NEWS

လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်

CoverLogo
840 Views

တရုတ်နိုင်ငံသားပိုင် BOHUA FASHION CO,LTD   စက်ရုံလုပ်ငန်းခွင်အတွင်း အထည်ချုပ်အလုပ်သမားတွေကို ကြီးကြပ်ရေးအလုပ်သမားတွေဖြစ်တဲ့ စူပါတွေနဲ့ အောစူပါတွေက ရိုင်းစိုင်းစွာဆဲဆိုပြီး ခိုင်းစေကာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်  ဗန်းမော်အတွင်းဝန်လမ်းမှာရှိတဲ့ အဆိုပါ စက်ရုံမှာ အလုပ်မသား ၃၀၀ ကျော်နဲ့ လည်ပတ်နေပြီး OUT WEAR ၊ RESEVED၊ Sinsay စတဲ့အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

ချိုးဖောက်မှုတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားတွေကို ၂ လစာချုပ်ချုပ်ပြီးခိုင်းစေတာ လုပ်သက် ၂ လပြည့်ပါက အလုပ်မှ ရပ်စဲတာတွေပြုလုပ်တာ လုပ်ငန်းခွင်အတွင်း သောက်သုံးရေ မကြာခဏပြတ်တောက်တာကြောင့် ရာသီဥတုပူပြင်းချိန် သောက်သုံးရေပြတ်တာ သန့်စင်ခန်းတွေကို သန့်ရှင်းအောင် စီမံထားပေးခြင်းမရှိတာ နဲ့ အလုပ်သမားတွေအတွက် ခွင့်ခံစားခွင့်တွေဖြစ်တဲ့ ဆေးခွင့် ရှောင်တခင်ခွင့်တွေ ခံစာားခွင့်မရတာ ခွဲခြားဆက်ဆံခံရတာ နဲ့ အထည်စံချိန်တွေကို ချုပ်လုပ်နိုင်တာထက် ပိုတောင်းခံပြီး ရိုင်းစိုင်းစွာဆဲဆိုအော်ဟစ်ခိုင်းစေမှုတွေပါ နေ့စဉ် ကျူးလွန်လျက်ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

"ချိုးဖောက်တာတွေကတော့အများကြီးပဲ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ဥပဒေပါခွင့်တွေဆိုလည်း မရဘူး လူတိုင်းမရတာတော့မဟုတ်ဘူး သူတို့နဲ့ နီးစပ်တဲ့လူတွေတော့ရပြီး ကျန်တဲ့လူတွေကျတော့မရတာ အခွင့်အရေးတန်းတူမရဘူးပေါ့ဗျာ အရေးပေါ် အကြောင်းကြောင်းကြောင့် ခွင့်တိုင်ရင် ဒေးကြေး ၅၆၀၀ ကျပ်နဲ့ ရက်မှန်ကြေး တဝက် ၁၅၀၀၀ ဖြတ်တယ် ၁၅ ရက်နေ့နောက်ပိုင်းဆိုရင်တော့ ရက်မှန်ကြေး ၃၀၀၀၀ လုံးဖြတ်ခံရတယ် ပြီးတော့ ရာသီဥတုအရမ်းပူနေချိန် ရေဆာပေမဲ့ ရေက ခဏခဏပြတ်တော့ ရေမသောက်ရဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အထည်စံချိန်ကို ဖိအားပေးတောင်းခံလျက်ရှိပြီး စက်လိုင်းတလိုင်းလျင် စူပါ အပါ လူ ၄၅ ယောက်ခန့်ရှိပြီး တနာရီလျင် အထည်စံချိန် ၄၀ တောင်းခံပြီး တနာရီကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စက်ရုံတွင်း မိုက်နဲ့ အထည်စံချိန်တောင်းခံသလို အလုပ်ရှင်ဘက်က သတ်မှတ်ထားတဲ့ အထည်စံချိန်မပြည့်မီပါက စူပါ အောစူပါတွေက အော်ဟစ်ဆဲဆိုပြီး ခိုင်းစေနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"အထည်စံချိန်ကို အလုပ်ရှင်က တဖက်သတ် သတ်မှတ်ထားတာပေါ့လေ စက်ရုံထဲမှာမိုက်နဲ့ အော်တောင်းတာ စက်ရုံမှူး တရုတ်အမျိုးသမီးကလည်း စက်လိုင်းထဲထိ ဝင်ပြီး အော်ဟစ်ပြီး အထည်တောင်းတာတွေလုပ်တယ် ဒီကြားထဲ စူပါတွေအော်ဆဲနေလို့ ပြန်ပြောရင် ပိုက်ဆံဖြတ်ခံရတယ် စတိုစူပါ တယောက်ဆိုလည်း သူ့စကားနားမထောင်တဲ့သူဆို ပိုက်ဆံ ၅၀၀၀ ဖြတ်တယ် အခုလိုမျိုးတွေ လုပ်ချင်တိုင်းလုပ်နေကြတာကို စက်ရုံဘက်က ဘာမှတာဝန်ယူဖြေရှင်းပေးတာမရှိဘူး  Hrမှာ မန်နေဂျာမရှိတော့ Assistant တစ်ယောက်ထဲရှိပြီး အဲ့တစ်ယောက်ကလဲ အလုပ်သမားတွေကိုဆဲဆိုနေတာ အလုပ်စောစောတက်ဖို့ နောက်ကျမှပြန်ဆင်းဖို့ကို နေ့တိုင်းအလုပ်ချိန်မတက်ခင် ဖိအားပေး မိုက်နဲ့အော်ပြောပြီး နင်တို့တိုင်ချင်ရာတိုင် ဘာမှမဖြစ်သွားဘူးဆိုပြီး ခြိမ်းခြောက်နေပါတယ်"လို့ အမည်မဖော်လိုတဲ့  အလုပ်သမားကပြောပါတယ်။

"စက်ရုံရဲ့ သင်္ကြန်ရက်စား နှစ်ရက်အတွက်ကို  စနေနေ့တွေဆင်းပေးထားတဲ့ Otထဲက ၁၆ နာရီစာဖြတ်မယ်တဲ့။ပိတ်ရက်နှစ်ရက်အစား Ot ဆင်းထားတဲ့ထဲကနေဘဲဖြတ်နေတာတဲ့။နောက်ပြီးတော့ တစ်နေကုန်အလုပ်တက်တာကိုလဲ မနက်ပိုင်းတစ်ပိုင်းလုံး စက်ရုံတစ်ရုံလုံးသန့်ရှင်းရေးလုပ်ခိုင်းတယ် ညနေပိုင်း ပုံမှန်အလုပ်လုပ်ရတာကို ပိတ်ရက်ပြီးလို့ အလုပ်ပြန်တက်ရင် စနေနေ့ထဲက ot လေးနာရီစာ ထပ်နှူတ်မယ်တဲ့။သန့်ရှင်းရေးလုပ်ပေးရတဲ့ အချိန်ကို အလုပ်တက်တာမသတ်မှတ်ဘဲနဲ့ အလုပ်သမားတွေကို ဖိအားပေးပီး လက်မှတ်အတင်းထိုးခိုင်းတယ် တိုင်ချင်တဲ့နေရာတိုင်လို့လည်းပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အထပ်ပါ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ နဲ့ စူပါ၊ အောစူပါများမှာ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွားပြောဆိုခြင်း မပြုလုပ်ရန်  အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရရှိသော ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များခံစားခွင့်ပေးရန်  အလုပ်ရှင်ဘက်က အလုပ်သမားများဆီက ပိုက်ဆံဖြတ်တောက်ခြင်းများ မပြုလုပ်ရန် နိုင်ငံခြားသားတရုတ်အမျိုးသမီးမှ အလုပ်သမားများအပေါ်တိုက်ရိုက်အုပ်ချုပ်ပြီး အော်ဟစ်ပြောဆိုခြင်း မပြုလုပ်ရန် လုပ်ငန်းခွင်ထဲတွင် ဆေးခန်း၊ သူနာပြုနှင့်ဆေးများထားရှိပေးရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026