NEWS

လုပ်အားခ တိုးပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြအလုပ်သမားများ ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်ထုတ်ခံရ

CoverLogo
2K Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် စက်ရုံအတွင်းမှာ  အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးရန်အတွက် လူစုလူဝေးဖြင့်တောင်းဆိုခဲ့ခြင်းကြောင့် ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်သမား၂၇ ဦးကို  အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။ 

''ကျွန်မတို့ဒီနေ့သေချာရှင်းရှင်းလင်းလင်းသိချင်တာကြောင့် စက်ရုံသွားခဲ့ပါတယ်။ စက်ရုံရှေ့ကော်ခုံထုတ်ပေးပီး ထိုင်စောင့်ခိုင်းပါတယ်။ အဝင်မခံဘူး။ လုပ်ခလစာတွက်ပေးမယ်ပုံစံမျိုးလုပ်တယ်။ အလုပ်ထုတ်တာလား။ ဥပဒေနဲ့ညီရဲ့လားမေးတော့ မညီသည်ဖြစ်စေဆိုတဲ့စကားကို ပြောလိုက်တယ်'' လို့ အဆိုပါ စက်ရုံမှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ် ။  

အဆိုပါစက်ရုံအလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ မှ ၈၀၀၀ ကျပ်  သို့ တိုးပေးဖို့တောင်းဆိုရာမှအောက်တိုဘာ၂၈ရက်နေ့မှာ
ဆန္ဒပြ အလုပ်သမား၂၇ဦး ကိုအလုပ်မှထုတ်ပယ်ကာ ကျန်အလုပ်သမားတစ်ရာကျော်ကိုလည်း  တောင်းဆိုမှူပြုလုပ်ရန် ပြင်ဆင်မှုကြောင့် စက်ရုံပြင်ပသို့ ဆွဲထုတ်ထားတယ်လို့ သိရပါတယ်။ 

''သူတို့က အီးစီစာချုပ်ကိုညိတယ် ခွင့်မဲ့သုံးရက်ပျက််တယ်ဆိုပြီး လုပ်တာ။ တစ်ကယ်တော့ အလညနဲ့မဆိုင်ဘူး အလဆနဲ့ပဲဆိုင်တယ်ဆိုပြီး သွားတယ်။ အဲ့ဒါကြောင့်အလဆမှာ စာသွားတင်ခဲ့တယ်'' လို့ ဆိုပါတယ်။ 

မြန်မာ ပေါင်ချိန်စက်ရုံက အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သင့်တင့်မျှတတဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့လတွေကတည်းက အလုပ်သမားရုံးကို ညှိနှိုင်းပေးဖို့ တင်ပြခဲ့ကြပေမဲ့ ညှိနှိုင်းမှုမရှိတာကြောင့် အောက်တိုဘာ၂၅ရက်ကနေစပြီး စက်ရုံအတွင်း စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရာမှ ၂၇ရက်နေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တောင်းဆိုမှုပြုလုပ်ခဲ့တဲ့၂ရက်နဲ့နေ့တစ်ဝက်ကို ခွင့်မဲ့ပျက်ကွက်ဟုဆိုကာအလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။ 

အလုပ်ရှင်အနေဖြင့် ညှိနှိုင်းမှုအဆင်မ​ပြေတာကြောင့် စုပေါင်းတောင်ဆိုမှုပြုလုပ်ခြင်းအပေါ် တောင်းဆိုမှုနှစ်ရက်တစ်ပိုင်းဖြစ်ပေမဲ့ ခွင့်မဲ့သုံးရက်ပျက်ကွက်မှုဆိုကာ အလုပ်ထုတ်လိုက်ခြင်းဟာ 
အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အငြင်းပွားမှုဖြစ်ပွားနေစဥ်မှာ အလုပ်ထုတ်ပိုင်ခွင့်မရှိတာကြောင့်ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။  

လက်ရှိ အခြေအနေအရ 
အလုပ်သမားရုံးသို့ မြန်မာပေါင်ချိန် အလုပ်သမားတွေ ဟာ တိုင်ကြားမှုအဆင့်ဆင့်ပြုလုပ်သွားမှာဖြစ်ပြီး အလဆကိုလည်း စာတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ် ။ 

Myanmar Pou Chen ဖိနပ်စက်ရုံမှာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Adidas အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026