NEWS

လုပ်ငန်းခွင်မှာ အခွင့်အရေးချိုးဖောက်ခံရတာကို ထုတ်ဖော်ပြောဆိုတဲ့ အလုပ်သမားတွေကို သတင်းအမှားတိုင်ကြားချက်ဖြင့် ဖမ်းဆီးခိုင်းမှုတွေပါရှိနေ

CoverLogo
872 Views

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့်  ထုတ်ဖော်ပြောဆိုခဲ့ရာမှ  အလုပ်ထုတ်ခံရမှုတွေပိုမိုရှိလာခဲ့သလို  မဟုတ်မှန်တဲ့သတင်းပေးတိုင်ကြားချက်တွေဖြင့်  အလုပ်သမားကိုဖမ်းဆီးစေတာတွေပါရှိတယ်လို့  ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရပါတယ်။

ပြည်တွင်းက စက်ရုံ အလုပ်ရုံမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အနေနဲ့ စစ်အာဏာသိမ်းကာလမှာ အလုပ်ခွင်အတွင်း ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေ ဖိအားပေးခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေနဲ့ အလုပ်သမားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ထုတ်ဖော်ပြောဆိုခွင့်မရရှိသလို သက်ဆိုင်ရာအလုပ်သမားရုံးတွေကို တိုင်ကြားတာတွေ ပြုလုပ်တာနဲ့ အလုပ်မှ ထုတ်ပယ်ခံရနိုင်သလို ဖမ်းဆီးနှိပ်စက်ခံရတာတွေ ပါ ရှိနေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။

“အလုပ်သမားတွေအတွက်လည်း ပြန်ကြည့်ရတယ်။  အလုပ်သမားကသူတို့အခွင့်အရေးချိုးဖောက်ခံရလို့ တိုင်ကြားပြီထုတ်ဖော်လိုက်ပြီဆိုရင် အဲ့ဒီအလုပ်သမားတွေကိုမကျေနပ်ဖြစ်အငြိုးတေးထားပြီး အလုပ်ထုတ်တာ တွေလုပ်တယ်။ ပိုဆိုးတာကအဲ့ဒီအလုပ်သမားကို PDF တစ်ယောက်ပါဆိုပြီးကိုသတင်းပေးတိုင်ပြီး လိုက်ဖမ်းခိုင်းခဲ့လို့  ထွက်ပြေးခဲ့ရတာတောင်ရှိခဲ့တယ်။ အဲ့ဒီလိုတွေဆိုတော့အလုပ်သမားတွေက တော်ရုံထုတ်ဖော်တာတွေ မလုပ်ရဲကြတော့ဘူး”လို့  ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။  

"ကိုယ့်ရဲ့အခွင့်အရေးကို သိရှိပြီးတော့ စက်ရုံက တာဝန်ရှိသူကို သွားပြောရင် အလုပ်ထုတ်ခံရတယ် အလုပ်သမားရေးရာရုံးကိုတိုင်ရင်လည်း ထူးမခြားနားပဲ ကိုယ်တစ်ယောက်အလုပ်က ထွက်သွားရင် ဝင်လာမဲ့လူက ရှိပြီးသားဆိုတော့ စားဝတ်နေရေးနဲ့ အလုပ်မပြုတ်ရေးအတွက် ငြိမ်ခံနေရတယ် ကုန်ဈေးနှုန်းက လဲ တအားမြင့်တော့ ရှိတဲ့အလုပ်လေးကို ကုပ်ကပ်ထားရလို့ တကယ့်ကို အခက်ကြုံနေရတယ်"လို့  အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ တိုင်ကြားလာတဲ့အမှုတွေဟာ   အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ချင်းစီမှာ  တိုင်ကြားမှုအနည်းဆုံး၂၀၀ ကျော်ကနေ  ၃၀၀ ကျော်အထိရှိနိုင်ပြီး  အလုပ်သမားခွင့်အရေးချိုးဖောက်ခံရပေမဲ့  အကြောင်းအမျိုးမျိုးကြောင့်တိုင်ကြားနိုင်ခြင်းမရှိခဲ့ဘဲ ပျောက်ကွယ်သွားတဲ့ အလုပ်သမားအငြင်းပွားမှုတွေလည်း ရှိခဲ့သလို  ထုတ်ဖော်ပြောဆိုမှုတွေကြောင့် အလုပ်ရှင်ဘက်ကအငြိုးတေးဖြင့် ကြီးမားတဲ့တုံ့ပြန်မှုတွေပါပြုလုပ်ခဲ့ တာတွေလည်း ရှိခဲ့တာလို့ သိရပါတယ်။

“အလုပ်သမားတွေက  သူတို့တွေနစ်နာမှုတွေ အလုပ်ရှင်ရဲ့ခေါင်းပုံဖြတ်မှုတွေကို ထုတ်ဖော်ပြောဆိုပြီဆိုရင်  အလုပ်ရှင်ဘက်စုံစမ်းတာ။  ဘယ်အလုပ်သမားလဲသိပြီဆိုတာနဲ့ ခြိမ်းခြောက်တာတွေလုပ်တယ်ပေါ့။  မင်းတို့ဒီလိုလုပ်ရင် ငါတို့ကဒီလိုပါဆိုပြီးသတင်းပေးတိုင်ရင်   မင်းတို့ဘာဖြစ်သွားမယ်ထင်လဲ။   အေးဆေးနေကြပေါ့။ ဒါကအလုပ်ရှင်ဘက်ကကြီးမားတဲ့တုံ့ပြန်မှုပဲ။ နောက်ထပ်ဘယ်အလုပ်သမားမှ ပါးစပ်မဟရဲအောင်လုပ်တာပေါ့။   အလုပ်ထုတ်ခံရတာတွေရော  သူတို့ ကိုယ်တိုင်ထွက်ချင်အောင်လုပ်တာ တွေရောပေါ့ ဒီလိုတွေခံရပါတယ်”လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။  

အဲ့ဒီလိုခေါင်းပုံဖြတ်ခံရမှုတွေကို  ထုတ်ဖော်ခံရတဲ့အလုပ်ရှင်တွေဟာ  အကူညီတောင်းခံတဲ့အလုပ်သမားတွေကို  အလုပ်ထုတ်တာတွေ ရှိသလိုအကူညီပေးတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကိုပါ  ခြိမ်းခြောက်မှုတွေ နှောက်ယှက်မှုတွေစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
 
လက်ရှိကာလတွေမှာ အလုပ်သမားတွေက အခွင့်အရေးချိုးဖောက်ခံရမှုတွေက  အဆိုးဆုံးအခြေအနေတွေမှာ ရှိနေတာဖြစ်တာကြောင့်  အချိန်ပိုကြေးမရဘဲ အချိန်ပိုဆင်းပေးရခြင်း၊  စံချိန်အဆမတန်တိုးတောင်းခြင်း၊  နေ့စားလရှင်းအဖြစ်နဲ့သာလုပ်ကိုင်ရပြီး လူမှုဖူလုံရေးခံစားခွင့်တွေမရရှိခြင်းတွေအပြင်  လုပ်ငန်းခွင် အတွင်းဆဲဆိုကြိမ်းမောင်းခိုင်းစေခြင်းတွေကို  အများဆုံးကြုံတွေ့လာရတာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026