NEWS

လုပ်ငန်းခွင်အတွင်း အထည်ကို ခြေထောက်နဲ့ ပြ

CoverLogo
544 Views

#ပေးစာ

အကူညီတောင်းပါတယ်ရှင့် ။

.

Sanyuan Oversea Two စက်ရုံကပါ။

စက်ရုံထဲက တရုတ်နိုင်ငံသား တစ်ယောက်က ဝန်းထမ်းတွေကို  အထည်တွေ ပြတာ လက်နဲ့ မပြပဲ ခြေထောက်နဲ့ ပြလို့ပါ။

အဲဒီ တရုတ်နိုင်ငံသားက ဓါတ်ပုံမှာပါတဲ့ တံဆိပ်ကို အော်ဒါပေးနေတဲ့သူပါ။

လိုင်းထဲမှာ အလုပ်သမားတွေကို အထည်မှားလို့  သူကပြတာ၊ လက်နဲ့ ပြတာမဟုတ်ဘဲ၊ အထည်တွေကို အောက်ပစ်ချပြီး ခြေတောက်နဲ့ ထိုးပြ တာပါ။

 အထည် အမှားအယွင်းရှိလို့ပြတယ်ဆိုလည်း လက်နဲ့ ရိုးရိုးပြလည်းရပါတယ်။ ဒါကို ခြေထောက်နဲ့ ပြတာပါ။ ဒါက အလုပ်သမားတွေအတွက် တော်တော် အဆင်မပြေတာပါ။

ဘေးက မြင်လိုက်ရတာတောင် စိတ်မကောင်းဖြစ်ရတာပါ။ အဲဒီလိုင်းထဲက အလုပ်သမားတွေလည်း တော်တော်မကျေမနပ် ဖြစ်နေကြပါတယ်။ လှမ်းမြင်ရတဲ့သူတောင် မခံနိုင်တာ ခံရတဲ့ ဝန်ထမ်းတွေ ဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။

တော်တော် အဆင်မပြေတာပါ။

အဲဒီ တရုတ်အမျိုးသားက စက်ရုံက မဟုတ်ပါဘူး။ ဓါတ်ပုံမှာပါတဲ့ တံဆိပ် ကို အော်ဒါပေးတဲ့ သူပါ။ အဲဒီ  အော်ဒါအ အတွက် အထည်တွေကို လာစစ်တာပါ။

ဖြေရှင်းပေးပါရှင့် ။

(Note- San Yuan Oversea(2) Myanmar Apparel အထည်ချုပ် စက်ရုံက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် ထန်းတပင် စက်မှုဇုန်၊ အနောက်ပိုင်းလမ်းမကြီးမှာရှိပြီး အလုပ်သမား ၅၀၀ ကျော်နဲ့လည်ပတ်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး PADDED COLLECTION အမှတ်တံဆိပ် ဂျာကင်နဲ့ ဘောင်ဘီတွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ် ။)


Related posts

Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025