘူး အောစူပါတွေ စူပါတွေနဲ့ အဆင်ပြေတဲ့သူက ရသွားတယ် ခွဲခြားဆက်ဆံခံနေရတာတွေပါ အလုပ်နားချိန် ထမင်းစားလွှတ်ချိန်ဆိုလည်း  ထမင်းစားခုံတွေ အလုံအလောက်မရှိလို့ ထမင်းစားရင်လည်း ဖြစ်သလိုပဲစားရတယ်"လို့အလုပ်သမားက မှတ်ချက်ပေးပါတယ်။

အဲ့ဒီလုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေဖွဲ့စည်းထားခြင်းမရှိဘဲ အငြင်းပွားမှုတွေ ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်တွေပေးဖို့ လူမှုဖူလုံရေး ဆေးခွင့်ပေးဖို့ နဲ့ အထည်စံချိန်တွေကို အလုပ်သမားချုပ်လုပ်နိုင်တဲ့ပမာဏသာ သတ်မှတ်တောင်းခံဖို့ နဲ့ စက်လိုင်းအတွင်း လိုအပ်တဲ့လူဦးရေကို ဖြည့်ပေးဖို့ စူပါ အောစူပါတွေမှ ရိုင်းစိုင်းစွာဆဲဆိုတာတွေကို ခွင့်မပြုဖို့ စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026