NEWS

လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်မှုရှိနေဟုဆို

CoverLogo
554 Views

အထည်ချုပ် လုပ်ငန်းခွင်အတွင်း မန်နေဂျာနှင့် အပေါင်းအပါဖြစ်သူတို့မှ လုပ်သားအခွင့်အရေးချိုးဖောက်တာတွေနဲ့ တရားမဝင် လောင်းကစား ဒိုင်ကိုင်တာ စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ Sunrise Myanmar Fashion Garment မှာ အထက်ပါ ကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေနဲ့ လောင်းကစားတွေလုပ်ကိုင်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

ဖြစ်စဉ်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလမှာ စက်ရုံရှိ တရုတ်လူမျိုးများ တရုတ်ပြည်ပြန်ရန်အတွက်ဆိုကာ အောက်တိုဘာ ၁၄ မှ ၂၀ ရက်နေ့အထိ ၇ ရက်အလုပ်ပိတ်ခဲ့ပြီး ပိတ်ရက် ၂ ရက်ကို အစားထိုးဆင်းပေးရတာ၊  ၂ရက်စာကို ရှောင်တခင်ခွင့်ယူခိုင်းပြီး ရှောင်တခင်ခွင့်မရှိသူများကို လစာမဲ့ နဲ့ပိတ်တာကြောင့် နစ်နာမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"သီတင်းကျွတ်ပိတ်ရက် ၃ ရက်ရှိတာကို တရုတ်တွေပြန်လို့ ၇ ရက်ပိတ်ပြီးတော့ လစာမဲ့နဲ့ နားရတဲ့အလုပ်သမားအတွက်နစ်နာတယ် ဘာလို့လဲဆိုတော့ အလုပ်သမားကသာ အဲ့လောက်အလုပ်ပျက်ရင် အလုပ်ထုတ်ခံရပြီး သူတို့စက်ရုံဘက်က ပိတ်တာကျတော့ လစာမဲ့ခွင့်ဆိုတော့ မတရားဘူး"လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ရန်ကုန်မြို့အတွင်း မိုးသန်းထန်စွာရွာသွန်းမှုကြောင့် အလုပ်သမားတွေနေထိုင်ရာ အိမ်တွေနဲ့ လမ်းမတွေမှာ ရေကြီးနစ်မြုပ်ခဲ့ရပြီး ဘုန်းကြီးကျောင်းမှာသွားရောက်နေထိုင်ရတာတွေရှိတာကြောင့် နေ့လည် ၁၂ နာရီမှာ အလုပ်ကပြန်လွှတ်ပေးဖို့ အလုပ်သမားတွေတောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

"အိမ်တွေရေမြုပ်တယ် မိသားစုဝင်တွေ ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းကိုရောက်နေပြီ အဲ့တာကို ကူညီလုပ်ကိုင်ပေးဖို့ ပြန်လွှတ်ပေးဖို့ခွင့်တောင်းတော့ ပြန်ရင် အပိုဆုကြေးထဲက ဖြတ်ဖို့  အောစူပါတွေက စက်ရုံမှူးကိုတင်ပြတယ် အဲ့ကိစ္စကို စူပါတွေရုံးခန်းထဲမှာညှိတယ်လို့ သိရတယ် ၂ နာရီမှာ ပြန်မယ် ဆုကြေးမဖြတ်ဘူးဆိုပြီး သိရတာပေါ့ နောက်နေ့လည်းကျရောမန်နေဂျာကအလုပ်သမားတွေ အိမ်ပြန်တဲ့အတွက် ဆုကြေးဖြတ်မယ်ဆိုပြီး မိုက်နဲ့ကြေညာတယ် ဆုကြေးမဖြတ်စေချင်ရင် ၂၆ ရက်နေ့စနေနေ့ကို ည ၇ နာရီအထိဆင်းပေးရမယ်ဆိုပြီး ပြောတယ် ဒီပါဝလီနေ့တဲ့ တန်ဆောင်တိုင်ပိတ်ရက်တချို့ကိုလည်း အချိန်ပိုဆင်းရမယ်ပြောတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။

"အလုပ်သမားတွေကို အခုလိုအကျပ်ကိုင်ခြိမ်းခြောက်နေတာကတော့ စက်ရုံက မြန်မာလူမျိုးမန်နေဂျာ အောစူပါနဲ့  စကားပြန်  ပါ  သူတို့ကအလုပ်သမားအခွင့်အရေးချိုးဖောက်တာ စက်ရုံကတရုတ်တွေက အလုပ်သမားအခွင့်အရေးအပြည့်အဝပေးချင်ရင်တောင် သူတို့ ၃ ယောက်က အမျိုးမျိုးလုပ်နေတာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေရဲ့ အိမ်တွေ ရေမြုပ်တာကျတော့ ပြန်ခွင့်မပေးဘဲ အမျိုးမျိုးဖြတ်တောက်မယ် ပြောတယ် တရုတ်တွေ သူ့နိုင်ငံပြန်လို့မရှိတာကျ‌တော့ အလုပ်သမားတွေက ပိတ်ရက်တွေမှာ အစားဆင်းပေးရတယ်  ဒါတင်မကသေးပါဘူး စက်ရုံမန်နေဂျာ၊  Cutting ကို--နဲ့  ယခင် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်ဟောင် စရေးမတို့တွေ  ဥပဒေနဲ့ မလွတ်ကင်းတဲ့  သုံးလုံး၊ နှစ်လုံး နဲ့  စတော့ဂိမ်းတွေ ဒိုင်လုပ်ပြီး ရောင်းနေတာ သူတို့အကျိုးစီးပွားအတွက် လုပ်ချင်တိုင်းလုပ်နေကြတာ"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံထဲတွင် နေ့စားအလုပ်သမားများကို အမြဲတမ်းဝန်ထမ်း မခန့်ဘဲ အချိန်ပို အလွန်းကျွံခိုင်စေပြီး အလုပ်သမားများကို အချိန်ပိုခိုင်းစေသည့်အခါ သဘောတူ လက်မှတ် ထိုးခိုင်းခြင်းမရှိ ခေါ်ချင်သလိုခေါ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ညှိနှိုင်းဆွေးနွေးပေးတာမရှိလို့ အလုပ်သမားတွေ နစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

အဆိုပါလုပ်ငန်းမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ Recycle, CLOSSHI Biz ,Naflat စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။အလုပ်ချိန်မှာ မနက် ၈ နာရီကနေ ည ၇ နာရီအထိဖြစ်တယ်လို့ပြောပါတယ်။တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီသာဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 

 


Related posts

Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026