NEWS

လုပ်ငန်းခွင်မှာ ခွင့်ခံစားခွင့်တွေမရရှိတဲ့ အတွက် ဖြေရှင်းပေးစေလိုတယ်လို့ MYARNAK ရော်ဘာထုတ်စက်ရုံအလုပ်သမားတွေတောင်းဆို

CoverLogo
1.5K Views

ရန်ကုန်တိုင်း သန်လျှင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန် ဇုန် အေမှာ ဖွင့်လှစ်ထားတဲ့ MYARNAK  ရော်ဘာ စက်ရုံမှာ ခွင့်ခံစားခွင့်တွေမရှိတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ  အလုပ်သမား ၂၉၀ ကျော်ရှိပြီး ဂျပန်နိုင်ငံသားလုပ်ငန်းရှင်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရဲ့ ခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့် နဲ့ လူမှုဖူလုံရေးဆေးခွင့်တွေယူပါက စနေနေ့ အိုတီ ၄ နာရီစာကို ဖြတ်တောက်တာ သို့မဟုတ် တနင်္ဂနွေ ပိတ်ရက်ခကို ဖြတ်တောက် ပစ်တာတွေပြုလုပ်တဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို သန့်ရှင်းရေး လုပ်ခိုင်းတာနဲ့ သန့်ရှင်းရေးဝန်ထမ်းလုံလောက်စွာခန့်မထားတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေကို ဌာနအလိုက် အလှည့်ကျ သန့်ရှင်းရေးလုပ်ခိုင်းတယ် စက်ရုံထဲမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် ဆေးခန်းနဲ့ဆေး စီစဉ်ပေးထားတာမရှိဘူး ပြီးတော့ အလုပ်ချိန်က ၇ နာရီ ၃၀ ဆိုပေမယ့် မိနစ် ၂၀ ထဲက အလုပ်ထဲဝင်ပြီး အစည်းအဝေးတက်ရတယ် ဒါက အလုပ်ချိန်ထဲမှာပါရင် အလုပ်ချိန်ထဲမှာပဲ လုပ်ရမှာလေ" လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကပြောပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို သက်ဆိုင်ရာအလုပ်သမားရုံးကို တိုင်ကြားဖို့ အခက်တွေ့နေရတာကြောင့် အမည်ထုတ်ဖော်ပြောဆိုလိုခြင်းမရှိဘူး လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"လစာထုတ်ပေးရင် ထမင်းစားနားချိန်မှာထုတ်ပေးတော့ လစာထုတ်ကာနီးရင် ထမင်းမစားရဘဲ စောင့်ရတယ် တခါတလေ နောက်လမှ ပေါင်းပေးတာမျိုးတွေလည်း ရှိတယ်" လို့ လက်ရှိကြုံနေရတဲ့ အခြေအနေကို ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံမှုတွေရှိနေပြီး အမှိုက်ပစ်ပေးရတာ သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးတွေပါ ကြုံတွေ့နေရတယ်လို့ ယင်းစက်ရုံထဲမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

အခုလိုလုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်မရှိတာ ခွဲခြားဆက်ဆံတာနဲ့ ရာထူးနှင့်မသက်ဆိုင်သည့် အလုပ်များခိုင်းစေတာ ၊ အလုပ်ချိန် ထက်စောပြီး လုပ်ငန်းခွင်ထဲဝင်ရတာ စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အပေါ် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026