NEWS

လုပ်ငန်းခွင်အတွင်း WCC ကော်မတီနဲ့ အလုပ်ရှင်နှင့်ပူးပေါင်းကာ အလုပ်သမားများကိုဖိနှိပ်

CoverLogo
4.6K Views

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်သမား ၃၀ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ဖွဲ့စည်းရမှာဖြစ်ပြီး  ကော်မတီအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း ကြားမှာ  အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ဖို့ ဥပဒေမှာဖော်ပြပါရှိပေမယ့် လက်တွေ့မှာ‌တော့ အလုပ်ရှင်ဘက်က  WCC ကို လိုသလိုဖွဲ့စည်းထားပြီး  အလုပ်သမားတွေကို ဖိနှိပ်တာတွေလုပ်ဆောင်နေတယ်လို့ အလုပ်သမား‌တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်လုပ်ငန်းတွေမှာ အခုလို ဖြစ်စဉ်တွေရှိနေပြီး WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) နဲ့  အလုပ်ရှင် ကိုယ်စားပြု မန်နေဂျာစသည်တို့က အလုပ်သမားတွေကို ဝမ်တိန် အတင်းအကြပ်ထိုးခိုင်းတာ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက် ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂)၊ ဦးထွန်ညိုလမ်း မှာ တွင် ဖွင့်လှစ်ထားတဲ့ Myanmar Guotai  Huasheng  Glory  Fashion Garment မှာ  အလုပ်သမား (၇၀၀) ကျော်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အဆိုပါ လုပ်ငန်းခွင်ထဲမှာလည်း  WCC ကိုယ်စားလှယ်နဲ့ အလုပ်ရှင်တို့မှ အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲ့ဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

"အလုပ်သမားတွေအပေါ်ဆို အပြစ်မရှိ အပြစ်ရှာပြီး ဝမ်တိန် ပေးတာတွေ ခွင့်ယူရင်လည်း အလွယ်တကူယူလို့မရဘူး။ အလုပ်ထဲကို မိန်းကလေး အရေးပေါ် အသုံးအဆောင်တွေ တွေ လစဉ်သုံး ပစ္စည်းတွေ ယူတာတောင် အယူမခံဘဲ ဝမ်တိန်ထိုးခိုင်းတာတွေလုပ်နေတယ်"လို့ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ  PRIMARK     အမှတ်တံဆိပ် ကို ချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရှင်ဘက် က တဖက်သတ် သတ်မှတ်ထားတဲ့ စံချိန် မပြည့်မှီပါက အလုပ်သမားမျာကို ကြီးကြပ်သူတွေဖြစ်တဲ့ အောစူပါ စူပါများမှ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ပြီး စံချိန် မပြည့်လျှင် ဝမ်းတိန် ထိုးရမည်ဟု ပြောကာ  ဖိအားပေး ခိုင်းစေမှုကြောင့် စံချိန်ပြည့်မီဖို့ လုပ်ဆောင်နေရပြီး မတော်တဆ  ပဲထည်များဖြစ်ပေါ်ပါက ဝမ်တိန် ထိုးပေးရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အလုပ်သမားဥပဒေပါ ခွင့်ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် နဲ့ဆေးခွင့်တွေ ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရပြီး ခွင့်ယူဖို့ တောင်းဆိုတဲ့ အလုပ်သမားကို အခက်တွေ့အောင်ပြောဆိုမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း WCC ရွေးချယ်စဉ်ကတည်းက မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်က မဲအရေအတွက် ၅၀ သာရရှိခဲ့ပေမယ့် အလုပ်သမားအများစု ရွေးချယ်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေကို အလုပ်ရှင်ဘက်က အသိအမှတ်ပြုရွေးချယ်စေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"WCC ဆိုတာ အလုပ်သမားက ရွေးချယ်တာဆိုတဲ့ပုံစံမျိုးဖြစ်နေပေမယ့် တကယ်တမ်းက သူတို့ကြိုက်တဲ့ခေါင်းဆောင်ကိုရွေးချယ်ခွင့်မရဘူး ရွေးထားတဲ့ ၃ ယောက်က အလုပ်ရှင်ဘက်ကိုပါနေတဲ့သူတွေဖြစ်တယ် ဒါကြောင့် အလုပ်သမားတွေက သူတို့မရွေးချယ်ထားတဲ့ လူတွေကို ကိုယ်စားမပြုဘူး" လို့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတစ်ဦးက ၎င်းကြုံတွေ့နေရတဲ့အခြေအနေကိုပြောဆိုပါတယ်။

"အခုကတော့ ဘာပဲဖြစ်ဖြစ်  ခိုင်လုံတဲ့  အကြောင်းပြချက် မရှိဘဲ ဝမ်တိန်တွေကို WCC နဲ့ပေါင်းပြီး လက်မှတ်တွေ ထိုးခိုင်းနေတာ ဝမ်တိန်ထိုးရာမှာလဲ WCC (၃) ဦး အလုပ်ရှင် ကိုယ်စာလှယ် (၃) ဦး မန်နေဂျာ အပါအဝင် စုစုပေါင်း (၇) ဦးက အလုပ်သမားက တစ်ယောက်ထဲ  တံခါးပိတ်ထားပြီး လက်မှတ် မထိုးမချင်း ရုံခန်းထဲက ပြန်မလွတ်ဘူး အများနဲ့တစ်ယောက်ဆိုတော့ အလုပ်သမားက အပြစ်မရှိဘဲ လက်မှတ်ထိုး လိုက်ရတာတွေ ကြုံနေရတယ်"လို့ အလုပ်သမားတစ်ဦးက  ပြောဆိုပါတယ်။

ဒါ့အပြင် စက်ရုံတွင် တနင်္ဂနွေ အပတ်စဉ် တိုင်း အချိန်ပိုအိုတီ ခေါ်တာတွေရှိနေပြီး ငြင်းဆန်ပါက ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

"လိုင်း ၁၂ မှ စူပါကလိုင်း အလုပ်သမားတွေကို လစာထုတ်ပြီးတာနဲ့  တစ်ဦးကိုဆေးဖိုးဆိုပြီး ၅၀၀၀ ကျပ် ကောက်တယ်။ အထည်ပို ဆုကြေး တစ်ပတ်တစ်ခါ ထုတ်ရင်  အစွန်းထွက် ပိုငွေ ဘယ်လောက်ကျန်ကျန် ဆေးဖိုးဆိုပြီး  အလုပ်သမားကို အကုန်မပေးပဲ  ယူထားပြီး  တကယ်တမ်းဆေးယူချင်ရင် ဆေးကမရှိဘူး တခါ သူ့မွေးနေ့ဆိုပြီး အလုပ်သမားဆီက တစ်ယောက်ကို  ၅၀၀၀ ကျပ် ကောက်တယ်အလုပ်သမားက မထည့်ချင်လည်း ဖိအားအမျိုးမျိုးကြောင့် ထည့်နေရတယ်လို့ " အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း စူပါ အောစူပါများမှ အော်ဟစ် ဆဲဆိုခြင်း မပြုလုပ်ရန်၊ အကြောင်းပြချက် မခိုင်လုံဘဲ ၀မ်တိန် လက်မှတ်ထိုးခိုင်းခြင်း မပြုလုပ်ရန် ၊ တနင်္ဂနွေ အချိန်ပိုအိုတီကို  အလုပ်သမား သဘော ဆန္ဒမပါပဲ ခိုင်းစေခြင်း မပြုလုပ်ရန်၊ အလုပ်ရှင်မှ တစ်ဖက်သတ် စီစဥ်ထားသော အလုပ်သမားများ ကိုယ်စားမပြုသော WCC ကို အသိမှတ်မပြုရန် နဲ့ အလုပ်သမားများဆီမှ မလိုအပ်သော ငွေကြေးများ မကောက်ခံရန် စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

MyanmarLabourNews

 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026