NEWS

လုပ်ငန်းခွင် ထိခိုက်မှုကြီးကြီးမားမားဖြစ်သွားတဲ့ အလုပ်သမားအား တာဝန်ယူကုသ​ပေးရန်  GTIG Guohua Glory လုပ်ငန်းရှင်ကိုတိုင်ကြားထား

CoverLogo
543 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်း၊ အမှတ် - တွင်ဖွင့်လှစ်ထားတဲ့  GTIG Guohua Glory အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ထိခိုက်မှုကြီးကြီးမားမားဖြစ်သွားခဲ့တာကြောင့် အလုပ်သမားအား ဆေးကုသမပေးတာ ကြောင့်လုပ်ငန်းရှင်ကို တိုင်ကြားထားတယ်လို့သိရပါတယ်။ 

"ဆေးကုသပေးဖို့ငြင်းပြီး နစ်နာကြေးသိန်း၅၀ပဲပေးမယ်လုပ်တာ။ တိုင်ထားတယ်"လို့ အလုပ်သမားတွေကို  ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်၂၂ရက် ည​နေ ၄ နာရီခွဲ အလုပ်ဆင်းချိန်မှာ  ဖယ်ရီကားပေါ်သို့တက်ရောက်စဉ် အနောက်သို့ လန်ကာ ပြုတ်ကျခဲ့ပြီး ဦးခေါင်းထိခိုက်မှုဖြစ်ပွားခဲ့ရာ လိုင်းစူပါနှင့်အဖော်တစ်ဦးတို့မှ ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လိုအပ်သော ဆေးဝါးကုသမှုအချို့ပေးခဲ့တယ်လို့ သိရပါတယ်။  

အဲ့ဒီနောက်နှစ်ရက်အကြာ နှာခေါင်းသွေးလျှံခြင်း၊ ခေါင်းမူးဝေခြင်းကြောင့် ရွှေပြည်သာဆေးရုံသို့သွားရောက်ကုသမှုခံယူရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲခဲ့တာကြောင့်  ၂၇.၇.၂၀၂၃ တွင် ကုသမှု ခံယူခဲ့ပြီး CT Scan  ရိုက်သည့်အခါ ဦးနှောက်သို့ပို့လွှတ်သည့် သွေးကြောမျှင်ပေါက်ခြင်းကြောင့် ယခုကဲ့သို့ နှာခေါင်းသွေးလျှံခြင်း၊ မူးဝေခြင်းဖြစ်လို့  ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ 

အဲ့ဒီလိုဖြစ်ပွားပြီးဩဂုတ်တွင် ဆေးခွင့်မရရှိတဲ့အတွက် နေမကောင်းဖြစ်နေစဉ်ပင်လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ရကာ ခေါင်းမူး ခြင်း၊ ကိုယ်လက်မသန်ထုံကျဉ်ခြင်းတို့ကို ခံစားနေရလို့ Line _ 14 တွင် မလုပ်ကိုင်ရဘဲ Finishing ဌာနတွင် ပဲပြင် အဖြစ်ပြောင်းလဲလုပ်ကိုင်ခဲ့ရပြီး သတ်မှတ်ထားတဲ့အာဝါဒီ မပြည့်မှီတဲ့အတွက်လည်း Line All Super မွ  မိုက်ဖြင့် ခေါ်ကာ လိုင်းထိပ်တွင် အရှက်ခွဲ ပြောဆိုခံခဲ့ရသေးတယ်လို့လည်း သိရပါတယ်။ 

ထို့နောက် ၅.၁၁.၂၀၂၃ နေ့ စက်ချုပ်နေစဉ် ခေါင်းမူးခြင်း၊ အောက်ပိုင်း မလှုပ်နိုင်ဖြစ်ခြင်းကြောင့် အလုပ်သမားဆေးရုံ (တာမွေ)သို့ သွားခဲ့ရာ ဆရာဝန်ကသံလိုက်ဓာတ်မှန်ရိုက်ရန်ပြောသဖြင့် ဓာတ်မှန်ရိုက်ပြီး ၁.၁၂.၂၀၂၃  မွ ၃.၁၂.၂၀၂၃ နေ့အထိ အရိုးအကြောဌာနတွင် ဆေးရုံတက်ရောက် နေစဉ်ဆရာဝန် မှလည်ပင်းရိုးအောက်ပိုင်း အာရုံကြောညပ်နေခြင်းဖြစ်ပြီး ခွဲစိတ်မှုမပြုလုပ်ပါက အောက်ပိုင်းသေသည်အထိ ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလာတယ်လို့ သိရပါတယ်။ 

တာမွေအလုပ်သမားဆေးရုံတွင် ပစ္စည်းကိရိယာ မလုံလောက်မှုကြောင့် ကြည့်မြင်တိုင်ပြည်သူ့ဆေးရုံကြီးတွင်ခွဲစိတ်မှုပြုလုပ်ရန် ဆရာဝန်မှအကြံပြုသဖြင့် ကြည့်မြင်တိုင်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်မှုပြုလုပ်နိုင်ရေးအတွက် ဖောင်တင်ခဲ့ကာ ၆.၃.၂၀၂၄ ရက်နေ့တွင် ကြည့်မြင်တိုင်ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။  

ထိုသို့ခွဲစိတ်ကုသမှုခံယူရန်အတွက် စက်ရုံဘက်မှ တစ်စုံတရာလုပ်ဆောင်ပေးခြင်းမရှိသလို ငွေကြေးထောက်ပံ့မှုလည်းမရှိခဲ့ဘဲ စက်ရုံဝန်ထမ်းများမှ အလှူငွေ ဆယ်သိန်းကျော်ခန့်နှင့် လုပ်ငန်းရှင်မှ ငွေကျပ်ငါးသိန်း စုစုပေါင်း ဆယ့်ငါးသိန်းကျော်ကိုသာ အလှူငွေဟုဆိုကာ ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် လစဉ် ဆေးရုံသို့ သွားရောက်ပြသနေရပြီး မသက်သာသည့်အတွက် ထပ်မံဓာတ်မှန်ရိုက်ကြည့်ရာ ယခင်ခွဲစိတ်မှုပြုလုပ်ထားသည့်အနီးတွင် နောက်ထပ်အကြောတစ်ခု ထပ်မံညပ်နေကြောင်းသိရှိခဲ့ရကာ အလုပ်သမားအနေဖြင့် ငွေကြေးအခက်ခဲကြောင့် ထပ်မံခွဲစိတ်မှုကို မလုပ်နိုင်သေးပဲရှိနေတယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံလုပ်ငန်းရှင် အနေဖြင့် စတင်ဖြစ်ပွားခဲ့တဲ့ ၂၂.၇.၂၀၂၃ ရက်မှ စတင်ကာ  ၈.၇.၂၀၂၄ရက်နေ့အထိ အလုပ်သမားရဲ့လုပ်ငန်းခွင် ထိခိုက်ခံရခြင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ လိုက်ပါဆောင်ရွက်ခြင်းမရှိခဲ့ဘဲ ဆေးရုံမှပြန်ဆင်းပြီးနောက် လစဉ်ဆေးရုံပြရသည့် ၂၀၂၄ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအ ထိသုံးလအတွင်းရက်ချိန်းဆေးရုံပြသုံးကြိမ်ကိုသာ တာဝန်ယူပေးတယ်လို့ သိရပါတယ်။  

ထို့နောက် ၂၀၂၄ ခုနှစ် ​အောက်တိုဘာ ၂၅ရက်နေ့တွင် စက်ရုံမန်နေဂျာရုံးခန်းအတွင်း၌မန်နေဂျာ၊ လုပ်ငန်းရှင်၏ COC ၊အလုပ်ရှင်၏WCCအဖွဲ့ဝင်များ၊ စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူများနှင့်  ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်ဘက်မှ ယခုဆေးဝါးကုသမှုအား တာဝန်မယူနိုင်တော့ကြောင်းနှင့် လျော်ကြေးငွေ သိန်းငါးဆယ်ပေးမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားအနေဖြင့် လက်ရှိဖြစ်ပွားနေတဲ့ရောဂါကိုပျောက်ကင်းသည်အထိ စက်ရုံဘက်မှ ကုသ​ပေးရန်သာ  ပြောဆိုခဲ့သော်လည်း ၃ လကြာသည်အထိ  လုပ်ငန်းရှင်ဘက်မှကုသ​ပေးရန် မလုပ်ဘဲ လျော်ကြေးငွေပေးမည်ကိုသာပြောဆိုခဲ့တာကြောင့် ကူညီဖြေရှင်းပေးပါရန် ထိခိုက်ခံရတဲ့ အလုပ်သမားက STUM သို့ အကူညီတောင်းခံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026