NEWS

လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်ကြေးတွေတန်းတူပေးဖို့ နဲ့ ဥပဒေပါခံစားခွင့်တွေပေးဖို့အလုပ်သမားတွေတောင်းဆို

CoverLogo
1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် လှသိင်္ဂီလမ်းမှာဖွင့်လှစ်လုပ်ကိုင်နေတဲ့ Myanmar Morning Flower Garment (MMF) အထည်ချုပ်စက် ရုံလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ကျွမ်းကျင်ကြေးပေးချေရာမှာ တူညီမှုမရှိသလို ဥပဒေပါခံစားခွင့်တွေမရတာနဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

မြန်မာနိုင်ငံသားပိုင်ဖြစ်တဲ့အဲ့ဒီစက်ရုံမှာအလုပ်သမား ၂၀၀ ဝန်းကျင်နဲ့ REGATTA PROFESSIONAL အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ပြောဆိုချက်အရ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတာမရှိဘူးလို့လည်း သိရပါတယ်။

"လိုင်း ၃ လိုင်းရှိတယ် လူ ၅၀ နဲ့ ၃၀  ပါတဲ့ လိုင်းက အလုပ်သမားတွေကို ဒေးကြေး ၅၆၀၀ ရက်မှန်ကြေး ၁၅၀၀၀ ကျွမ်းကျင်ကြေး A+ ၅၀၀၀၀  A ၄၀၀၀၀ B ၃၀၀၀၀ C ၂၀၀၀၀ သတ်မှတ်ထားတယ် ခွင့်ဖြစ်ဖြစ် ခွင့်မဲ့ဖြစ်ဖြစ် ယူရင် တရက်ကို ဒေးကြေး ၅၆၀၀ ရက်မှန်ကြေး ၁၅၀၀၀ ကျွမ်းကျင်ကြေးအဆင့်ချတဲ့အပြင် ရက် ၃၀ နဲ့စားပြီး တစ်ရက်စာအဖြတ်ခံရတယ်  A+  အဆင့်ရှိတဲ့ အလုပ်သမား တစ်ရက်ပျက်ရင် ၂၀၀၀၀ ကျော်အဖြတ်ခံရတယ်"လို့ အလုပ်သမားကရှင်းပြပါတယ်။

ထပ်မံပြီး အလုပ်သမားဦးရေ ၈၀ နဲ့လုပ်ကိုင်နေတဲ့ လိုင်းမှာတော့ ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် ကျွမ်းကျင်ကြေး  A+ ၃၀၀၀ A ၂၅၀၀  B ၂၀၀၀ C ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး အလုပ်ဆင်းတဲ့ ရက်အလိုက်ပေးချေတာဖြစ်တယ်လို့ ဆိုပါတယ်။ ခွင့်ဖြစ်စေ ခွင့်မဲ့ဖြစ်စေ တစ်ရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးများဖြတ်တောက်ခံရပြီး ဥပဒေပါ ခံစားခွင့်တွေမရရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို အထက်ပါကဲ့သို့ ခံစားခွင့်တွေခွဲခြားသတ်မှတ်ပေး ထားတာကြောင့် အဆင်မပြေမှုများခံစားနေရပြီး QC ဌာနမှာပါ ခွဲခြားဆက်ဆံမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အကူဝန်ထမ်းများကိုလည်း  ဒေးကြေး ၃၆၀၀ ကျပ်ဖြင့် ခန့်ထားပြီး အချို့အလုပ်သမားတွေအနေနဲ့ ဒေးကြေး ၄၈၀၀ ကျပ် အချိန်ပိုကြေး ၁၂၀၀ ကျပ် ပေးချေပေမဲ့ လုပ်သက် ၅ လမှ ၆လ အထိလုပ်ကိုင်ပေမဲ့ ဒေးကြေး ၃၆၀၀ ကျပ်သာရရှိတဲ့ အလုပ်သမားတွေလည်း ရှိနေတာကြောင့် ဥပဒေပါ အတိုင်း ပေးချေဖို့လိုလားနေတယ်လို့ အလုပ်သမားကပြောပါတယ်။အဆိုပါ အကူအလုပ်သမားတွေအနေနဲ့ ရက်မှန်ကြေးနှင့် ကျွမ်းကျင်ကြေးများလည်းရရှိခြင်းမရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမား တွေအနေနဲ့ စက်ချုပ်သမားများကို ကျွမ်းကျင်ကြေးကို တပြေးညီ ခံစားခွင့်ပြုပေးရန်၊ အလုပ်သမားခံစားခွင့်ရက်များဖြင့် ခွင့်ယူပါက ဒေးကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး မဖြတ် တောက်ရန်နှင့် ကျွမ်းကျင်အဆင့် မချရန်၊ HP အလုပ်သမားများကို သုံလကျော်ပါက အများနည်းတူ ၅၆၀၀ ကျပ်၊ ရက်မှန်ကြေး ခံစားခွင့်ပြုရန်နှင့် ကျွမ်းကျင်မှုကိုကြည့်၍ ကျွမ်းကျင်ကြေးနှုန်းထားတစ်ခုသတ်မှတ်ပေးရန်၊ QC များကို ပေးထားသည့် ကျွမ်းကျင်ကြေးကို အလှည့်ကျမပေးရန်နှင့် ပုံသေသတ်မှတ်ပေးရန်နှင့် ကျွမ်းကျင်မှုအလိုက် အဆင့်သတ်မှတ်ပေးရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

                                                                           


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026