NEWS

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့အလုပ်သမားတွေကို ဆေးခွင့်မပေးဖို့ လူမှုဖူလုံရေးရုံးကို စက်ရုံ HR မှ အကြောင်းကြားပိတ်ပင်ထားတယ်လို့ ဆို

CoverLogo
1.5K Views

အလုပ်သမားတွေဆီက လူမှုဖူလုံကြေးဖြတ်တောက်ပေမယ့် လူမှုဖူလုံရေးဆိုင်ရာဆေးခွင့်ယူပါက ခွင့်ပြုပေးတာမရှိသလို လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေမရရှိဘူးလို့ ဧရာဝတီတိုင်းက အထည်ချုပ်အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ ကို ခွင့်မပေးဖို့ လူမှုဖူလုံရေး ရုံးကို စက်ရုံဘက်ကနေ အကြောင်းကြားထားတာတွေရှိတယ်လို့ လည်း အလုပ်သမားတွေထံကသိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊အမှတ် (၁၃)ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံ HR မှ အလုပ်သမားများဆေးခွင့်လာယူပါက မပေးရန် လူမူဖူလုံရေးသို့အကြောင်းကြားထားတယ်လို့သိရပါတယ်။

"ညီမတို့ နိုင်ငံတော်အသိအမှတ်ပြုလက်မှတ်ရ ဆရာဝန်မှတ်ချက်၊ လက်မှတ် ပါတာတောင် ဆေးခွင့်မပေးဘူး ။ ဘာဖြစ်လို့မပေးတာလဲလို့မေးကြည့်လိုက်တဲ့အခါမှာ စက်ရုံဘက်က ခွင့်မပေးဖို့ လှမ်းပြောထားလို့လို့ ပြောတယ် "လို့အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံသည် သီရိလကာ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား တစ်ထောင်ကျော်ဖြင့် Blaklader Brand ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လူမှုဖူလုံရေးဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရမဲ့ အလုပ်သမား(၅) ဦးနှင့်အထက် စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမား အသစ်ခန့်ပြီးတိုင်း (၁၀) ရက်အတွင်း မဖြစ်မနေ မှတ်ပုံတင်ရန်လိုအပ်ပြီး အလုပ်သမားတစ်ဦးသည် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ပြီးသည်နှင့် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် (၁၅) မျိုးကို မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလတွေပေါ်မှာ မူတည်ပြီး ခံစားခွင့်ရရှိနိုင်တယ်လို့ လူမှုဖူလုံရေး ဥပဒေအရ သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026