NEWS

လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်

CoverLogo
178 Views
 
၂၀၂၅ ခုနှစ်အတွင်း Solidarity Trade Union of Myanmar - STUM အနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှု အကူအညီတောင်းခံလွှာ စုစုပေါင်း (၂၃၁) စောင် လက်ခံရရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးခဲ့ တယ်လို့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဒီ နှစ်ချုပ် အစီရင်ခံစာက ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ မှတ်တမ်းတင်နိုင်တာမရှိဘဲ စုစုပေါင်း ၁၀ အတွက်သာ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါ။ တိုင်ကြားခဲတဲ့ အမှုတွေရဲ့ နစ်နာသူက ၁၀၀၀၀ ကျော် ရှိပြီး အဲဒီထဲက ၈၀၀၀ ကျော် ရာခိုင်ခိုင်နှုန်းအားဖြင် (၆၈) ရာခိုင်နှုန်းက အမျိုးသမီးတွေလို့ သိရပါတယ်။ အမျိုးသား အရေအတွက် (၃,၆၈၀)ဦးရှိပြီး လိင်စိတ်ခံယူမှု ကွဲပြားသူ (၁၅၁)ဦးပါဝင်တယ်လို့ ဖော်ပြထားတာပါ။
 
၂၀၂၅ ခုနှစ်အတွင်း STUM အဖွဲ့ လုပ်ငန်းဆောင်ရွက်မှုတွေက အဟန့်အတား ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး STUM နီးစပ်တဲ့ ရွှေပြည်သာမြို့နယ် အထည်ချုပ်ရုံးကို အင်အားအများအပြားဖြင့် ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာကို ကြုံတွေခဲ့ရတယ်လို့ ဖော်ထားပါတယ်။ အဲဒီလို စီးနင်းခံရပြီးနောက် မြို့နယ်အထည်ချုပ် ရုံးခန်းအား ပိတ်ထားခဲ့ပြီး၂၀၂၅ခုနှစ်၊
ဩဂုတ်လ (၆) ရက်မှာ ရုံးခန်းသော့ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒီဖြစ်စဉ်ကြောင့် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ လက်ခံခဲ့တဲ့ အလုပ်သမားအမှုတွဲကို ပြန်လည်ရှာဖွေ မရတော့ဘဲ ဆုံးရှုံးသွားခဲ့ရတယ်လို့ အနှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
 
ဒီအချက်က အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအတွက် လုံခြုံရေးနှင့်အချက်အလက် ထိန်းသိမ်းနိုင်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
၂၀၂၅ ခုနှစ်အတွင်း ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အချက်အလက်တွေအရ မြန်မာ အမျိုးသမီးအလုပ်သမားတွေဟာ လုပ်ခလစာ နစ်နာမှုများထက် "ဥပဒေပါ အကျိုးခံစားခွင့်များ" ဆုံးရှုံးနေရတဲ့ အခြေအနေက အဆိုးရွားဆုံး ဖြစ်တယ်ဆိုကို STUM ရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ တွေ့ရှိထားပါတယ်။
 
အခွင့်အရေးချိုးဖောက်မှုတွေက ကိန်းဂဏန်းများထက် ပိုမိုနက်ရှိုင်းသော လူမှုစီးပွားပြဿနာတွေ ဖြစ်နေတာကိုတွေ့ရပြီး STUM အနေနဲ့ အမှု တွေကို လက်ခံဖြေရှင်းပေးနိုင်ပေမဲ့ အဖွဲ့အစည်းအပေါ် ဖိအားပေးမှုတွေနဲ့ ဖြေရှင်းရေး ယန္တရား ကြန့်ကြာမှုတွေကြောင့် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ အနှစ်ချုပ် အစီအရင်ခံစာမှာ ရေးသားထားပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026