NEWS

လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ပြောဆိုခိုင်းစေတဲ့ လိုင်းခေါင်းဆောင်ကို အရေးယူတားဆီးပေးစေလိုတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.1K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊အမှတ် ၁၃ ရပ်ကွက်ရှိ Huabo Time ဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံမှ Leader ဆိုသူက အလုပ်သမားများအပေါ် ဆဲဆိုကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက် ပြုမူခံနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

အဲ့ဒီလို လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ပြောဆိုခိုင်းစေတဲ့ လိုင်းခေါင်းဆောင်ကို အရေးယူတားဆီးပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

" စက်ချုပ်ဌာန လိုင်း ၁၇ က လီတာ ဒေါ်.....က အလုပ်ထဲဝင်လာရင် အမြဲအော်ဟစ် ဆဲဆိုနေတာ စောက်သုံးမကျဘူး စောက်နဲ့နှိုင်းတာလဲထပ်နေတာပဲ ကျောကုန်းတွေလဲထုတယ် အထည်တွေနဲ့ ပစ်ပေါက်တာတွေလည်းတွေ့တယ် သူ့လိုင်းထဲက သူတွေဆို အမြဲအငိုနဲ့ ဒဏ်မခံနိုင်တဲ့သူကျထွက်ကုန်ကြတယ် ၊သူနဲ့ ပဏာသင့်တဲ့သူဆို အလုပ်လျှော့ခိုင်းတယ် ပဏာမသင့်ရင် ပွိုင့်တွေအများကြီးထားတယ်၊ ပဲကျတာနဲ့ ဝမ်တိန်ထိုးခိုင်းပြီး ပိုက်ဆံ တွေဖြတ်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

အလုပ်ခိုင်းစေရာမှာ ကြမ်းတမ်းရိုင်းပျစွာ ဆက်ဆံခံရပြီး အခုလို အလုပ်သမားတွေရဲ့ ကာအိဒ္ဒြေပျက်ယွင်းအောင် ပြုမူဆက်ဆံတာတွေအပေါ် စက်ရုံတာဝန်ရှိသူတွေဘက်ကလည်း ယင်းလုပ်ရပ်အပေါ်အရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

 

"စက်ရုံထဲမှာ သမဂ္ဂတော့ရှိပါတယ် သမဂ္ဂက အလုပ်ရှင်ဖွဲ့ထားတဲ့သမဂ္ဂဖြစ်နေလို့ ညီမတို့အားကိုးလို့မရဘူး ၊ အလုပ်ရှင်သမဂ္ဂကဆိုရင် အလုပ်စဝင်တာနဲ့ သမဂ္ဂအဖွဲ့ထဲဝင်ဝင်မဝင်ဝင် အဖွဲ့ဝင်ကြေး ၂၀၀ ထည့်ရတယ်"လို့ ထပ်မံပြောဆိုပါတယ်။

 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အဆိုပါစက်ရုံမှာ အရင်ကတော့ ZARA brand အထည်တွေ ချုပ်လုပ်တာဖြစ်ပြီး စက်ရုံမှာ လုပ်သားအင်အား ၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026