NEWS

လုပ်ငန်းခွင်ထိခိုက်မှုကိုတာဝန်မယူလို့ အလုပ်သမားဆေးကုသရန်ခက်ခဲနေ

CoverLogo
443 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်း၊ အမှတ် -  တွင်ဖွင့်လှစ်ထားသော  GTIG Guohua Glory Co,Ltd အထည်ချုပ်စက်ရုံ အနေဖြင့် ယင်းစက်ရုံဝန်းအတွင်း ထိခိုက် မှူ ကြုံခဲ့ရတဲ့ လုပ်သက် ၆ နှစ်ကျော်ရှိ  အလုပ်သမားကို တာဝန်ယူကုသရန်ဆက်လက်ငြင်းဆိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအလုပ်သမားဟာ  ၂၂.၇.၂၀၂၃ ရက်နေ့၊ ညနေ၄နာရီ ၃၀ မိနစ် အလုပ်ဆင်းချိန် ဖယ်ရီကားပေါ်သို့တက်ရောက်စဉ် အနောက်သို့  ပြုတ်ကျခဲ့ပြီး ဦးခေါင်းထိခိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံကို *ဖူလုံရေးကြေး ကောက်ခံထားပြီး အလုပ်မလုပ်နိုင်သော  အလုပ်သမားအား ခွင့်မပေးခြင်း၊ ဆေးကုသ ပေးရန်တာဝန်မယူခြင်း၊ ရောဂါ လုံးဝ မပျောက်ကင်းဘဲ ရာခိုင်နှူန်းတွက်ချက်ပေးခြင်း၊ *မိမိစက်ရုံတွင်းဖြစ်သည့် ကိစ္စ အား တာဝန်ယူမှူမရှိခြင်း၊ * Bestseller brand မှ တာဝန်ခံ စက်ရုံတွင်းရှိနေသော်လည်း Brand မှ တာဝန်ယူမှူ မရှိခြင်းဆိုတဲ့ အဓိကအချက် ၃ ချက်ကို STUM ကထောက်ပြ ပြောဆိုထားတာတွေ့ရပါတယ်။ 

အဆိုပါ ထိခိုက်ခံရမှူကြောင့်ဖြစ်လာတဲ့ရောဂါကို ဆက်လက်ဆေးကုသမပေးဘဲ  ဖူလုံရေးမှထိခိုက်မှူ ရာခိုင်နှုန်း တွက်ချက်ပြီး ခွင့်သာပေးခဲ့တယ်လို့သိရပါတယ်။ 

အလုပ်သမားကသာ ခွဲစိတ်ကုသမှုခံယူကုသပြီး  လစဉ် ဆေးရုံသို့ သွားရောက်ပြသနေရပေမဲ့ အလူပ်ရှင်ကတော့ ကုသပေးဖို့ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ 

ယခုဖြစ်ရပ်သည် လုပ်ငန်းရှင်အနေဖြင့် မိမိလုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာသွားရသည့် အလုပ်သမားအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သလို နာမည်ကြီး BESTSELLER,UNITED COLORS OF BENETTON , VERO MODA စသည့်အမှတ်တံဆိပ်များကို ချုပ်သည့်စက်ရုံ ဖြစ်သော်လည်း ယခု ထိခိုက်မှူတွင်  တာဝန်ယူမှူ မတွေ့ရတာကြောင့် လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်သမား မ---- ၏ တောင်းဆိုမှုများရရှိရေး ကို ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။ 

စက်ရုံလုပ်ငန်းရှင်ဟာ လုပ်ငန်းခွင် အတွင်း ထိခိုက်မှူ ကို ထိရောက်သော ဆေးကုသမှူ နဲ့ နောက်ဆက်တွဲ လူမှူရေးတရားမျှတမှူများကို လုပ်ဆောင်ရန်ပျက်ကွက်သလို ထိခိုက်တဲ့အလုပ်သမားကိုလည်း  ခွင့်မပေးတော့တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီ ၆ရက် ရွှေပြည်သာ လူမှုဖူလုံရေးရုံးတွင် ခွင့်ထပ်မရသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဦးစီးမှူးအား သွားရောက်မေးမြန်းရာ ဦးစီးမှူးမှ "ခွင့်ကဘယ်လိုမှပေးလို့မရတော့ဘူး တခြားခွင့်လည်းမရှိတော့ဘူး ဘာမှလုပ်ပေးလို့မရတော့ဘူး"လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ 

အလုပ်သမားကခွင့်မရတဲ့ အတွက်ဖေဖော်ဝါရီ ၈ ရက် နေ့တွင် လုပ်ငန်းခွင်သို့သွားရောက်အလုပ်ဆင်းခဲ့ရာ စက်ရုံရဲ့ HR က အလုပ်သမားကို"စက်ရုံတွင်းဖြစ်သည့် ကိစ္စ မိမိတာဝန်သာ ဖြစ်သည်" ဟုဆိုကာ လက်မှတ်ထိုး ခိုင်းခဲ့ လို့ အလုပ်သမားမှ မထိုးဘဲ ငြင်းဆန် ခဲ့ရတယ်လို့ သိရပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026