NEWS

လုပ်ငန်းခွင်အတွင်း စံချိန် ၂ဆတိုးမြှင့်တောင်းဆိုပြီး ကျွမ်းကျင်ကြေးများနှင့်ဂရိတ်လျှော့ချရန်စီစဉ်နေလို့ အလုပ်သမားများအခက်တွေ့နေ

CoverLogo
1.6K Views

လုပ်ငန်းခွင်အတွင်းမှာ ယခင်ကတောင်းဆိုတဲ့ စံချိန်ကို ၂ ဆထိ တိုးမြှင့်တောင်းဆိုလိုက်ပြီး စံချိန်မပြည့်မီပါက ရရှိထားတဲ့ ကျွမ်းကျင်ကြေးများကို ဖြတ်တောက်ပြီး A,B,C ဂရိတ်တွေလျှော့ချသွားရန် အလုပ်သမားတွေကို အသိပေးတဲ့အတွက် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတဲ့ BOGART Garment  အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို စံချိန်တိုးမြှင့်တောင်းဆိုတာတွေ၊ ခွင့်မရရှိတာတွေ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေက ရိုင်းစိုင်းစွာအော်ဟစ်ခိုင်းစေတာတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး HELLO SUGAR အမှတ်တံဆိပ်ကို ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

"အော်ဒါ မရှိလို့ဆိုပြီး အလုပ်သမား တစ်ချို့ကို (၈) လပိုင်းမှာ စပြီး အချိန်ပိုအိုတီ မခေါ်တော့ပါဘူး၊ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး တစ်ရုံလုံးကိုပါ အော်ဒါ မရှိလိုဆိုပြီး အချိန်ပိုအိုတီ မခေါ်တော့ဘဲနဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က မတရား သက်မှတ်တဲ့ စံချိန် ပြည့်မှီအောင် ချုပ်‌ပေးရမယ် မပေးနိုင်လို့ရှိရင် အရင် ပေးထားတဲ့ ကျွမ်းကျင်ကြေးကို မပေးတော့ပဲ A,B,C အဆင့် ချမယ်လို့ ပြောတယ်" လို့ ယင်းစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ယင်းကဲ့သို့ အော်ဒါမရှိတဲ့ အကြောင်းပြချက်နဲ့  အချိန်ပိုအိုတီ မခေါ်တော့ဘဲ ချုပ်လုပ်ရတဲ့ စံချိန်ကို အလုပ်သမား တစ်ဦး မချုပ်လုပ် နိုင်တဲ့အထိ တိုးမြှင့် တောင်းခံထားပြီး စံချိန်မပြည့်လျှင် ပေးထားသော ကျွမ်းကျင်ကြေး ပိုက်ဆံကို  ဖြတ်မည်ဟု သတ်မှတ်ခြင်းမှာ အလုပ်သမားတွေ အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ယခင်က အလုပ်သမားများအတွက် ပေးချေတဲ့ ကျွမ်းကျင်ကြေးမှာ  ကျွမ်းကျင်လို့ ပေးထားခြင်းသာ ဖြစ်ပြီး ယခုတွင် အလုပ်သမားများကို စံချိန် မတရားတောင်းပြီး စံချိန် မရလျှင် ကျွမ်းကျင်ကြေးကို ဖြတ်တောက်မှာဖြစ်ကြောင်း အသိပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"ဩဂုတ်လ မတိုင်ခင်ကအချိန်ပိုအိုတီတွေ  မတရား ဆင်းရတယ် အောနိုက်၊ အောလင်းတွေလဲ ဆင်းရတယ်၊ တနင်္ဂနွေ ပိတ်ရက်တောင် မနားရဘူး။  အရင်ကလည်း စံချိန် မတရား တောင်းခံပြီး စံချိန်  မပြည့်မှီရင်    အချိန်ပိုအိုတီ အလကားဆင်းပေးပြီး စံချိန်ပြည့်အောင်ချုပ်ပေးခဲ့ရတယ်" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားများမှာ ဥပ‌ဒေပါ  ခံစားခွင့် မရရှိတာ လုပ်ငန်းခွင် အတွင်းကြီးကြပ်သူများဖြစ်သည့်  စူပါ၊ လီတာများ၊ ဆဲဆိုခြင်း နဲ့  ကြမ်းတမ်းစွာ အော်ဟစ်ခြင်းများကို ခံနေရပြီး လစာထုတ်တဲ့  ရက်များတွင်နောက်ကျမှ ပေးတဲ့ အတွက် အလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ အပြင် ယခုလို ကျွမ်းကျင်ကြေးဖြတ်တောက်မယ့် အခြေအနေကြောင့် လစာမလောက်ငှမှာ စိုးရိမ်နေရတယ်လို့  အလုပ်သမားတွေက ဆိုပါတယ်။

"အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အလုပ်သမားတွေကြားမှာ စက်ရုံပိတ်မယ်လို့ သတင်းတွေ ကြားနေရတယ် တရားဝင်တော့ မပြေားသေးပါဘူး အခုဆိုလဲ အိုတီမခေါ်ဘဲ စံချိန်တွေ မတရားတောင်းခံပြီး စံချိန်ပြည့်အောင်မပေးနိုင်ရင် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်မယ်ဆိုပြီး ပြောနေတာ A,B,C ပိုက်ဆံဖြတ်မယ်ဆိုပြီး လုပ်နေတာက အလုပ်သမားတွေ စိတ်ညစ်ပြီး အလုပ်ထွက်အောင်တမင်လုပ်နေတာလို့ မြင်တယ်"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားများ ဥပဒေ ခံစားခွင်ဖြစ်သော ခွင့်ရက်များ ပေးရန်၊ ကျွမ်းကျင်ကြေးကို မဖြတ်တောက်ရန်၊ စူပါ လီတာများ ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း မပြုလုပ်ရန်၊ အလုပ်သမားလစာများကို အလုပ်ချိန်အတွင်းပေးချေရန် စတာတွေ တောင်းဆိုလိုတယ်လို့ ဆိုရပါတယ်။

MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026