NEWS

လုပ်ငန်းခွင်တွင်း ချိုးဖောက်ခံရမှုများကို ထုတ်ဖော် ပြောဆိုသူများကို အသိပေးရန် အလုပ်ရှင်ဘက် က ဖိအားပေးအကြပ်ကိုင်နေ

CoverLogo
503 Views
 
တရုတ်နိုင်ငံသားပိုင် ကျင့်မိန်အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်တွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အလုပ် သမားတွေက ထုတ်ဖော်ပြောဆိုတာနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်က တိုင်ကြားသူတွေကို ထုတ်ဖော်ပြောဆိုဖို့ အလုပ်သမားတွေကို ဖိအားပေးအကြပ်ကိုင်နေတယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။
 
ဒီစက်ရုံကို တရုတ်နိုင်ငံ၊ မန်စီမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၄၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ် နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ Macondo အမှတ်တံဆိပ် အပါးသားအနွေးထည်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“စက်ရုံထဲက ချိုးဖောက်မှုတွေကို တိုင်ကြားတဲ့ အလုပ်သမားတွေကိုပြောပါ။ ဘာမှမလုပ်ပါဘူးလို့ ပြောပါတယ်။ အလုပ်သမားတွေက ဘယ်သူတိုင်တာလဲ မပြောကြတော့ အလုပ်ရှင်က အော်စူပါတွေ၊ စူပါတွေကို တိုင်တဲ့သူကို ထုတ်မေးပေးဖို့ နေ့တိုင်းပြောနေပါတယ်။ နောက်ပြီး စက်ရုံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတစ်ယောက်ချင်းစီ ကို အရင်မြန်မာနိုင်ငံက ဘယ်စက်ရုံမှာ လုပ်ခဲ့လဲစာရင်းတွေကောက်တယ်။ နောက်ပြီး ပိုင်ရှင်က မြန်မာနိုင်ငံသွား ပြီး အလုပ်သမားတွေ အလုပ်လုပ်ခဲ့တဲ့စက်ရုံတွေမှာ သမဂ္ဂနဲ့ လုပ်ဆောင်ဖူးတာတို့၊ အလုပ်သမား အခွင့်အရေး သိတာတို့၊ ဆန္ဒပြဖူးတဲ့စက်ရုံတွေက အလုပ်သမားတွေပါလားဆိုတာ သွားစုံစမ်းနေပါတယ်။ အလုပ်ရှင်ဘက်က အဲဒီလိုလုပ်နေတော့ နောက်ဆက်တွဲဆိုးကျိူးတွေကိုလည်း အလုပ်သမားတွေက စိတ်ပူနေကြပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
ကျင့်မိန်စက်ရုံမှာ လုပ်ငန်းခွင်တွင်း အချိန်ပိုအိုတီတွေ အလွန်အကျွံ ခေါ်ယူတာ၊ အလုပ်ပိတ်ရက်တွေကို မပိတ် ပေးတာနဲ့ အစားအသောက် အဆင်မပြေတာစတဲ့ အခက်အခဲတွေကို အလုပ်သမားတွေက Myanmar Labour News ကို ပေးစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ပြီးခဲတဲ့ ဇန်နဝါရီလ (၂၆) ရက်က တရုတ်ရဲနဲ့ လုပ်ငန်းရှင်က လုပ်ငန်းခွင်ထဲ ရောက်လာပြီး ပိတ်ရက်တွေကိုလည်း ပိတ်ပေးမည်ဖြစ်ပြီး အချိန်ပိုအိုတီတွေကို လည်း ပုံမှန်အတိုင်းသာ ခေါ်ယူကာ အစားအသောက်ကိုလည်း ကောင်းမွန်စွာကျွေးပါ့မယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
 
“စက်ရုံဘက်က လုပ်ဆောင်ချက်တွေက အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထမင်းစားတာက အစ အဆင်မပြေဘူး။ လက်ဆေး၊ ပန်ကန်ဆေး ပို့တောင် နေရာ အလုံအလောက်မရှိဘူး။ အထည်စံချိန်ကို တနာရီကို ၅ဝ တောင်းတယ်။ အခုနောက်ပိုင်းဆို ၆၀ ချုပ်ရတယ်။ အလုပ်သမားအဖွဲ့တွေ စက်ရုံကို လာစစ်တော့ တနင်္ဂနွေနေ့ကို ပိတ်ပေးမယ်ဆိုပြီး၊ အခုတော့ မပိတ်ပေးတော့ဘူး။ မဖြစ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းတာက လိုင်းသားတွေ အတွက် အဆင်မပြေဘူး ။ပြီးတော့ ဂရိတ်ကြေးကိုခွဲခြားပေးပါတယ်။ လစာလည်း မကောင်းပါဘူး၊ စံချိန်တောင်း တာလည်း မတူပါဘူး။ အထည်စံချိန်မပြည့်ရင် အချိန်ပိုအိုတီကြေးမရဘဲ ညနက် ၁၁ ၊ ၁၂ နာရီအထိ ဆင်းရပါတယ်။ အလုပ်သမားတွေ အိပ်ရေးမဝတော့ မျက်တွင်း ဟောက်ပတ်နဲ့ အဆင်မပြေဖြစ်ရတယ်။ နေမကောင်းတာတောင် မဖြစ်မနေ ဆင်းရတယ်။ နောက်အိုတီကြေးမရဘဲ ဘယ်အလုပ်သမား မှ မလုပ်ချင်ကြဘူး။ အိုတီမဆင်းတာနဲ့ ၁၀၀ ဖြတ်မယ်လို့ အောစူပါက ပြောတယ်။ တရုတ်ဆရာတွေ မသိဘူး။ အောစူပါ၊ စူပါနဲ့ စကားပြန်တွေကလည်း ဆဲကြပါ တယ်။ ညနက် အချိန်ပိုအိုတီတွေ ဆင်းနေရတာက အဆင်မပြေဘူး။ အထည်စံချိန်မပြည့်ဘူး ရင် ပြန်လို့မရဘူး။စက်ရုံက စနေတွေ၊ တနင်္ဂနွေ ဆိုတာတွေကို သူတို့မသိဘူး။ ပုံမှန်ဆို ၆ နာရီခွဲဆို ပြန်လွှတ်တယ်။ အခုတော့ အထည်စံချိန်မပြည့်ဆိုတာနဲ့ မပြန်ရတာပါ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ အလုပ်ရှင်ဖက်က လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောကြားသူတွေကို လိုက်လံစုံစမ်းနေတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်နေတာဖြစ်ပြီး အခုလို အကြပ်ကိုင်တာမျိုး မလုပ်ဖို့ အလုပ်သမားတွေက လိုလားနေတာ ဖြစ်ပါတယ်။
 
စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ထပ်မံဆက်သွယ် အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းကနေ တရုတ်နိုင်ငံကို သွားရောက်လုပ်ကိုင်သူ များလာပြီး လုပ်ငန်းခွင် တွင်း အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေ ဆီက စုံစမ်းသိရှိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026