NEWS

လုပ်ငန်းခွင်ထဲမှာ စတုတ္တအကြိမ်မြောက် ဖွဲ့စည်းထားတဲ့ သမဂ္ဂဥက္ကဌပါ အဖွဲ့ဝင် ၄ ဦးအလုပ်ထုတ်ခံရ

CoverLogo
1.8K Views

အာဏာသိမ်းစစ်ကောင်စီက အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးထားတယ်လို့ ကြေညာထားပေမယ့် လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းတိုင်း အလုပ်ထုတ်ခံရလို့ အခုအကြိမ် သမဂ္ဂအဖွဲ့ကို ဖြိုခွင်းခံရတာ  ၄ ကြိမ်မြောက်ရှိပြီလို့ Top Line စက်ရုံက အလုပ်သမားတွေကပြောပါတယ်။

"အလုပ်ထုတ်ခံရတာက သမဂ္ဂခေါင်းဆောင်တွေပေါ့  ဥက္ကဌအပါ အဖွဲ့ဝင် ၃ ယောက်နဲ့ ပေါင်း ၄ ယောက်စလုံးကိုထုတ်လိုက်တယ် ထုတ်တဲ့နေရာမှာ နစ်နာကြေးတွေပေးမယ်ပြောတာ ဒါက စက်ရုံမှာ ၄ ဆက်မြောက်သမဂ္ဂဖြစ်သွားပြီပေါ့ ၆ လလောက်ပဲကြာသေးတယ် ရှေ့ကအဖွဲ့အထုတ်ခံရတာ ဟိုတနေ့က ခေါ်ပြီးညှိတယ်တော့ ပြောတယ် ညှိမရလို့ အလုပ်တန်းထုတ်လိုက်တာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ အဓိကအနေနဲ့  Selene, SMOG စတဲ့အမှတ်တံဆိပ် အတွင်းခံအထည်တွေကို ချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ယင်းကဲ့သို့ အလုပ်သမားအဖွဲ့အစည်း ဥက္ကဌ အပါ ၄ ဦးကို အလုပ်ထုတ်တာဟာ စက်ရုံမှာအော်ဒါနည်းနေတာကြောင့် လို့ စက်ရုံဘက်က အကြောင်းပြပေမယ့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ သက်ဆိုင်ရာရုံးတွေကို တိုင်ကြားကာ အလုပ်ပြန်ရသည့်အထိ ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ ဉရောပ အမှတ်တံဆိပ်အထည်တွေကို ချုပ်လုပ်တာဖြစ်ပေမယ့် လုပ်သား ၆၀၀ မှာ ၃၀၀ က နေ့စား အဖြစ်လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

"နေ့စားတွေကို ဘယ်တော့မှ လစားအဖြစ်မခန့်ပေးနိုင်ကြောင်းအတင်းအကြပ်လက်မှတ်လိုက်ထိုးခိုင်းထားပါတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေ လည်း ရရှိတာအားနည်းနေပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လုပ်ကိုင်နေရပေမယ့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့  အလုပ်သမားတွေကပြောဆိုပါတယ်။ 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026