NEWS

လုပ်ငန်းခွင်ဆိုင်ရာ အခက်တွေ့နေတဲ့ဝန်ထမ်းများရဲ့ပေးစာ

CoverLogo
1.4K Views

နိုင်ငံရေးကို အခွင့်ကောင်းယူပြီး ဝန်ထမ်းတွေကို ခေါင်းပုံဖြတ် နိုင်ထက်စီးနင်းလုပ်နေတဲ့ ကုမ္ပဏီတစ်ခုအကြောင်း တိုင်ကြားချင်ပါတယ်။

ကိုယ်တိုင်လည်း အဲ့ဒီက ဝန်ထမ်းပါ
DigitalMarketing.com.mm ဆိုတဲ့ Digital Marketing Agency ဖြစ်ပါတယ်။

အာဏာသိမ်းမှုစဖြစ်တုန်းကလည်း ဝန်ထမ်းတွေ ဆန္ဒပြတာတွေ၊ Profile Change တာတွေ၊ နိုင်ငံရေး Post တွေ Share တာတွေကအစ ကုမ္ပဏီကို ထိခိုက်မှာစိုးလို့ဆိုပြီး တင်ထားတာတွေဖျက်ပစ်ခိုင်းတာမျိုး ပြောတဲ့အတိုင်းမလုပ်ရင် အလုပ်ထွက်ဆိုတာမျိုးတွေထိ လုပ်ဖူးတယ်လို့  သိရပါတယ်။

အခုအလုပ်တွေပြန်စပြီး ဝန်ထမ်းတွေလည်းအများကြီးခေါ်ပြီး လစာကိုလည်း ပေးချင်သလိုပေးပါတယ်။ အခုလိုကာလမှာ အလုပ်ခေါ်ပေးနိုင်တာ သူတို့ပဲရှိတယ်ဆိုပြီး လုပ်ချင်သလိုကိုလုပ်ပါတယ်။

ဝက်ဆိုဒ်တွေ e-commerce တွေကိုတောင် အလကားပေးပြီး မားကတ်တင်းတွေဆင်းတာ Project တွေလည်းအများကြီးရပြီး ဝင်ငွေတွေလည်း အများကြီးရတာတောင် ဝန်ထမ်းတွေကို လစာပေးချင်သလိုပေးတယ် မကျေနပ်ရင်ထွက်ဆိုတဲ့ ပုံစံမျိုးတွေလုပ်ပါတယ်။

မားကတ်တင်းတွေ အသားကုန်လုပ်ပြီး ရှေ့မှာတော့ ကောင်းပြသလိုနဲ့ ညီမတို့ဝန်ထမ်းတွေမှာတော့ အလုပ်တွေမနိုင်မနင်းဖြစ်နေလည်း ဝန်ထမ်းတွေဘက်ပြန်မကြည့်ပါဘူး မလုပ်နိုင်ရင်ထွက်ပါတဲ့။

ဒီနေရာကနေ ထပ်ပြီးအသိပေးချင်တာက project တွေကို မရခင်မှာသာ မရရအောင် အသည်းအသန်လိုက်ပြီး ရသွားပြီးရင် လှည့်မကြည့်ဘဲ ပစ်ထားလို့ Client တွေရဲ့ မကျေနပ်တာတွေ ပြဿနာတွေဖြစ်လာရင်လည်း အကြီးပိုင်းတွေက ခေါင်းရှောင်ပြီး ဝန်ထမ်းတွေကိုသာ ထိုးချတတ်ပါတယ်။

အလကားပေးတယ်ဆိုတိုင်းလည်း အသိမမှားစေချင်လို့ပါ ဒီအချိန်မှာ ငွေကြေးအဆင်မပြေကြလို့ အလုပ်အဆင်ပြေအောင် အလုပ်အပ်ကြတာကို ငွေယူထားပြီး မသိချင်ယောင်ဆောင်တာကြောင့် အလုပ်အပ်သူတွေပါ စိတ်ညစ်ကြရတာတွေလည်းရှိပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခွင့်ရက်ခံစားခွင့်တွေလည်း မရပါဘူး။

နေမကောင်းလို့ ခွင့်တိုင်ပြီး အလုပ်ခွင့်ယူရင်တောင် ခွင့်ပေးတဲ့အခါပေးပြီး မကျေနပ်တဲ့ပုံစံမျိုးတွေလုပ်ပါတယ်။

အလုပ်ချိန်ကလည်း ၁၀ နာရီ ၄ နာရီလို့ ကြေညာထားပေမယ့် ညမိုးချုပ်တဲ့အထိ အလုပ်တွေလုပ်ပေးရလည်း အကောင်းပြောမခံရပါဘူး။

EC စာချုပ်ကိုလည်း ချုပ်မယ်ဆိုပြီးပြောပါတယ် ဒါပေမယ့် တကယ်ချုပ်မယ့်ဆီကို မရောက်ပါဘူး။

EC စာချုပ်မလုပ်ပေးတော့ လူမှုဖူလုံရေးကတ်ဆိုတာလည်း အဝေးကြီးပါပဲ။

တခါတလေ ည ၁၀ နာရီ ၁၁ နာရီထိလုပ်ရလည်း ဘာအိုတီမှ မပေးပါဘူး။ တခါတလေ ပိတ်ရက်တွေပါ အိမ်ကအလုပ်လုပ်ပေးရပါတယ်။ လုပ်သက်ကတော့ ၄ လပါရှင့် ဝန်ထမ်းတွေအကုန်လုံးနီးပါးကလည်း ၂ လ ၃ လ တွေပဲရှိပါတယ်။

လုပ်သက်ကြာနေတဲ့သူ တွေမှာလည်း EC စာချုပ်တွေမရှိပါဘူး။သူတို့က ဝန်ထမ်းတွေကို နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး အလုပ်သမားဉပဒေကို လက်တလုံးခြားလုပ်နေတာပါ

ရှေ့လကပဲ HR က အမ အလုပ်ထွက်သွားပါတယ်။

သူထွက်သွားတဲ့အကြောင်းရင်းကလည်း ဝန်ထမ်း ၁၀ ယောက်ကို ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်ထုတ်ခိုင်းပါတယ်။

HR အမက အလုပ်သမားအခွင့်အရေးကိုချိုးဖောက်တယ်ပြောလို့ မလုပ်ရင် ထွက်ဆိုပြီး သူ့ကိုပါ ထုတ်လိုက်ပါတယ်
စုစု​ပေါင်း ၀န်ထမ်းအင်အားက​ ၅၀ ကျော်ပါတယ်။

၅၀ ကျော်မှာ လစာပြဿနာတွေကြုံနေရတာ ၄၀ လောက်ရှိပါတယ်။

စက်တင်ဘာလတုန်းကလည်း လစာမပေးတဲ့ကိစ္စနဲ့ ဝန်ထမ်းတွေ တပြုံကြီး အလုပ်ထွက်ကြရပါသေးတယ်။

ဝန်ထမ်းတစ်ဦး


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026