NEWS

လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာအော်ဟစ်ဆဲဆို ခိုင်းစေမှုကြောင့် ဂုဏ်သိက္ခာမဲ့စွာအလုပ်လုပ်ကိုင်နေရ

CoverLogo
842 Views

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်းမှာ ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့စူပါ လီဒါတွေရဲ့ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုပြီး ခိုင်းစေမှုတွေကြောင့် ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ Myanmar Guotai  Huasheng  Glory  Fashion အထည်ချုပ်လုပ်သားတွေကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂)၊ ဦးထွန်ညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့   အဆိုပါ စက်ရုံမှာ  အလုပ်သမား (၇၀၀) ကျော်ဖြင့်အလုပ်လုပ်ကိုင်လျှက်ရှိပြီး INEXTENSO၊ CORTEFIEL၊ Sinsay   အမှတ်တံဆိပ် အင်္ကျီအပျော့သားတွေချုပ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။

"စက်လိုင်း ၁၄ စူပါ အဆိုးဆုံးပဲ စက်လိုင်းထိပ်ကနေအော်ပြီးအထည်မပေးနိုင်တဲ့ အလုပ်သမားတွေကို မခံနိုင်အောင် ဆဲဆို အော်ဟစ်နေတာ သူဆဲတာကို အွန်လိုင်းပေါ်တင်ခံရလည်း ဂရုမစိုက်ဘူး ငါက အော်မှာပဲဆဲမှာပဲဆိုပြီး အော်ပြောနေတာ သူနဲ့အလိုမကျတဲ့အလုပ်သမားဆိုလည်း အငြိုးအတေးထားပြီး ဆက်ဆံပါတယ်"လို့အလုပ်သမားကပြောဆိုပါတယ်။

"လုပ်ငန်းခွင်အတွင်းမှာ စူပါတွေဆဲဆိုတဲ့ကိစ္စက ဆိုးဆိုးရွားရွားဖြစ်နေတာကို မန်နေဂျာလည်းသိတယ် မသိချင်ယောင်ဆောင်နေပြီး အားပေးအားမြှောက်လုပ်နေတာပါ မန်နေဂျာကိုယ်တိုင် ဘယ်နေရာတိုင်တိုင် ဂရုမစိုက်ဘူးလို့ ပြောနေတာ တကယ်ဆိုလုပ်ငန်းခွင်အတွင်းဆဲဆိုနေတာကို တားမြစ်ပေးရမှာလေ"လို့ အလုပ်သမားကဆက်ပြောပါတယ်။

အချိန်ပိုအိုတီဆင်းဖို့ ငြင်းဆန်တဲ့အလုပ်သမားကို ဖိအားပေးတာကြောင့် နေထိုင်မကောင်းဖြစ်ပါကလည်း အချိန်ပိုဆင်းနေရတာဖြစ်ပြီး စနေနေ့မှာ ဂိတ်ပက် တောင်းပါကလည်း အော်ဟစ်ပြောဆိုတာတွေ ပြုလုပ်ကာ အရှက်ရအောင် ပြောဆိုတာကြောင့်အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တနင်္လာမှ သောကြာနေ့အထိအလုပ်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဆင်းရပြီး စနေနေ့ကို ညနေ ၆ နာရီ ၃၀ အထိ ဆင်းရတဲ့အပြင် တနင်္ဂနွေနေ့ကိုပါ အလုပ်ပိတ်မပေးဘဲဆက်တိုက်အလုပ်ဆင်းခဲ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးထိလိုက်လို့ နေထိုင်မကောင်းဖြစ်ပြီး ခွင့်ယူပါက ခွင့်တိုင်ထားသော်လည်း တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ရက်မှန်ကြေး ၂၀၀၀၀ ကျပ် ဖြတ်တောက်ခံရတဲ့အပြင် ကျွမ်းကျင်ကြေးတွေပါဖြတ်တောက်တယ်လို့ ဆိုပါတယ်။

"ပြောရမယ်ဆိုရင်တော့ ဥပဒေပါခွင့်တွေခံစားခွင့်မရဘူး ပြီးတဲ့အပြင် လုပ်ငန်းခွင်ထဲမှာတချိန်လုံး ကြမ်းကြမ်းတမ်းတမ်းအော်ဟစ်ဆဲဆိုနေလို့ အဆဲခံရတဲ့လူတွေကတော့ ရှက်တယ် စိတ်ဒုက္ခရောက်ရတယ် ပေါ့နော် ဒါပေမဲ့ စားဝတ်နေရေးအတွက် ခေါင်းငုံ့နေရတယ် ဒီလိုချိုးဖောက်မှုတွေကို ရပ်တန့်ပေးစေချင်တယ် ကောင်းကောင်းမွန်မွန်ပြောလဲရတာပဲ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလိုလုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခိုင်းစေမှု ဥပဒေပါ ခွင့်ခံစားခွင့်တွေမရရှိတာတွေက အလုပ်သမားဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေအနေနဲ့ လူ့ဂုဏ်သိက္ခာနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း စံချိန်တောင်းခံရမှာ ဆဲဆို အော်ဟစ်ပြီးခိုင်းစေခြင်းမပြုလုပ်ရန် အလုပ်သမားတွေကို ခွဲခြားဆက်ဆံခြင်းမပြုလုပ်ဖို့ အချိန်ပိုအိုတီခေါ်ပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးမြန်းရန်နဲ့ အချိန်ပိုအလွန်အကျွံဆင်းရန် ငြင်းဆန်တဲ့ အလုပ်သမားကို အငြိုးထားခြင်းမပြုလုပ်ဖို့ တောင်းဆိုလိုတယ်လို့ ပြောပါတယ်။

 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026