NEWS

လုပ်အားခတိုးပေးဖို့တောင်းဆိုလို့ အလုပ်ထုတ်ခံရတဲ့ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတွေထဲက ၃ ဦး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်

CoverLogo
743 Views

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ adidas ဖိနပ်တွေကိုချုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်က  မြန်မာပေါင်ချိန်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ် ခဲ့ပြီးမှ  ပြေလည်မှုမရရှိခဲ့တာကြောင့် လုပ်ငန်းခွင်၀င်ရောက်နိုင်ခြင်းမရှိခဲ့ဘဲရှိနေခဲ့ပြီး ဇန်နဝါရီ၂၆ရက်မှာ တော့ အလုပ်သမား ၃ ဦးလုပ်ငန်းခွင်၀င်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“သုံးယောက်လုပ်ငန်းခွင်ထဲပြန်၀င်သွားနိုင်ပါပြီ။ ၁၄ ယောက်ထဲကနေသုံးယောက်၀င်တာ ၁၁ယောက်ကျန် ပါသေးတယ်။ ဒီ၁၁ယောက်ကလည်း အလုပ်ပြန်၀င်ရတော့မှာပါ။  သိပ်မကြာခင်တစ်ပတ်နှစ်ပတ်လောက် မှပြန်၀င်နိုင်မှာပါ။ စာချုပ်တွေကိုညှိနေပါပြီ။ အဓ်ိကကတော့အလုပ်ထုတ်ခံထားရတဲ့သူတွေကို ခွဲခြားဆက် ဆံခြင်းမပြုဖို့ရာကိုလည်း အဓိကညှိနှိုင်းတာပါ။ သုံးယောက်ကတော့၂၆ရက်နေ့ကစပြီး ၀င်သွားနိုင်ပါပြီ” လို့ အလုပ်ထုတ်ခံရသူများထဲမှတစ်ဦးဖြစ်သူက ပြောပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန်  တောင်းဆိုရာမှ  အလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး  လုပ်ငန်းခွင် ပြန်လည်၀င်ရောက်နိုင်ဖို့  နှစ်ဖက်ညှိနှိုင်းမှုတွေကို နှစ်လတိတိပြုလုပ်ခဲ့တာဖြစ်ပေမဲ့  လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ဖို့အတွက် ဇန်နဝါရီ၂ရက်နေ့မှာ  အလုပ်ရှင်ဘက်မှအလုပ်သမားတွေရဲ့ သဘောတူညှိနှိုင်းမှုမရှိတဲ့အချက်တွေကို  ထည့်သွင်းစာချုပ် ချုပ်ဆိုတာကြောင့်  လုပ်ငန်းခွင့်ပြန်လည်၀င်ရောက်နိုင်ခြင်းမရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံရဲ့လုပ်ငန်းရှင်က  အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကို   လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ခွင့်ပြုရန်  အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီးမှ  ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၃၀ရက်က  ထပ်မံညှိနှိုင်းမှုမှာတော့ အလုပ်ရှင်ကပြန်လည်ခန့်အပ်ခဲ့ပြီး ဇန်နဝါရီ ၂ရက်နေ့စာချုပ်ချုပ်ဆိုရာမှာတော့  စာချုပ်ပါအချက်အလက်များကွဲလွဲမှုတွေကြောင့်  ပြေလည်မှုမရရှိခဲ့တာပါ။

အဆိုပါအလုပ်သမားတွေနဲ့  စက်ရုံလုပ်ငန်းရှင်တွေရဲ့ နောက်ဆုံးညှိနှိုင်းမှုက အဆိုပါစက်ရုံကို အော်ဒါချပေးနေတဲ့ adidas ရဲ့ဖိအားပေးနေတဲ့ ဖိအားပေးမှုနဲ့ကြား၀င်ညှိနှိုင်းပေးမှုကြောင့် ဖြစ်ခဲ့တာဖြစ်ပြီးအလုပ်ထုတ်ခံရတဲံ့အလုပ်သမားတွေလုပ်ငန်းခွင် ထဲပြန်လည်၀င်ရောက်နိုင်ခြင်းမရှိပါက   adidasအနေနဲ့  စက်ရုံကိုအော်ဒါချပေးမှာ မဟုတ်ဘူးလို့လည်းသိရပြီး  လက်ရှိမှာလည်းကျန်ရှိနေတဲ့အလုပ်သမား၁၁ဦးကိုလည်း လုပ်ငန်းခွင်ထဲ၀င်ရောက်နိုင်ဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်တာကြောင့်  မကြာခင်အားလုံး၀င်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါအလုပ်သမားတွေက  လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ရာမှ အလုပ်သမား၂၆ဦးကို အလုပ်ထုတ်ခဲ့တာကြောင့် လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ခွင့်အတွက်ကိုသာ တောင်းဆိုတာကြောင့်  စစ်ကောင်စီရဲ့အလုပ်ရုံနဲ့အလုပ်သမားဆက်ဆံရေးဦးစီးဌာနအလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတာ၀န်ရှိသူတွေက နှစ်လတိတိညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမဲ့  မြန်မာပေါင်ချိန်စက်ရုံက  အလုပ်သမားတွေကို  သုံးလစာလျော်ကြေးပေးပြီး  အလုပ်ထုတ်ဖို့သာဆုံးဖြတ်ခဲ့တာကြောင့် ၃လခန့်အထိ ကြာမြင့်နေတာဖြစ်ပါတယ်။

မြန်မာပေါင်ချိန်စက်ရုံဟာ adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ် လုပ်ပြီး အလုပ်သမား ၇၀၀၀ ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပြီး အဲ့ဒီလိုစံချိန်တွေတိုးမြှင့်ချုပ်လုပ်စေခိုင်းပေမဲ့ လစာတိုးမြှင့် ခြင်းမရှိသလို အခြားသောခံစားခွင့်တွေလည်းမရတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ လက်ရှိရနေတဲ့ တစ်နေ့လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်အစား တစ်နေ့လုပ်ခကျပ်၈၀၀၀ သို့တိုးပေးဖို့ အောက်တိုဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီလိုအလုပ်သမား ၂၀၀၀ကျော်အထိ ပါ၀င်တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၈ရက်က အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ် မိမိတို့ရဲ့တစ်နေ့လုပ်ခကျပ်၄၈၀၀ဟာ လုံလောက်မှုမရှိတာကြောင့် အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

#MyanmarLabourNews 
#YS


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026