NEWS

လုပ်ငန်းခွင်အတွင်း အထည်ကို ခြေထောက်နဲ့ ပြ

CoverLogo
567 Views

#ပေးစာ

အကူညီတောင်းပါတယ်ရှင့် ။

.

Sanyuan Oversea Two စက်ရုံကပါ။

စက်ရုံထဲက တရုတ်နိုင်ငံသား တစ်ယောက်က ဝန်းထမ်းတွေကို  အထည်တွေ ပြတာ လက်နဲ့ မပြပဲ ခြေထောက်နဲ့ ပြလို့ပါ။

အဲဒီ တရုတ်နိုင်ငံသားက ဓါတ်ပုံမှာပါတဲ့ တံဆိပ်ကို အော်ဒါပေးနေတဲ့သူပါ။

လိုင်းထဲမှာ အလုပ်သမားတွေကို အထည်မှားလို့  သူကပြတာ၊ လက်နဲ့ ပြတာမဟုတ်ဘဲ၊ အထည်တွေကို အောက်ပစ်ချပြီး ခြေတောက်နဲ့ ထိုးပြ တာပါ။

 အထည် အမှားအယွင်းရှိလို့ပြတယ်ဆိုလည်း လက်နဲ့ ရိုးရိုးပြလည်းရပါတယ်။ ဒါကို ခြေထောက်နဲ့ ပြတာပါ။ ဒါက အလုပ်သမားတွေအတွက် တော်တော် အဆင်မပြေတာပါ။

ဘေးက မြင်လိုက်ရတာတောင် စိတ်မကောင်းဖြစ်ရတာပါ။ အဲဒီလိုင်းထဲက အလုပ်သမားတွေလည်း တော်တော်မကျေမနပ် ဖြစ်နေကြပါတယ်။ လှမ်းမြင်ရတဲ့သူတောင် မခံနိုင်တာ ခံရတဲ့ ဝန်ထမ်းတွေ ဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။

တော်တော် အဆင်မပြေတာပါ။

အဲဒီ တရုတ်အမျိုးသားက စက်ရုံက မဟုတ်ပါဘူး။ ဓါတ်ပုံမှာပါတဲ့ တံဆိပ် ကို အော်ဒါပေးတဲ့ သူပါ။ အဲဒီ  အော်ဒါအ အတွက် အထည်တွေကို လာစစ်တာပါ။

ဖြေရှင်းပေးပါရှင့် ။

(Note- San Yuan Oversea(2) Myanmar Apparel အထည်ချုပ် စက်ရုံက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် ထန်းတပင် စက်မှုဇုန်၊ အနောက်ပိုင်းလမ်းမကြီးမှာရှိပြီး အလုပ်သမား ၅၀၀ ကျော်နဲ့လည်ပတ်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး PADDED COLLECTION အမှတ်တံဆိပ် ဂျာကင်နဲ့ ဘောင်ဘီတွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ် ။)


Related posts

Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026