NEWS

လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ

CoverLogo
788 Views
 
ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ်- မင်းဗန္ဓုလမ်းနှင့်ဗိုလ်တိုက်ချွန်းလမ်းထောင့် မှာဖွင့်လှစ်ထားတဲ့ STYLE SMART Myanmar CO,LTD Garment Factory အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေလို့ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
လုပ်ငန်းခွင််ထဲမှာ ချိုးဖောက်မှုအနေနဲ့ လုပ်သက်နည်းတဲ့ လုပ်သက် ၃ လကနေ ၆ လအထိ အလုပ်သမားတွေကို အကြောင်းပြချက်မရှိ၊ ကြိုတင် အသိပေးတာမရှိဘဲ အလုပ်ကထုတ်ပယ်တာ ၊ အချိန်ပို အလွန်အကျွံခိုင်းစေပြီး အချိန်ပိုလုပ်အားခ ရှင်းမပေးတာနဲ့ ခြိမ်းခြောက်ခိုင်းစေတာတွေရှိနေတယ်လို့ အလုပ်သမားတွေကမြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုပြောပါတယ်။
 
လုပ်ငန်းခွင်ဟာ မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ JEAN MICHEL BASQUIAT, POLA အမှတ်တံဆိပ် လူကြီး ဝတ်အနွေးထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂ ရော ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီပါ ဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။
 
လက်ရှိမှာ စက်ရုံဖွင့်ထားတာ ၁ နှစ်ကျော်သာရှိသေးပြီး လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှိနေတာကြောင့် ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"နေ့စားအလုပ်သမားတွေထဲက လုပ်သက် ၃ လမပြည့်တဲ့အလုပ်သမားတွေနဲ့ ၃လနဲ့ ၆ လကြား အလုပ်သမားတွေကို အမြဲတမ်းအလုပ်ထုတ်တယ် အထည်အရေးကြီးရင် နေ့စားသမားတွေကို ခေါ်ပြီးခိုင်းတယ်"လို့ ပြောပါတယ်။
 
ပုံမှန်အလုပ်ချိန်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၄ နာရီ ခွဲအထိ ဖြစ်ပြီး အချိန်ပိုကို ည ၈ နာရီ၊ ၁၂ နာရီ ၊ အောလင်းအထိဆင်းရတယ်လို့ ပြောပါတယ်။
 
"အချိန်ပိုကို အောလင်း အောနိုက်( ညလုံးပေါက်) ဆင်းရတယ်၊ စူပါတွေ အောစူပါတွေက အချိန်ပိုမဆင်းရင် အမြဲတမ်းဝန်ထမ်း မဖြစ်ဖူးဆိုပြီး ခိုင်းတာ၊ အချိန်ပိုမဆင်းရင် နောက်ရက်မလာနဲ့တော့ဆိုပြီး ဖိအားပေးခြိမ်းခြောက်တယ် အထည်အရေအတွက် မပြည့်တာတွေဆိုလည်း ည ၁၂ နာရီအထိ အချိန်ပိုကြေးမရပဲ အလကားဆင်းပေးရတာ"လို့ အလုပ်သမားကပြောပါတယ်။
 
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ ရက်နေ့မှာ စက်ရုံမန်နေဂျာမှ (၃) လမပြည့်သူများနှင့် (၃) လနှင့် (၆) လကြားရှိသည့် အလုပ်သမားများကို လကုန်ပြီး (၅) ရက်နေ့ တစ်ရက်လာဆင်းပြီးလျှင် အလုပ်ထုတ် ကြောင်းအသိပေးခဲ့တယ်လို့ ပြောပါတယ်။
 
"အချိန်ပိုတွေ မတရားဆင်းခိုင်း ရက်အစားတွေဆင်းခိုင်းပြီး စက်ရုံကို အောက်တိုဘာ ၂၃ ကနေ စပြီး ၁၃ ရက်ပိတ်ထားတယ်၊ နိုဝင်ဘာ ၅ ရက်နေ့ အလုပ်လာဆင်းခိုင်းပြီး လစာယူ နောက်နေ့ဆင်းစရာမလိုတော့ဘူးပြောတယ်"လို့ နေ့စား အလုပ်သမားကပြောပါတယ်။
 
အခုလို နေ့စားအလုပ်သမားအဖြစ် လုပ်သက် ၃ လမှ ၆ လအထိ အလုပ်လုပ်ခိုင်းပြီး နို့တစ်ကြေးမပေးဘဲ အလုပ်မှ မကြာမဏ ထုတ်ပယ်မှုဟာ အလုပ်သမားအတွက် အလုပ်ရှာရခက်ခဲသလို နစ်နာမှုရှိတာကြောင့် စက်ရုံဘက်မှ ဥပဒေမဲ့မလုပ်ဖို့ အလုပ်သမားကပြောပါတယ်။
 
"အလုပ်ထုတ်ချင်တယ်ဆိုလည်း ဥပဒေနဲ့အညီ ထုတ်စေချင်တယ်" လို့ အလုပ်သမားကဆက်ပြောပါတယ်။
လုပ်ငန်းခွင်မှာ အလုပ်သမားလုပ်နိုင်တဲ့ စံချိန်ထက်ပိုမိုတောင်းခံတာ ၊ လုပ်ငန်းခွင်အတွင်း ၊ အိမ်သာတွေမသန့်ရှင်းတာ၊ ဆေးပေးခန်း အဆင်မပြေတာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့
၁။ (၃) လမပြည့်သူများနှင့် (၃) လနှင့် (၆) လကြားရှိသည့် အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်ခြင်း မပြုရန်။
၂။ အလုပ်ရပ်နားမည်ဆိုပါက နို့တစ်ပေးရန်။
၃။ အချိန်ပိုဆင်းပါက ဖိအားပေးခြိမ်းခြောက်ဆင်းခိုင်းခြင်းမပြုရန်။ အချိန်ပိုကြေးမပေးပဲ ဆင်းခဲ့သည်များကို ဘက်ဒိတ်ဖြင့်တွက်ချက်ပေးရန်။
၄။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည်ထက်ပိုမိုတောင်းခံခြင်းမပြုရန်၊ ဆဲဆိုခြင်းမပြုရန် STYLE SMART Myanmar CO,LTD Garment Factory အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026