NEWS

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအား အော်ဟစ်ပြောဆိုခြင်းမပြုလုပ်ဖို့  ဝန်ခံလက်မှတ်ရေးထိုး

CoverLogo
94 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ အမှတ် (- )  ဝါးတစ်ရာလမ်းရှိ  Gysen Myanmar အထည်ချုပ်စက်ရုံက စူပါဝန်ထမ်းတွေအနေနဲ့ အလုပ်သမားတွေအပေါ် အော်ဟစ်ပြောဆိုခြင်းနဲ့ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဖို့ နဲ့ ယင်းကဲ့သို့ ချိုးဖောက်မှုတွေ ထပ်မံမဖြစ်စေရန်  စက်ရုံပိုင်ရှင်ကတာ၀န်ယူဖို့ အလုပ်သမားညွှန်ကြားရေး မှူးရုံးရှေ့မှောက်မှာ ၀န်ခံလက်မှတ်ရေးထိုးထားရတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ အဆိုပါစက်ရုံရှိ Packing ဌာနတွင် စက်ရုံမှူးမှ မီတင် ပြုလုပ်ခဲ့သောအကြောင်းအရာ နှင့် ပတ်သက်ပြီး  ဝန်ထမ်းများမှ နားမလည်သဖြင့် packing ဌာန စူပါကိုထပ်မံမေးမြန်းခဲ့ရာ စူပါမှစိတ်မရှည်သော ပုံစံဖြင့် လူအများကြားတွင်အော်ဟစ်ပြောဆိုခဲ့ရာက ဝန်ထမ်းများမှမကျေနပ်သဖြင့်( ၂ . ၉ . ၂၀၂၄  ) ရက်နေ့တွင်  ရွှေပြည်သာမြို့နယ်အလုပ်သမားညွှန်ကြားရေးမှူးရုံးတွင် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၅ ရက်နေ့မှာတော့ အဆိုပါတိုင်ကြားမှု ဖြစ်စဉ်အား ဖြေရှင်းဖို့ပထမဆုံးခေါ်ယူပြီး အလုပ်သမားညွှန်ကြားရေးမှူးရုံးတွင် လုပ်ငန်းရှင် မန်နေဂျာ နှင့် Packing စူပါတို့မှ ဝန်ထမ်းများအား ထမ်မံအော်ဟစ်ခြင်းမပြုလုပ်ရန် / ခွဲခြားဆက်ဆံမှု့မပြုလုပ်ရန် နှင့် စက်ရုံပိုင်ရှင်မှတာဝန်ယူပေးရန်  ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါ GYSen စက်ရုံကို  ဩဂုတ် ၂၅ ရက်နေ့ တနင်္ဂနွေနေ့ကလည်း OT အချိန်ပို ခေါ်ယူခြင်းနဲ့ပတ်သက်ပြီး တိုင် ကြားခံရတဲ့ အတွက် သက်ဆိုင်ရာ အလုပ်သမားဦးစီး မှူးများ ဝင်စစ် ဆေးစဉ်နေ့လည် ၁  နာရီခွဲ အချိန် ဦးစီးမှူးများ စက်ရုံရှေ့ရောက်ချိန် စက်ရုံရဲ့အနောက်ပေါက်ကနေ  အလုပ်သမား ၅၀၀ ကျော်ကို  Gysen ရုံ(3) ဂိုထောင် အတွင်းသို့ထွက်ပြေးခိုင်းခဲ့သလို HR ရုံးခန်းမှလူများနှင့် Super များကလည်း ပုန်းခိုင်းခဲ့တာဖြစ်လို့ ထွက်ပြေးခဲ့ရတဲ့အလုပ်သမားများ ထိခိုက်ဒဏ်ရာမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

GYSen Myanmar အထည်ချုပ် စက်ရုံကို အမှတ် (- )ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာတွင် လုပ်သားအင်အား ၇၀၀ ကျော်နဲ့  လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်က စက်ရုံရှိ တရားဝင်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂကို ၂၀၂၄ ဧပြီလ ၁၀ ရက်နေ့တွင် လုပ်သားလျော့ချသည်ဟု အ ကြောင်းပြကာ သမဂ္ဂခေါင်းဆောင်အပါ အလုပ်သမား ၅၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ 


Related posts

Cover
Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ
Sep 16, 2024
Cover
ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ
Sep 16, 2024
Cover
စားအုန်းဆီ စာအုပ်နဲ့ခွဲတမ်းထုတ်ယူရန် စက်ရုံလုပ်သားများအတွက် အခက်အခဲရှိနေ
Sep 16, 2024
Cover
ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် MYANMAR BAG စက်ရုံငြင်းဆို
Sep 15, 2024
Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024
Cover
တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို
Sep 12, 2024
Cover
Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး
Sep 12, 2024
Cover
အလုပ်သမား ၁၀၀၀ ကျော်ကို ည ၁၂ နာရီအထိ အချိန်ပို ၂ လ ဆင်းခိုင်းပြီး အချိန်ပိုကြေးမရှင်းပေး ကိုယ်ဝန်ဆောင်တွေကို မီးဖွားခွင့်မပေးဘဲအလုပ်ထုတ်
Sep 10, 2024