NEWS

လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုမှု ပြုလုပ်တဲ့ အလုပ်သမားတွေကို ဖိနှိပ်ဆက်ဆံမှု ပိုမိုလုပ်ဆောင်လာ

CoverLogo
501 Views
 
တရုတ်နိုင်ငံပိုင် LITA MYANMAR Co.,ltd မှာ အလုပ်သမားတွေ လုပ်ငန်းခွင်တွင်း တောင်းဆိုမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ ဖိနှိပ်ဆက်ဆံတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။
 
ဒီစက်ရုံကိုတော့ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၄) မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၇၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
 
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အခွင့်အရေး ချိုးဖောက်တာ တွေ လုပ်ဆောင်နေပြီး BURTLE၊ coolcore၊ FORK&SPOON၊GLACIER၊ TSDESIGN၊ NIPPON STEEL၊ Samansa Mos2၊ Urban Research Doors စတဲ့တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။
 
“စက်ရုံမှာ ဒီဇင်ဘာ (၂၃) ရက်ကတော့ တောင်းဆိုချက် (၇) ချက်နဲ့ ကျွန်မတို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒါကို မန်နေဂျာနဲ့ စက်ရုံမှူးတရုတ်တွေက အငြိုးတေးထားပြီး အရင်ကထက်စံချိန်တွေကို မတရားဖိအားပေးပြီး တောင်း ပါတယ်။ "‌ေ-ာက်ဆံကျတော့ အလကားရမလားဆိုပြီး တိုးတောင်းတယ်။ အလုပ်ကြတော့ မလုပ်ချင်ကြဘူး"ဆိုပြီး နေ့တိုင်း ဆဲဆိုပါတယ်။ နောက်ပြီး အဓမ္မခိုင်းစေတာတွေလည်း လုပ်ပါတယ်။ ကိုယ့်ဌာနကနေ တစ်ခြားတစ်နေရာ ကိုသွားပြီး အလုပ်လုပ်ခိုင်းပါတယ်။ တစ်ခြားဌာနမှာ အလုပ်က မကျွမ်းကျင်တော့ သူတို့တောင်းသလောက်စံချိန် လည်း မပေးနိုင်ပါဘူး။ အဲဒါကို အဆင်မပြေတာပြောတော့လည်း ဆဲပါတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်တွင်းမှာ အိမ်သာ သန့်ရှင်းမှုမရှိသလို ယောင်္ကျားလေးအိမ်သာဘက်ခြမ်းမှာ မီးမရတာ၊ အိမ်သာအနံ့ က ထမင်းစားဆောင်ထိရောက်ပြီး အလုပ်သမားတွေအတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်နေပါတယ်။
 
ဒါ့အပြင် အချိန်ပိုအိုတီတွေကို အလွန်အကျွံ ခေါ်ယူနေပေမယ့် ဖယ်ရီကားကို ရွှေပေါက်ကံလမ်းကြောင်းတစ်ခုနဲ့ ရွှေပြည်သာ ထဲက တချို့နေရာတွေကိုသာ အကြိုအပို့လုပ်ပေးတာကြောင့် အလုပ်သမားတွေဟာ အချိန်ပိုလုပ်အားခကို သွား လာစရိတ်အတွက် ပြန်လည်အသုံးပြုနေရတာပဲ ဖြစ်ပါတယ်။
 
“အချိန်ပိုအိုတီတွေက တစ်လကို တနင်္ဂနွေတွေ နှစ်ပတ်၊ သုံးပတ်လောက်ထိ ဆင်းရပါတယ်။ စက်ရုံအတွင်းထဲ တစ်နေ့တစ်နေ့ အထည်အပ်တဲ့ဧည့်သည်တွေလည်း လာလာနေပြီး အလုပ်သမားတွေရဲ့ အခက်အခဲကိုမြင်ပေမဲ့ သူတို့အထည်ကောင်းဖို့ကိုဘဲ ကြည့်ပြီးပြန်သွားကြပါတယ်။ အရင်ကတည်းက ဆေးခွင့်၊ ရှောင်တခင်ခွင့်တွေ မရှိဘဲနဲ့ အခုထိကို ခွင့်တိုင်ပေမယ့်လည်း ရက်ပျက်ရင် ဒေးကြေး ၇၈၀၀ကျပ်၊ ရက်မှန်ကြေး ၁၂၅၀၀ကျပ် တစ်ဘောစာ ဖြတ်တောက်နေပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်တာနဲ့ အလုပ်သမားတွေကိုလည်း အကျဥ်းသားလို ဆက်ဆံနေပါတယ်။ သန့်ရှင်းရေးဝန်ထမ်းတွေကိုလမ်းပေါ်ထွက်ပြီးအမှိုက်ကောက်ခိုင်းတာ၊ မြေတူးခိုင်းတာတွေ လည်း လုပ်ခိုင်းပါတယ်။ အရင်ဆိုအပြင်က ခေါ်ခိုင်းတာကို အခုအပြင်ကခေါ်မခိုင်းဘဲ သန့်ရှင်းရေးအန်တီတွေကို နေ့တိုင်းစက်ရုံပြင်ပက အမှိုက်တွေပါကောက်ခိုင်းပြီး မြေကြီးတွေပါညှိခိုင်းနေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ စက်ရုံအလုပ်သမားတွေက နစ်နာမှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီတောင်းခံထားတာပဲ ဖြစ်ပါတယ်။
 
အလုပ်သမား တွေအနေနဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေ ရရှိဖို့၊ အလုပ်သမားတွေ အသုံးပြုရတဲ့ အိမ်သာတွေကို မီးတပ်ဆင်ပေးဖို့နဲ့ သန့်ရှင်းမှုရှိအောင် လုပ်ဆောင်ပေးဖို့၊ အချိန်ပိုအိုတီ ခေါ်ယူပါက ဖယ်ရီမရတဲ့ အလုပ်သမားတွေအတွက် ဖယ်ရီ စီစဉ်ပေးဖို့၊ သန့်ရှင်းရေးအလုပ်သမားတွေကို စက်ရုံနဲ့ မသက်ဆိုင်တဲ့အလုပ်တွေ မခိုင်းဖို့၊ ဆန္ဒပြတောင်းဆိုမှု လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေကို ဖိအားပေးပြီး စံချိန်မတောင်းဖို့နဲ့ အလုပ်သမားတွေကို ဆဲဆိုတာ၊ ေ-ာက်နဲ့ ခိုင်းနှိုင်းပြောဆိုတာတွေမလုပ်ဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026