NEWS

လုပ်ငန်းခွင်အတွင်း ဥပဒေချိုးဖောက်မှုများကို ဝန်ကြီး ဌာနနှင့် အလုပ်ရှင်ပူးပေါင်းပြီး ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့

CoverLogo
26 Views
 
ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို ဝန်ကြီးဌာနက လာရောက်စစ်ဆေးခဲ့ပေမယ့် အလုပ်ရှင်နဲ့ ပူးပေါင်းကာ ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီစက်ရုံမှာ အခြေခံလုပ်ခလစာကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းအတိုင်းမပေးတဲ့အပြင် အချိန်ပိုနာရီတွေပါခေါ်ယူပြီး လုပ်အားခခေါင်းပုံဖြတ်နေတဲ့သတင်းကို ဖော်ပြပြီးနောက်မှာ စက်ရုံမှာ စစ်ဆေးရေးတွေ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။
 
“စစ်ဆေးရေးလာတော့ အလုပ်ရှင်က လူကြိုရွေးပေးထားတယ်။ ဒီလူတွေပဲဖြေ သူတို့သင်ပေးသလိုပဲ ဖြေခိုင်းတယ်။ နောက်ဘာမှမသိတဲ့ အသစ်တွေကို ဖြေခိုင်းတယ်။ စစ်ဆေးတဲ့သူတွေကလည်း အလုပ်ရှင်က ထုတ်ပေးတဲ့သူတွေကိုပဲ စစ်သွားတယ်။ ပြောမယ်ဆို အလုပ်ရှင်နဲ့ ဝန်ကြီးဌာန ပူးပေါင်းပြီး ဟန်ပြပဲ စစ်ဆေးသွားတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
ဒီစက်ရုံကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၂)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား တစ်ထောင်ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
 
အလုပ်သမားတွေအနေနဲ့ ကိုရီးယားအမှတ်တံဆိပ် BOUTIQUE လေဖောင်း အနွေးထည်တွေကို ချုပ်လုပ်နေရတာဖြစ်ပြီး အလုပ်သမားအင်အား ထက်ဝက်ကျော်ကတော့ ကလေးအလုပ်သမားတွေ ဖြစ်ပါတယ်။
 
“အခုထိကို လစာက (၅၈၀၀)ကျပ်ပဲ ရပါတယ်။ ဝန်ကြီးဌာနက အပိုထောက်ပံ့ကြေးနှစ်ထောင်ထိ တိုးပေးရမယ် ပြောထားပေမယ့် စက်ရုံမှာတော့ မရပါဘူး။ နောက်တစ်ခုက အချိန်ပိုတွေ လုပ်ပေးရပေမယ့် ကျွန်မတို့ လုပ်ခ လစာ အပြည့်အဝမရပါဘူး။ ပုံမှန်အလုပ်ချိန်က မနက်(၇) နာရီ (၄၀) ကနေ ညနေ (၄) နာရီ (၂၀) ထိပါ။ အချိန်ပိုဆင်းရရင်တော့ ည (၇) နာရီထိ လုပ်ရပါတယ်။ ဒါပေမယ့် တစ်ပတ်မှာနှစ်ရက် အင်္ဂါနဲ့ကြာသပတေးနေ့ ကတော့ ည (၈) နာရီကနေ မနက်(၂) နာရီထိ ဆင်းပေးရတယ်။ အဲဒီအတွက်လည်း ကျပ်(၆၀၀၀) ပဲပေးပါတယ်။ ကျွန်မတို့က ကိုယ့်ဘာသာထမင်းဝယ်စားရပါတယ်။ ဘာမှမကျွေးပါဘူး။ စက်ရုံကနေ ဝေးလို့မပြန်နိုင်တဲ့သူတွေဆို အိမ်ကလည်း ထမင်းချိုင့် လာမပို့နိုင်ရင် နောက်တစ်နေ့ နေ့လည်စာပါ ဝယ်စားရပါတယ်။ သူတို့ပေးတဲ့ပိုက်ဆံက ထမင်းဖိုးနဲ့ တင်ကုန်ပါတယ်။ အချိန်ပိုတွေ ဆင်းနေပေမယ့် ကျွန်မတို့အတွက် ဘာမှခံစားခွင့်မရပါဘူး”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
စက်ရုံမှာ သောက်သုံးရေအတွက် အိမ်သာနဲ့ လက်သန့်ရှင်းရေးမှာ သုံးတဲ့ရေကိုပဲ အတူတူသုံးစွဲခိုင်းနေသလို အိမ်သာတွေ မသန့်ရှင်းတာ၊ အလုပ်သမားအရေအတွက်နဲ့ အသုံးပြုနိုင်တဲ့အိမ်သာ မမျှတတာတွေလည်း ရှိနေပါတယ်။
 
ဒါ့အပြင် ဆေးခန်းမှာ ဆေးမရှိတာ၊ အလုပ်အတွက် အသုံးပြုရတဲ့ လွန်းဆံ၊ လွန်းအိမ်၊ ကတ်ကြေး စတာတွေကိုလည်း အလုပ်သမားတွေက စက်ရုံရုံးခန်းမှာ ကိုယ်ပိုင်ငွေကြေးနဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါ တယ်။
 
“သူတို့က ည(၂)နာရီ အလုပ်ပြီးတာနဲ့ မီးဖြတ်ချလိုက်တယ်။ တစ်ချို့နီးတဲ့သူတွေလည်း ပြန်တယ်။ မပြန်တဲ့သူ တွေကတော့ ကိုယ့်စက်ချုပ်တဲ့နေရာလေးတွေမှာ အိပ်ကြတယ်။ သံမံတလင်းတို့၊ အထည်တင်တဲ့ခုံပေါ်မှာ အိပ်ကြ တယ်။ ခြင်ထောင်လေးတွေပါတဲ့သူလည်း ထောင်အိပ်ပေါ့။ မရှိတဲ့သူတွေကျတော့လည်း အထည်ခြုံအိပ်တယ်။ ဂုန်နီအိတ်ခြုံအိပ်တယ်။ အဆောင်နေစရာ မရှိပါဘူး။ ကြာလာတော့ အလုပ်သမားတွေ ကျန်းမာရေးတော့ ထိတာပေါ့။ ခွင့်က ဆေးခွင့်ဆိုပြီးလည်း မပေးဘူး။ ခွင့်ယူလို့ရတယ်။ တစ်ရက်ပျက်ရင်ဒေးကြေးကော၊ ရက်မှတ်ကြေးပါ ပြုတ်တယ်။ အထည်ကတော့ မိနစ်လေးဆယ်ကို (၃၅) ထည်ပေးရတယ်။ ticket ကြေးကတော့ (၁၀၀) ပြည့်ရင် ၆၀၀၀၀ (၉၀)ရာခိုင်နှုန်းဆို ၅၀၀၀၀ (၈၀)ရာခိုင်နှုန်းဆို လေးသောင်း (၇၀) ရာခိုင်နှုန်းဆို သုံးသောင်းပေးတယ်။ အဲဒီအောက် ကျသွားရင်တော့ မပေးတော့ဘူး။ ကျွန်မဆို တစ်လပဲ ရဖူးတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံမှာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC) စာချုပ် ချုပ်ဆိုတာမရှိသလို လူမှုဖူလုံရေး ထည့်ဝင် ကြေးတွေ ပေးသွင်းနေပေမယ့် တစ်နှစ်ကျော်ရတဲ့အထိ လူမှုဖူလုံရေးကတ်ပြား မရတဲ့သူတွေလည်း ရှိနေပါတယ်။
 
စက်ရုံမှာ လုပ်သက်ခွင့်မယူတဲ့ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ခွင့်ရက်အတိုင်း လုပ်ခလစာပြန်လည် ထုတ်ပေးတာမရှိဘဲနဲ့ ဆုကြေးသဘောမျိုးသာ ထုတ်ပေးသလို အချိန်ပိုနာရီတွေကိုလည်း အများပြည်သူ ရုံးပိတ်ရက်တွေမှာပါ ခေါ်ယူနေတာ ဖြစ်ပါတယ်။

Related posts

Cover
မသန့်ရှင်းသည့်ရေများကို အလုပ်သမားများ သောက်သုံးနေရ
Nov 18, 2024
Cover
BOGART LINGERIE (yangon)တွင်အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး မပြည့်မီပါက အလုပ်ချိန်မတိုင်ခင်ကြိုတင်ခိုင်းစေနေ
Nov 16, 2024
Cover
က​လေးလုပ်သားများခိုင်းစေနေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေ
Nov 16, 2024
Cover
မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်နှင့် မိသားစု​တွေအတွက်   ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်တဲ့  ဗီဇာထုတ်ပေးမယ်လို့ တရုတ်သံရုံးကြေညာ
Nov 16, 2024
Cover
အလုပ်သမားအခွင့်အ​ရေး ချိုး​ဖောက်ပြီး  လုပ်ငန်းဆက်လက်လည်ပတ်နေတဲ့ အမှတ်တံဆိပ်​တွေကို ထပ်မံတိုင်ကြားမှုတွေ လုပ်ဆောင်မယ်လို့ IndustriALL ထုတ်ပြန်
Nov 16, 2024
Cover
Prettex Myanmar စက်ရုံ အောလင်းအချိန်ပို အတင်းအကြပ်ခေါ်ဆိုမှု အလရဦးစီးမှူးလာရောက်စစ်ဆေး​ပေမယ့် မိုးလင်းမှ နေအိမ်ပြန်ရ
Nov 15, 2024
Cover
အလုပ်သမားတွေရဲ့တရက်​ဝင်​ငွေဟာ ခရမ်းချဉ်သီး ငပိချက်ဟင်း တစ်ခွက်နှုန်းထားထက်နည်းပါးနေ
Nov 15, 2024
Cover
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု​တွေကို လျစ်လျူရှု့အကျိုးမြတ် ရယူနေတဲ့ Next, New Yorker နှင့်  LPP အမှတ်တံဆိပ်​တွေကို IndustriAll တိုင်ကြားထား
Nov 15, 2024